ယနေ့ခေတ် ကလေးတွေ လူငယ်တွေ သိပ်မသိတော့တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးဖွယ်ရာ အမူအကျင့်များ

တံခါးပိတ်တဲ့အခါ “ဂျိန်း” ခနဲ မြည်အောင်ပိတ်ကြတယ်။ ရေခဲသေတ္တာပိတ်တာကို “ဗိန်း” ခနဲ မြည်အောင် ပိတ်ကြတယ်။ထမင်းပေါင်းအိုး ပိတ်တာကိုလည်း “ဂျောင်း” ခနဲမြည်အောင် ပိတ်ကြတယ်။ အဲဒီလို အမူအကျင့်တွေဟာ အထိန်းအမ မရှိ၊ သတိမထားတဲ့ အောက်တန်းကျတဲ့ အမူအကျင့်ဖြစ်တယ်။

အိုးခွက်ပန်းကန်ဆေးတာ၊ ဟင်းရည်သောက်ပြီး ဇွန်းကိုပြန်ချတာတွေလည်း အသံမမြည်အောင် သတိထားရတယ်။ ဟင်းရည်သောက်တဲ့အခါမှာ သုရုသုရုအသံ မမြည်အောင် သောက်ရတယ်။ ထမင်းစားတဲ့အခါမှာလည်း စပုစပုအသံ မမြည်အောင် စားရတယ်။ မြည်ရင် အသံထွက်ရင် သူတပါးအထင်အမြင်သေးခံရတတ်တယ်။

စားပြီး လက်ဆေးတဲ့အခါ၊ ပလုတ်ကျင်းတဲ့အခါမှာ အသံမမြည်အောင်၊ နှလုံးပျို့စရာ၊ ရွံစရာ၊ မသတီစရာမဖြစ်အောင် ဆေးရကျင်းရတယ်။ ပြီးတော့ လူကြီးမိဘ ဆရာသမာတွေရဲ့ အိပ်ရာနေရာအပေါ်မှာ တက်မအိပ်ရဘူး။ ထိုင်ခုံ အခင်းတွေအပေါ် တက်မထိုင်ရဘူး။ အိပ်ယာခေါင်းရင်းပိုင်းကို သွားတဲ့အခါ လေးဘက်တွားသွားရတယ်။ လမ်းလျှောက်တဲ့အခါမှာ ခြေသံမကြားအောင် လျှောက်တတ်ရတယ်။

ဖိနပ်စီးသွားရင်လည်း “ရှပ်ရှပ်” အသံမြည်အောင် ရှပ်တိုက်မသွားရဘူး။ လှည်းတဲ့ကျင်းတဲ့အခါမှာလည်း သတိထားရတယ်။ ဟင်းအိုးဟင်းခွက်တွေထဲ ဖုန်မဝင်အောင် အရင်ဖုံးဖိပြီး လှည့်ကျင်းရတယ်။ မြေကြီးအပေါ် လှည့်ကျင့်းတခါ လူသွားလူလာရှိရင် ရပ်တန့်ပေးရတယ်။ လက်ဆေးရေစတဲ့ ရေညစ်ရေဆိုးသွန်တဲ့အခါ အရပ်လေးပါး ဥပစာကို ကြည့်သွန်ရတယ်။

လူကြီးမိဘ ဆရာသမားတွေနဲ့ စကားပြောတဲ့အခါ၊ လျှောက်တင်တဲ့အခါမှာလည်း “ဘူး၊ တယ်” နဲ့ ထည့်ပြီး မပြောရဘူး။

ဥပမာ “မဟုတ်ဘူးဘုရား” လို့ မလျှောက်ရ။ “မဟုတ်ပါဘုရား” လို့ လျှောက်ရတယ်။ “ဟုတ်ပါတယ်ဘုရား၊ မှန်ပါတယ်ဘုရား” လို့ မလျှောက်ရ၊ “ဟုတ်ပါဘုရား၊ မှန်ပါဘုရား” လို့ လျှောက်ရတယ်။

“ပါ” နဲ့ လျှောက်ရ၊ ပြောရတယ်။ ရဟန်းသာမဏေတွေ ကျင့်သုံးရတဲ့ ဝိနည်းသိက္ခာအချို့ကို လူတွေလည်း လိုက်နာကျင့်သုံးသင့်တယ်။ အပြောဆို၊ အသွားအလာ၊ အနေအထိုင်၊ အမူအကျင့်တွေ အထက်တန်းကျဖို့၊ အဆင့်အတန်းမြင့်ဖို့အရာ အသေးအမွှားကလေးကအစ သတိပြုရတယ်။

ဒီကနေ့ခေတ် ကလေးတွေရဲ့ အမူအကျင့်တွေဟာ မြင်ရတာ သိပ်မကောင်းဘူး။ လူကြီးမိဘများက ဖြစ်ကတတ်ဆန်း တော်ရိလျှော်ရိနေရင် ကလေးများတွေကလည်း ဒီအတိုင်းသာ ဖြစ်နေလိမ့်မယ်။

သားသမီးမကောင်း မိဘခေါင်းဆိုတဲ့အတိုင်း လက်ဦးဆရာများဖြစ်တဲ့ လူကြီးမိဘများက ကြပ်ကြပ်မတ်မတ် နည်းလမ်းကျနအောင် သွန်သင်ပြသဖို့လိုတယ်။

မြသိန်းတန်အရှင်

တံခါးပိတ္တဲ့အခါ “ဂ်ိန္း” ခနဲ ျမည္ေအာင္ပိတ္ၾကတယ္။ ေရခဲေသတၱာပိတ္တာကို “ဗိန္း” ခနဲ ျမည္ေအာင္ ပိတ္ၾကတယ္။ထမင္းေပါင္းအိုး ပိတ္တာကိုလည္း “ေဂ်ာင္း” ခနဲျမည္ေအာင္ ပိတ္ၾကတယ္။ အဲဒီလို အမူအက်င့္ေတြဟာ အထိန္းအမ မရွိ၊ သတိမထားတဲ့ ေအာက္တန္းက်တဲ့ အမူအက်င့္ျဖစ္တယ္။

အိုးခြက္ပန္းကန္ေဆးတာ၊ ဟင္းရည္ေသာက္ၿပီး ဇြန္းကိုျပန္ခ်တာေတြလည္း အသံမျမည္ေအာင္ သတိထားရတယ္။ ဟင္းရည္ေသာက္တဲ့အခါမွာ သု႐ုသု႐ုအသံ မျမည္ေအာင္ ေသာက္ရတယ္။ ထမင္းစားတဲ့အခါမွာလည္း စပုစပုအသံ မျမည္ေအာင္ စားရတယ္။ ျမည္ရင္ အသံထြက္ရင္ သူတပါးအထင္အျမင္ေသးခံရတတ္တယ္။

စားၿပီး လက္ေဆးတဲ့အခါ၊ ပလုတ္က်င္းတဲ့အခါမွာ အသံမျမည္ေအာင္၊ ႏွလုံးပ်ိဳ႕စရာ၊ ႐ြံစရာ၊ မသတီစရာမျဖစ္ေအာင္ ေဆးရက်င္းရတယ္။ ၿပီးေတာ့ လူႀကီးမိဘ ဆရာသမာေတြရဲ႕ အိပ္ရာေနရာအေပၚမွာ တက္မအိပ္ရဘူး။ ထိုင္ခုံ အခင္းေတြအေပၚ တက္မထိုင္ရဘူး။ အိပ္ယာေခါင္းရင္းပိုင္းကို သြားတဲ့အခါ ေလးဘက္တြားသြားရတယ္။ လမ္းေလွ်ာက္တဲ့အခါမွာ ေျခသံမၾကားေအာင္ ေလွ်ာက္တတ္ရတယ္။

ဖိနပ္စီးသြားရင္လည္း “ရွပ္ရွပ္” အသံျမည္ေအာင္ ရွပ္တိုက္မသြားရဘူး။ လွည္းတဲ့က်င္းတဲ့အခါမွာလည္း သတိထားရတယ္။ ဟင္းအိုးဟင္းခြက္ေတြထဲ ဖုန္မဝင္ေအာင္ အရင္ဖုံးဖိၿပီး လွည့္က်င္းရတယ္။ ေျမႀကီးအေပၚ လွည့္က်င့္းတခါ လူသြားလူလာရွိရင္ ရပ္တန္႔ေပးရတယ္။ လက္ေဆးေရစတဲ့ ေရညစ္ေရဆိုးသြန္တဲ့အခါ အရပ္ေလးပါး ဥပစာကို ၾကည့္သြန္ရတယ္။

လူႀကီးမိဘ ဆရာသမားေတြနဲ႔ စကားေျပာတဲ့အခါ၊ ေလွ်ာက္တင္တဲ့အခါမွာလည္း “ဘူး၊ တယ္” နဲ႔ ထည့္ၿပီး မေျပာရဘူး။

ဥပမာ “မဟုတ္ဘူးဘုရား” လို႔ မေလွ်ာက္ရ။ “မဟုတ္ပါဘုရား” လို႔ ေလွ်ာက္ရတယ္။ “ဟုတ္ပါတယ္ဘုရား၊ မွန္ပါတယ္ဘုရား” လို႔ မေလွ်ာက္ရ၊ “ဟုတ္ပါဘုရား၊ မွန္ပါဘုရား” လို႔ ေလွ်ာက္ရတယ္။

“ပါ” နဲ႔ ေလွ်ာက္ရ၊ ေျပာရတယ္။ ရဟန္းသာမေဏေတြ က်င့္သုံးရတဲ့ ဝိနည္းသိကၡာအခ်ိဳ႕ကို လူေတြလည္း လိုက္နာက်င့္သုံးသင့္တယ္။ အေျပာဆို၊ အသြားအလာ၊ အေနအထိုင္၊ အမူအက်င့္ေတြ အထက္တန္းက်ဖို႔၊ အဆင့္အတန္းျမင့္ဖို႔အရာ အေသးအမႊားကေလးကအစ သတိျပဳရတယ္။

ဒီကေန႔ေခတ္ ကေလးေတြရဲ႕ အမူအက်င့္ေတြဟာ ျမင္ရတာ သိပ္မေကာင္းဘူး။ လူႀကီးမိဘမ်ားက ျဖစ္ကတတ္ဆန္း ေတာ္ရိေလွ်ာ္ရိေနရင္ ကေလးမ်ားေတြကလည္း ဒီအတိုင္းသာ ျဖစ္ေနလိမ့္မယ္။

သားသမီးမေကာင္း မိဘေခါင္းဆိုတဲ့အတိုင္း လက္ဦးဆရာမ်ားျဖစ္တဲ့ လူႀကီးမိဘမ်ားက ၾကပ္ၾကပ္မတ္မတ္ နည္းလမ္းက်နေအာင္ သြန္သင္ျပသဖို႔လိုတယ္။

ျမသိန္းတန္အရွင္

Add a Comment

Your email address will not be published. Required fields are marked *