မြန်မာ ငွေစက္ကူ များ ရိုက်နှိပ် ထုတ်ေ၀ တဲ့ စက်ရုံ ကြီး (ဝါဇီ) အကြောင်း
ငွေစ က္ကူ များ ရို က်နှိပ်တဲ့ စက်ရုံ(ဝါဇီ) လုံခြုံေ ရးနှင့်ဆိုင်ေ သာ ပုံနှိပ်လုပ် ငန်းများစက်ရုံ (ဝါဇီ) ငွေစက္ကူ တွေရိုက်နှိပ်သော စက်ရုံပါ ဘယ်မှာရှိလဲ…? ဘယ်လိုသွား လို့ရသလဲ…? လူအတော်များ များ မသိကြပါ။ ဗဟုသုတဖြစ်ေ အာင် ပြောပြပေးပါမယ်… ဝါဇီဆိုတာက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၏ အရှေ့တောင်ဖက်ဖျားဆုံး တန့်ကြီးတောင် တောင်စွယ် ၏ တောင်ဖက် အစွန်ဆုံးတောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။
အဲဒီတော င်ကုန်း စက်ရုံ၏ ပါတ်လည် မိုင် ၂၀ အတွင်း မည်သည့် လူနေကျေးရွာ အိမ်မှ မရှိပါ။ ဧရာဝတီမြစ် အထက် ပေ ၁၀၀၀.ကျော်ြ မင့်သောတောင်ကု န်းပေါ်မှာတည်ရှိပါတ ယ်။ တောင်ဘက် ဆင်းရင် ယောချောင်း.. အနောက်ဘက်မှာက တောင်ကုန်းတောင်စွယ်များ… မြောက်ဘက်မှာလည်း တောင်ကုန်းေ တာင်စွယ်ေ တွပဲ… အရှေ့ဘက်မှာတော့ စက်ရုံ အဝင်လမ်းအစမှာ လမ်းရွာကျေးရွာ နှင့် ဧရာဝတီမြစ်ကြီးရှိပါတယ်။ စက်ရုံသွားတဲ့လမ်း အဝင်လမ်း တစ်လမ်းပဲရှိပါတယ် အထွက်လမ်း လည်း ဒီတစ်လမ်းပဲရှိပါတယ်။
အများအားဖြင့် ဝါဇီကို သွားမ ည်ဆိုပါက ချောက်မြို့ကနေ စက်လှေ မော်တော်နှင့် လမ်းရွာကျေးရွာကိုသွားရပါမယ်။ ကားတွေကူးချင်ရင်တော့ ခု ဧရာဝတီမြစ်ကူးတံတား (အနော်ရထာ) ၏ အထက်ဘက်၊ ချောက်မြို့က အထက် ၁၀ .မိုင်လောက် ဝေးတဲ့နေရာက ဧရာဝတီမြစ်ကို ဇက်ရေယဉ်နှင့် ကူးရပါတယ်။ လမ်းရွာကျေးရွာကနေ အနောက်ဘက်တည့်တည့် တောင်ကုန်းပေါ်မှာ ဝါဇီစက်ရုံ တည်ရှိပါတယ်။ အဲဒီစက်ရုံ မှာ အလုပ်လုပ်ကြတာတွေက တပ်မတော်သား ပညာရှင်တွေချည်းပါ။ အရပ်သား လုံးဝမရှိပါ။ လမ်းရွာက စထွက်တာနဲ့ ဝါဇီစက်ရုံသွားတဲ့ လမ်းဝမှာ တပ်စုအဆင့်ထက်မနည်းသော လက်နက်ကိုင် လုံခြုံရေးအဖွဲ့က စစ်ဆေးရေး ဂိတ်ကြီးမှာ စတင် အစစ်ဆေးခံရပါတယ်။
ဘယ်လိုလူတွေ သွားခွင့်ရှိသလဲ စက်ရုံမှာ အလုပ် လုပ်သေား တပ်မတော်သားများ၊ အတူနေ မိသားစု အိမ်ထောက်စုဝင်များမှအပ မည်သူကိုမှ သွားလာခွင့်မပြုပါ။ အဲဒီစာရင်းတွေက စစ်ဆေးရေးဂိတ်တိုင်းမှာ ဓါတ်ပုံနှင့်တကွ ရှိပါတယ်။ စီစစ်ရေးကတ်တွေ ကိုင်ဆောင် ထားကြရပါတယ်။ ပထမစစ်ဆေးရေးဂိတ်ကြီးကနေ အထက်ဘက် အမြင့်ပေ ၁၀၀၀.လောက် မိုင် ၃၀.ခန့်လောက် တောင် အတက်လမ်းကို ကားဖြင့်တက်ရပါတယ်။ လမ်းတစ်ဝက်လောက်မှာ ဒုတိယ ဂိတ်တစ်ဂိတ်က ထပ်အစစ်ဆေးခံရပါသေးတယ်။ ဝါဇီ အဝင်ဝမှာလည်း နောက်ထပ်တတိယမြောက်စစ်ဆေးရေးဂိတ်ကစစ်ဆေးခံပြီးရင်တော့ ရောက်ပါပြီ ဝါဇီကို။
စတွေ့တာက စက်ရုံလုပ်သား လူနေ တိုက်တန်းတွေပါ။ ပုံစံတူ,အရွယ်တူ တိုက်တန်းလျားတွပဲဖြစ်ပါတယ်။ စက်ရုံအလုပ်သမား တပ်မတော်သားတွေ၊မိသားစုတွေ နေထိုင်ကြပါတယ်။ ပင်မစက်ရုံကတော့ လူနေတိုက်ခန်းတွေထက် အထက်ဘက်ကို ဆက်တက်ရပါသေးတယ်။ တာဝန်ရှိသူ စက်ရုံအလုပ်သမားများမှအပ မည်သူမှ ဝင်ခွင့်မရှိပါ။ ဒါက စက်ရုံ တည်နေရာပါ။ ဘယ်လိုပစ္စည်းတွေ ထုပ်လုပ်သလဲ ပြည်တွင်သုံး ငွေစက္ကူတွေ၊ စာပို့ တံဆိပ်ခေါင်းတွေ၊ စာချုပ် တံဆိပ်ခေါင်းမျိုးစုံ၊ အောင်ဘာလေ ထီလက်မှတ်တွေ၊ အခြား လုံခြုံရေးနှင့်သက်ဆိုင်သေား စာရွက်စာတန်းတွေကို ရိုက်နှိပ်ပါတယ်။ ငွေစက္ကူတွေ ဘယ်လို ပုံနှိပ်ပါသလဲ ငွေစက္ကူရိုက်သောစက္ကူသားက ဝါဂွမ်းချည် ၄၀% ပါဝင်သော လုံခြုံရေးငွေရောင်ကြိုးပါဝင်သော စက္ကူကို India နိုင်ငံကမှာရပါတယ်။
ရေနီစက်ရုံကထွ က်သော ဝါးဖြင့်လုပ်သေားစက္ကူဖြင့် ငွေစက္ကူရိုက်လို့မရပါ။ ငွေစက္ကူရိုက်သော စက္ကူသားကို မှာတဲ့သူကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာကပါ။ ကျနော်တို့ ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးပါ။ အစိုးရ အဆက်ဆက်ဟာ ငွေစက္ကူ ရိုက်နှိပ်ဖို့လိုအပ်ကြောင်း ဗဟိုဘဏ်က တင်ပြလာရင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို တဆင့်အကြောင်းကြားလို့ အရေအတွက် ဘယ်လောက် ပုံနှိပ် ရိုက်ကူးမယ်ဆိုတာကို စက်ရုံအထိ အဆင့်ဆင့် အကြောင်းကြားပြီးမှ ရိုက်နှိပ်ကြပါတယ်။ ငွေစက္ကူတွေကို ကိုယ်တိုင်ရိုက်ကူးတာက တပ်မတော်သားအတတ်ပညာရှင် အလုပ်သမားတွေပါ။ ဒီနေရာမှာ မေးစရာတစ်ခုရှိပါလိမ့်မယ်
ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစက္ကူ သိန်း ၁၀၀ ရိုက်ခိုင်းရင် စစ်တပ်က သိန်း၂၀၀ ရိုက်ပြီး ပိုတာယူလို့ရတာပေါ့..လို့ မတွေးလိုက်ကြပါနဲဗျာ။ မရပါ…လုံးဝမရပါ…. ကုန်ကြမ်းစက္ကူဝယ်တာက အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကမို့လို့ ပေးပို့လာတဲ့ စက္ကူအရေအတွက် အကိုက်ပဲ ရိုက်လို့ရပါတယ်။ ဝါဇီစက်ရုံက ရိုက်နှိပ် ပြီးစီးသော ငွေစက္ကူများကို ကွန်တိန်နာကားတွေနှင့်တင်ပြီး လုံခြုံရေးအစောင့်အကြပ် အပြည့်စုံ လိုက်ပါစောင့်ကြပ်လို့ အရင်ကတော့ ရန်ကုန် ဗဟိုဘဏ်ကို ပို့ကြရပါတယ်၊ ခုတော့နေပြည်တော်ဖြစ်မယ်ထင်ပါတယ်။ ဝါဇီစက်ရုံက အပြီးသတ် ထုတ်လုပ်ပေးလိုက်သောငွေစက္ကူများဟာ တန်းပြီး သုံးစွဲလို့မရသေးပါ။ အချက်အလက် အင်္ဂါ မပြည့်စုံသေးလို့ဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာ ပြောပြပါမယ်။
ငွေစက္ကူတွေပေါ်မှာပါတဲ့ နံပါတ်စဉ် အက္ခရာစဉ် ဂဏန်းတွေကို ဝါဇီစက်ရုံမှာ ရိုက်လို့မရပါဘူး။ အဲဒါတွေက နိုင်ငံတော်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုဘဏ်ကိုရောက်မှ ရိုက်နှိပ်ရတာမို့ စစ်တပ်က ငွေတွေရိုက် ထုတ် သုံးချင်သလိုသုံးလို့ ရ,မရ ရှင်းလောက်ပါပြီ။ မူရင်းပို့စ်ပိုင်ရှင်ကိုခရက်ဒစ်ပေးပါသည် ဗဟုသုတအလို့ငှာပြန်လည်မျှဝေလိုက်ပါတယ်နော်
Nang Thandar Tin Win
Nang Thandar Tin Win
Add a Comment
Your email address will not be published. Required fields are marked *