မြန်မာပြည် က လွဲလို့ ကမ္ဘာ့ ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အရာ တခု (နိုင်ငံခြားသူ တယောက်ရေး တဲ့စာ)

၁၉၉၉ ခုနှစ် သူဆ ယ်နှစ်အရွ ယ်တုန်းက ယူနန်ပြည်က ရှမ်းလူမျိုးတွေ နေထိုင်တဲ့ ဆစ်ဆောင် ပန်းနားကိုေ ရာက်ခဲ့တယ်။ အဲဒီမှာ မြန်မာဂိုက်တစ်ယောက်ေ နာက်လိုက်ပြီး မူဆ ယ်ဘက်ကို သူအလည်ေ ရာက်ခဲ့တယ်။ အဲဒီကမှ မြန်မာပြည်ကို သူစိတ်ဝင်စားသွားတယ်။၁၅ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မြန်မာပြည်ကို သူရောက်လာခဲ့တယ်။ ဒါဟာ သူ့ရဲ့ ၁၆ နိုင်ငံမြောက် ခရီးစဉ်ဖြစ်တယ်။

မြန်မာပြည် က လွဲလို့ ကမ္ဘာ့ ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အရာ တခု

မြန်မာပြည်ဟာ စေတီပုထိုးတွေပေါများကြောင်း၊ သဘာဝတရားတွေနဲ့ ပြည့်နှက်နေကြောင်းတွေ သူအများကြီးရေးထားတယ်။ သူရေးထားတာထဲက ကျွန်မသဘောကျ မိတာက သူ့ပို့စ်ကို သူပေးထားတဲ့ ခေါင်းစဉ်ပါ။ “မြန်မာပြည်ကို သွားမလ ည်သေးရင် သိပ်နောက်ကျသွားလိမ့်မယ်” တဲ့.. ။ ဖွံ့ဖြိုးစတိုင်းပြည်မို့ မြန်မာပြည်ဟာ သဘာဝတ ရားတွေနဲ့ သူ့နဂိုပုံစံ အတိုင်း လှနေသေးတယ်။ တကယ်လို့ သွားလည်တာနောက်ကျရင် သဘာဝတရားတွေဖျက်ဆီးခံရပြီး သူ့နဂိုပုံစံကို မြင်ရတော့မှာမဟုတ် ဘူးတဲ့။နောက်တစ်ခု သူရေးထားတာက “မြန်မာပြည်ကလူတွေဟာ ဆင်းရဲပေမယ့် သဒ္ဓါတရားထက်သန်ကြတယ်၊

ဆင်းရဲပေမယ့် သူတို့ရဲ့ မျက်နှာေ ပါ်မှာ ငြိမ်းချမ်းခြင်းနဲ့အပြုံးကို တွေ့ရတယ်။ ဖော်ရွေတယ်၊ အပြုံးတွေက တောက်ပတယ်၊ ရင်ကိုနွေးစေတယ်။ တကယ်လို့ ဘယ်လိုပြုံးရမယ်ဆိုတာကို သင်မေ့ေ နရင် မြန်မာပြည်ကိုတစ်ခေါက် သွားလိုက်ပါ။ အပြုံးတွေအများကြီး သင်ရချင်ရင်လည်း မြန်မာပြည်ကိုသွားလိုက်ပါ။ မြန်မာပြည်က လူတွေက ဘယ်လိုပြုံးရမယ်ဆိုတာကို နားလည်တယ်။

မြန်မာပြည် က လွဲလို့ ကမ္ဘာ့ ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အရာ တခု

ဒါဟာ ရင်ထဲကလာတဲ့အပြုံး၊ တုံ့ပြန်မှုမလိုတဲ့အပြုံး၊ သင့်ကိုကျေနပ်စေမယ့်အပြုံး၊ ရင်ထဲက ပျောက်ဆုံးနေတဲ့အလှကို သင်ပြန်ရှာတွေ့စေမယ့် အပြုံးဖြစ်တယ်”… တဲ့။နိုင်ငံတော်တော်များများသွားဖူးတဲ့ တကယ့်ပရော်ဖက်ရှင်နယ်ခရီးသွားတွေဟာ နိုင်ငံတစ်နိုင်ငံကိုရောက်ရင် လူဖန်တီးထားတဲ့အလှတွေထက် အဲဒီနိုင်ငံ ရဲ့ ရိုးရာဓလေ့၊ လူနေမှု၊ ယဉ်ကျေးမှု၊ သဘာဝကို ပိုစိတ်ဝင်စားကြတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သူတို့ရဲ့မြို့ပြကိုခွာပြီး တကယ့်သဘာဝတရားနဲ့ ထိတွေ့လို့ရနိုင်မယ့်နေရာကို ပိုကြိုက်ကြတယ်။

မြန်မာပြည် က လွဲလို့ ကမ္ဘာ့ ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အရာ တခု

ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားကြသူတွေဟာ ဟိုတယ်ကြီးမှာထက် လူနေရပ်ကွက်မှာ ဖွင့်ထားတဲ့ ဧည့်ရိပ်သာမှာ တည်းရတာကို ပိုကြိုက်တယ်။ အထင်ကရာနေရာတွေထက် ရပ်ကွက်ထဲ၊ မြို့သူမြို့သားနဲ့ ပိုနီးစပ်နိုင်မယ့်နေရာတွေကို ပိုစိတ်ဝင်စားကြတယ်။ ဒါမှ ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေ့လာရပြီး လာလည်ရကျိုးနပ်မှာလေ။သူငယ်ချင်းတွေနဲ့ခရီးသွားတဲ့အခါ ကျွန်မတို့လည်း အတတ်နိုင်ဆုံး မြို့ပြထက် သဘာဝနဲ့ပိုနီးစပ်နိုင်မယ့် တောရွာ တောတောင်တွေကို ပိုဦးစားပေးရွေးဖြစ်တယ်။ ဒီတစ်ခေါက် ကမ္ဘာကြီးကျန်းမာလာတဲ့အခါ ဘူတန်ကို သွားလည်ချင်ပါသေးတယ်။

(ဓာတ်ပုံက အဲဒီတရုတ်မလေးရိုက်ထားတဲ့ ပုံလေးပါ) နိုင်းနိုင်းစနေ

၁၉၉၉ ခုႏွစ္ သူဆ ယ္ႏွစ္အ႐ြ ယ္တုန္းက ယူနန္ျပည္က ရွမ္းလူမ်ိဳးေတြ ေနထိုင္တဲ့ ဆစ္ေဆာင္ ပန္းနားကိုေ ရာက္ခဲ့တယ္။ အဲဒီမွာ ျမန္မာဂိုက္တစ္ေယာက္ေ နာက္လိုက္ၿပီး မူဆ ယ္ဘက္ကို သူအလည္ေ ရာက္ခဲ့တယ္။ အဲဒီကမွ ျမန္မာျပည္ကို သူစိတ္ဝင္စားသြားတယ္။၁၅ ႏွစ္အၾကာ ၂၀၁၄ ခုႏွစ္မွာ ျမန္မာျပည္ကို သူေရာက္လာခဲ့တယ္။ ဒါဟာ သူ႕ရဲ႕ ၁၆ နိုင္ငံေျမာက္ ခရီးစဥ္ျဖစ္တယ္။

ျမန္မာျပည္ဟာ ေစတီပုထိုးေတြေပါမ်ားေၾကာင္း၊ သဘာဝတရားေတြနဲ႕ ျပည့္ႏွက္ေနေၾကာင္းေတြ သူအမ်ားႀကီးေရးထားတယ္။ သူေရးထားတာထဲက ကြၽန္မသေဘာက် မိတာက သူ႕ပို႔စ္ကို သူေပးထားတဲ့ ေခါင္းစဥ္ပါ။ “ျမန္မာျပည္ကို သြားမလ ည္ေသးရင္ သိပ္ေနာက္က်သြားလိမ့္မယ္” တဲ့.. ။ ဖြံ႕ၿဖိဳးစတိုင္းျပည္မို႔ ျမန္မာျပည္ဟာ သဘာဝတ ရားေတြနဲ႕ သူ႕နဂိုပုံစံ အတိုင္း လွေနေသးတယ္။ တကယ္လို႔ သြားလည္တာေနာက္က်ရင္ သဘာဝတရားေတြဖ်က္ဆီးခံရၿပီး သူ႕နဂိုပုံစံကို ျမင္ရေတာ့မွာမဟုတ္ ဘူးတဲ့။ေနာက္တစ္ခု သူေရးထားတာက “ျမန္မာျပည္ကလူေတြဟာ ဆင္းရဲေပမယ့္ သဒၶါတရားထက္သန္ၾကတယ္၊

ဆင္းရဲေပမယ့္ သူတို႔ရဲ႕ မ်က္ႏွာေ ပၚမွာ ၿငိမ္းခ်မ္းျခင္းနဲ႕အၿပဳံးကို ေတြ႕ရတယ္။ ေဖာ္ေ႐ြတယ္၊ အၿပဳံးေတြက ေတာက္ပတယ္၊ ရင္ကိုေႏြးေစတယ္။ တကယ္လို႔ ဘယ္လိုၿပဳံးရမယ္ဆိုတာကို သင္ေမ့ေ နရင္ ျမန္မာျပည္ကိုတစ္ေခါက္ သြားလိုက္ပါ။ အၿပဳံးေတြအမ်ားႀကီး သင္ရခ်င္ရင္လည္း ျမန္မာျပည္ကိုသြားလိုက္ပါ။ ျမန္မာျပည္က လူေတြက ဘယ္လိုၿပဳံးရမယ္ဆိုတာကို နားလည္တယ္။

ဒါဟာ ရင္ထဲကလာတဲ့အၿပဳံး၊ တုံ႕ျပန္မႈမလိုတဲ့အၿပဳံး၊ သင့္ကိုေက်နပ္ေစမယ့္အၿပဳံး၊ ရင္ထဲက ေပ်ာက္ဆုံးေနတဲ့အလွကို သင္ျပန္ရွာေတြ႕ေစမယ့္ အၿပဳံးျဖစ္တယ္”… တဲ့။နိုင္ငံေတာ္ေတာ္မ်ားမ်ားသြားဖူးတဲ့ တကယ့္ပေရာ္ဖက္ရွင္နယ္ခရီးသြားေတြဟာ နိုင္ငံတစ္နိုင္ငံကိုေရာက္ရင္ လူဖန္တီးထားတဲ့အလွေတြထက္ အဲဒီနိုင္ငံ ရဲ႕ ရိုးရာဓေလ့၊ လူေနမႈ၊ ယဥ္ေက်းမႈ၊ သဘာဝကို ပိုစိတ္ဝင္စားၾကတယ္။ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ သူတို႔ရဲ႕ၿမိဳ႕ျပကိုခြာၿပီး တကယ့္သဘာဝတရားနဲ႕ ထိေတြ႕လို႔ရနိုင္မယ့္ေနရာကို ပိုႀကိဳက္ၾကတယ္။

ေက်ာပိုးအိတ္တစ္လုံးနဲ႕ ကမာၻအႏွံ႕ခရီးသြားၾကသူေတြဟာ ဟိုတယ္ႀကီးမွာထက္ လူေနရပ္ကြက္မွာ ဖြင့္ထားတဲ့ ဧည့္ရိပ္သာမွာ တည္းရတာကို ပိုႀကိဳက္တယ္။ အထင္ကရာေနရာေတြထက္ ရပ္ကြက္ထဲ၊ ၿမိဳ႕သူၿမိဳ႕သားနဲ႕ ပိုနီးစပ္နိုင္မယ့္ေနရာေတြကို ပိုစိတ္ဝင္စားၾကတယ္။ ဒါမွ ဒီနိုင္ငံရဲ႕ ရိုးရာဓေလ့ ယဥ္ေက်းမႈကို ေလ့လာရၿပီး လာလည္ရက်ိဳးနပ္မွာေလ။သူငယ္ခ်င္းေတြနဲ႕ခရီးသြားတဲ့အခါ ကြၽန္မတို႔လည္း အတတ္နိုင္ဆုံး ၿမိဳ႕ျပထက္ သဘာဝနဲ႕ပိုနီးစပ္နိုင္မယ့္ ေတာ႐ြာ ေတာေတာင္ေတြကို ပိုဦးစားေပးေ႐ြးျဖစ္တယ္။ ဒီတစ္ေခါက္ ကမာၻႀကီးက်န္းမာလာတဲ့အခါ ဘူတန္ကို သြားလည္ခ်င္ပါေသးတယ္။

(ဓာတ္ပုံက အဲဒီတ႐ုတ္မေလးရိုက္ထားတဲ့ ပုံေလးပါ) နိုင္းနိုင္းစေန

Add a Comment

Your email address will not be published. Required fields are marked *