ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
ကျောက်သင်ပုန်း သည် မြန်မာတို့၏ စာပေသင်ကြား ရာတွင် အသုံးပြုသည့် မှတ်သားတွ က်ချက်ရသော ကျောက်သားနှင့်ပြုလုပ်ထားသည့် အရာဖြစ်သည်။
တခေတ်တ စ်ခါက မြန်မာပြည်၏ စာပေသင် ကြားရေးတွင် မပါမဖြစ် ပါရှိခဲ့သော်လည်း ယနေ့ခေတ်အ ခါတွင်တော့ သုံးစွဲသူနည်းပါးလာမှုကြေင့် မြင်တွေ့ရဖို့ ခက်သွားပြီဖြစ်သလို ထုတ်လုပ်သူ များမှာလည်း မရှိသလောက် နည်းပါးသွား ပြီဖြစ်သည်။ ကျောက် သင်ပုန်းသမိုင်းအစ –
ကျောက်သင်ပု န်းနှင့် ကျောက်တံများ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိ န်းဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ ကျောက်သင်ပုန်းကို စတင်ပြုလု ပ်ခဲ့သည် ထိုအချိန်က စက်မပေါ်သေး၍
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း ၅ချပ်သာပြီး၏။ တစ်ဖြည်းဖြည်းနှင့် တခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း ပြုလုပ်ကြကြောင်းကို သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင်ညကျောက်များကို ခွာယူ၍
စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်းဖြစ်လာသည်။ ၁၉၅ဝခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲ တွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည် မွန်တို့၏ လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်းလုပ်ငန်းသည်
ကျော်ကြားခဲ့သည်။ ထုတ်လုပ်ပုံ- ကျောက်သင်ပုန်း ကျောက်များကို မုဆိုးမတောင် အနီးတစ်ဝိုက်တောင်များမှ တူးယူရရှိသည်။ မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး တောင်ပေါ်ကနေ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်
ကျောက်သင်ပုန်း ကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ရသော်လည်း အခုဆိုလျှင် တွင်းအနက်ကြီးတူးပြီး ယူရသည်။ တွင်းများကို တည့်တည့် တူးလို့မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။ (အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်တိုင် ထွန်းလို့မရပါ
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
မီးချောင်းများထွန်းပြီး ဆင်းရသည်။) လေမဝင်(အောက်ဆီဂျင် မရ)ပါက သင်ပုန်းကျောက်တူးသူများ အသက်ဆုံးရှုံးကြပါလိမ့်မည်။ လှေးခါး အဆင်းတွင်သာ မီးချောင်းများထွန်းပြီး၊ တူးသည့်နေရာတွင် ဖယောင်းတိုင်ကိုသာ ထွန်းပါသည်။ (အောက်ဆီဂျင် ရ၊ မရ သိရှိရန်အတွက်ဖြစ်သည်။)
တစ်ချို့တူးနေကြသော တွင်းများသည် ပေ ၂၀ဝအထိ နက်သည့်အတွက် အောက်ခြေမှာ ရေများစိမ့်ဝင်သည်။ ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကိုခြစ်ထုတ်ရသည်၊ ခြစ်ထုတ်ပြီး ကျောက်များကိုတူးရသည် ကျောက်များကို
အတုံးလိုက် အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့တင်ရသည် တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။ အလွှာလိုက် အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစားအလိုက် ၈လက်မ ၆လက်မ၊ ၇ လက်မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။
ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။ ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန် ညီအောင် ညှိပေးရသည် ပြီးလျှင် စက်နဲ့တစ်ခါ ပြန်ချောပေးရသည် ထို့နောက် ရေနှင့်ဆေး၊ နေပူလှန်း၊ ဆေးသုတ် အခြောက်ခံရသည်
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
ပြီးလျှင် ဘောင်သွင်းရသည်။ ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ (ဝါး သို့မဟုတ် သစ်မာသားဖြင့် သစ်ပွသားဘောင်၏ အဆက်ထောင့်များတွင် စို့ရိုက်ထိန်း ချုပ်ပေးရခြင်း ဖြစ်နိုင်ပါသည်
သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ဖြန့်ကြသည်။ ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်။ ။ ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်မှာ- (၁) ကျောက်တွင်းမှ တူး၍ရသော ကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့
ပို့ဆောင်ပေးရသည် (၂) ၎င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓားဖြ င့် ခွဲထုတ်ရသည်။ (၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အ စားအလိုက် ညှပ်ပေးရသည်။
(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်း အငယ်ဆုံးအရွယ် အစားအထိ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံ ကျောက်ဖြစ်သွားသည်။ (၅) ထိုခေတ်က အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ်
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
၁၅ဝ ပါတစ်ထမ်းကို ၂ကျပ် ၅ဝပြားနှုန်းဖြင့် ပို့ပေးရသည်။ (၆) ကျောက်ပြားများကို လက်သမားကိုင် ရွေးဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀ဝလျှင် ၁ဝကျပ်နှုန်းဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀ဝ မှ
၃၀ဝ အထိပြီးသည်။ (၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာညှပ်ပေးရသည် ညှပ်ခမှာ ၁၀ဝလျှင် ၁ကျပ်နှုန်းဖြစ်သည် (၈) ညှပ်ပြီး ကျောက်များကို စက်လုပ်သားများက လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့်
ပွတ်ပေးရသည် “ကျောက်ပွတ်ခမှာ ၁၀ဝလျှင် ၁၂ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀ဝအထိပြီးသည်။ စက်ရှင် ၉ကျပ် ၅ဝပြားရ၍ လုပ်သားက ၂ကျပ် ၅ဝပြားရသည် (၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀ဝလျှင် ၁ကျပ်နှုန်းဖြစ်သည်။
သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍လှမ်းပေးရပါသည် (၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများကယူပြီး ဘောင် ၂၀ဝလျှင် ကျောက်သင်ပုန်း ၁၀ဝရသည်။ ဘောင်တပ်ခမှာ ကျောက်သင်ပုန်း ၁၀ဝလျှင် ၁၅ ကျပ်နှုန်းဖြစ်၍ တစ်နေ့လျှင် ဘောင် ၂၅ဝထိပြီးနိုင်သည်။
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
(ယနေ့ခေတ်တွင်တော့ ဆိုင်းပုဒ်အရွယ်အစား ကျောက်သင်ပုန်းကြီးတချပ်လျင် ၆၀၀၀၀ ကျပ်ဝန်းကျင်ထိ ကျသင့်ပြီး ဖုန်းအရွယ်အစား ကျောက်သင်ပုန်းတချပ်လျှင် ၅၀၀ ကျပ်ခန့် ဈေးနှုန်းရှိသည်ဟု သိရသည်)။ ကျောက်တံ ထုတ်လုပ်ပုံ အဆင့်ဆင့်- ကျောက်တံကို ကျောက်သင်ပုန်း
ထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တန်းနု၍ ကျောက်သားပွရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုက် အသေးများကိုသယ်၍ မညီလျှင် ရွေဘော်ထိုးပေးရသည်။
ရွေဘော်ထိုးပြီး ရေတစ်ညစိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချွန်ပေးရသည်။ အရင်က စက်နဲ့ချွန်၍ အခုမှာ ကော်ပတ်နှင့် အဆင်ပြေ၍ ကော်ပတ်နှင့် ချွန်ကြသည်။ ကော်ပတ်စားပြီးလျှင်တော့ ၆လက်မ ၈လက်မအရွယ်ဆိုဒ်များ ဖြတ်ရသည်။
ဆေးပြီး အခြောက်လှန်းကာ အမဲရောင်ဆေး ဆိုးပေးရသည်။ မန္တလေးကိုတင်ပို့လျှင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီး၊ မွန်ပြည်နယ်မှာ တင်ရောင်းလျှင် တစ်စည်းကို အချောင်းတစ်ရာစီ စည်း၍ ဖောက်သည်သွင်းရသည်။ ဈေးကွက် -ဈေးကွက်မှာ ပုံမှန်ဈေးကွက်ဖြစ်သည်
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
ကျောက်ပြားများ အထွက်နည်းလာသောကြောင့်၊ သုံးစွဲသူ နည်းသွားသောကြောင့် ထုတ်ကုန်နဲ့ ရောင်းကုန် မျှတနေသည်။ ကျေးရွာမူလတန်း ကျောင်းများနှင့် မြန်မာပြည် အထက်ပိုင်းတွင်မူ ဆက်လက်သုံးစွဲနေကြသေးသည်။ မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်
မုဒွန်း၊ ကျောက်သင်ပုန်းရွာမှာရှိတဲ့ သင်ပုန်းတောင်က ကျောက်သင်ပုန်းထုတ်လုပ်နိုင်တဲ့ ကျောက်သား ရှားပါးလာခဲ့သည့်အပြင် ကျောက်သင်ပုန်းအသုံးပြုမှုနည်းပါးခြင်း သစ်သားဘောင် ဈေးကြီးမှု၊ အလုပ်သမားခ ဈေးကြီးမှု စသည်တို့ကြောင့် ကျောက်သင်ပုန်းလုပ်ငန်းအများစု
ရပ်နားခဲ့ရသည် လက်ရှိအချိန်တွင် ကျောက်သင်ပုန်းလုပ်ငန်းလုပ်ကိုင်သူ ဆယ်ဂဏန်းသာ ကျန်ရှိတော့ပြီး ထိုသူများမှာ လုပ်ငန်းပြောင်းရွှေ့ရန် အခြေအနေမပေးသူများနှင့် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ခြင်းကို ထိန်းသိမ်းလိုသူများသာ ဖြစ်သည်။ မုဒွန်းကျောက်သင်ပုန်းလုပ်ငန်းကို
ယနေ့ခေတ်လူငယ်များကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ကျောက်သင်ပုန်းသမိုင်း
နိုင်ငံခြားသားများ၊ ပြည်တွင်း ခရီးသွားသူများ စိတ်ဝင်စား လျှက်ရှိပြီး လာရောက်လေ့လာသူများလည်းရှိတတ်သ ည်။ အခုအခါ ကျောက်သင်ပုန်း သုံးစွဲသူနည်းသွားသော်လည်း မွန်တို့၏လက်မှုပညာတစ်ခုဖြစ်သည့် ကျောက်သင်ပုန်း လုပ်ငန်းသည် တည်ရှိနေဦးမည်ဖြစ်သည်။ ဒေါ်ခင်မြ (ကထိက)၏ မော်လမြိုင် ဆရာအတတ် သင်သိပ္ပံ ။
ခရက်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *