မြန်မာပြည်မှာ ဒာ့ာမျိုးလာလုပ်လို့ မရဘူး…ဂျာမဏီ မှာပဲရမယ် ဘာမှတ်နေလဲ…

ဒီနေ့ …နေပြည်တော်ဘ က်ကိစ္စလေးတခု ရှိလို့ဆိုင်က ယ်လေးနဲ့သွားတာ အဲဒီကပြန်လာတော့ ကြာပွင့်အဝိုင်းနားလဲ ရောက်ရော ကိုကိုမော်တော်ပီကယ်ကတား ပါလေရောလား လို င်စင်ပြပါတဲ့

ဟုတ်ကဲ့ပေါ့..ရော့အင့်

လိုင်စင်ထုတ်ပေးတော့ သေသေချာချာကိုကြည့်တယ် လိုင်စင်ထဲက ကိုယ့်ပုံကပဲ သိပ်ချောလွန်းနေလို့လား မသိဘူး ပြီးတော့ခင်ဗျား လိုင်စင်ကသက်တမ်းလွန်နေပြီတဲ့ အဲ့တော့ဖမ်းတယ်တဲ့ဟင် အဲ့ဒါများဗျာ စောစောထဲက ပြောရောပေါ့ လိုင်စင်ထဲကဓါတ်ပုံကို သေသေချာချာစိုက်ကြည့်နေသေးတယ်လို့ပြောတော့ဒါကျနော်တို့အလုပ်ပါ မနှောင့်ယှက်ပါနဲ့

အော်..ဟုတ်ကဲ့ပါပေါ့ကိုယ်လဲစဉ်းစားတယ် လိုင်စင်ဖမ်း ချလံဖြတ် ယာဉ်ထိန်းရုံးသွားဆောင် အလုပ်က ရှုပ်အုံးမယ် တခါထဲ ညှိကြည့်လိုက်တာ ကောင်းမယ်ဆိုပြီး ဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်အဲ့အချိန်မှာပဲ ဆရာမကြီးစောမုံညင်း ရေတဲ့ဆောင်းပါးတစ်ပုဒ်ခေါင်းထဲ ပြေးသတိရမိတယ်

သူဂျာမနီမှာ နိုင်ငံတော်စရိတ်နဲ့ ကျောင်းသွားတက်တော့လူကူးမျဉ်ကျားကနေ မကူးဘဲ သွားချင်တဲ့နေရာ အလွယ်ရောက်ဖို့ သတ်မှတ်နေရာ မဟုတ်တဲ့နေရာကနေ ကူးလိုက်တာရဲက ဖမ်းပါလေရောရဲကဂျာမန် မတ်ငွေ ၁၀ ဒဏ်တပ်ပြီးဘောင်ချာဖြတ်ဖို့လုပ်တယ် ဆရာမကြီးက သူ့မှာ ၁၀ မတ် မပါကြောင်း သူကမြန်မာကျောင်းသူဖြစ်ပါတယ်

နိုင်ငံတော်စရိတ်နဲ့ကျောင်းလာတက်ရတာပါ သူ့မှာ ၄ မတ်တော့ပါကြောင်း ချလံမဖြတ်ပါနဲ့ ဦးရဲကြီးပဲ ယူလိုက်ပါဆိုတော့ ရဲကြီးက ပြုံးတယ်ပြီးတော့သူ့ဆီကနေ ၄ မတ်တောင်းတယ် သူ့အိတ်ထဲက ၆ မတ်ထုတ်စိုက်တယ်ပြီးတော့ အားလုံးပေါင်းပြီး ဒဏ်ကြေးဆိုတဲ့ အိတ်ရှုံ့လေးထဲ ၁၀ မတ်ထည့်လိုက်တယ်ပြီးတော့ဖြတ်ရမယ့် ချလံလဲဖြတ်ပါတယ်

ဒဏ်ကြေးနေရာမှာ ၁၀မတ်လို့ ရေးပြီးဆရာမကြီးကို ချလန်ပြန်ပေးတယ် ပေးရင်းနဲ့ ဦးရဲကြီးကဂျာမန်တွေ စည်းကမ်းမရှိလို့ ဥပဒေကိုချိုးဖောက်ခဲ့လို့ အကျင့်ပျက်ခဲ့လို့ စစ်ရှုံးပြီး ပြာပုံဘဝ ရောက်ခဲ့ရပြီးပါပြီ အခုတိုင်းပြည်ပြန်ထူထောင်ထားတဲ့အချိန်မှာ အကျင့်ပျက်မူတွေသာ ပြန်ယူလာခဲ့ရင်ဂျာမန်ဟာ ဘယ်တော့မှ ရှေ့ရောက်မှာမဟုတ်ဘူးတဲ့

အဲ့အကြောင်းကိုတွေးမိတော့ကိုယ်လဲ ဆရာမကြီးဆောင်းပါး သတိရရင်း ဦးရဲကြီးကို ကပ်ပြီး”လိုင်စင်တော့မဖမ်းပါနဲ့ဆရာကြီးရယ် ဘော်ဒါကြေးလေး တော့ယူပြီးလုပ်ပေးပါ ဆိုတော့

“အဲ့ဒါတော့မရဘူးကွ ဖမ်းမှာပဲ” ဆိုပဲ

အဲ့ဒါနဲ့မေးမိတယ် “ဒဏ်ကြေးက ဘယ်လောက်လဲဆရာကြီး”

“၃သောင်း”

“ရော့ပါဆရာကြီးရယ် ၁သောင်းတော့ယူပါ”

ဦးရဲကြီးက ပြုံးတယ် ခေါင်းကို ဖြည်းဖြည်းခါတယ်ဝထ္တုထဲကဂျာမန်ရဲကြီးလို လိုတာ သူစိုက်ဆောင်မလားလို့တွေးနေတုန်းကျနော့်နားနားကို တိုးတိုးလေး ကပ်ပြောလိုက်တယ်

” ၁ သောင်း ခွဲ တော့ လုပ်လိုက်ပါကွာ” တဲ့

လေးစားစွာဖြင့်

ဒီေန႕ …ေနျပည္ေတာ္ဘ က္ကိစၥေလးတခု ရွိလို႔ဆိုင္က ယ္ေလးနဲ႕သြားတာ အဲဒီကျပန္လာေတာ့ ၾကာပြင့္အဝိုင္းနားလဲ ေရာက္ေရာ ကိုကိုေမာ္ေတာ္ပီကယ္ကတား ပါေလေရာလား လို င္စင္ျပပါတဲ့

ဟုတ္ကဲ့ေပါ့..ေရာ့အင့္

လိုင္စင္ထုတ္ေပးေတာ့ ေသေသခ်ာခ်ာကိုၾကည့္တယ္ လိုင္စင္ထဲက ကိုယ့္ပုံကပဲ သိပ္ေခ်ာလြန္းေနလို႔လား မသိဘူး ၿပီးေတာ့ခင္ဗ်ား လိုင္စင္ကသက္တမ္းလြန္ေနၿပီတဲ့ အဲ့ေတာ့ဖမ္းတယ္တဲ့ဟင္ အဲ့ဒါမ်ားဗ်ာ ေစာေစာထဲက ေျပာေရာေပါ့ လိုင္စင္ထဲကဓါတ္ပုံကို ေသေသခ်ာခ်ာစိုက္ၾကည့္ေနေသးတယ္လို႔ေျပာေတာ့ဒါက်ေနာ္တို႔အလုပ္ပါ မေႏွာင့္ယွက္ပါနဲ႕

ေအာ္..ဟုတ္ကဲ့ပါေပါ့ကိုယ္လဲစဥ္းစားတယ္ လိုင္စင္ဖမ္း ခ်လံျဖတ္ ယာဥ္ထိန္း႐ုံးသြားေဆာင္ အလုပ္က ရႈပ္အုံးမယ္ တခါထဲ ညွိၾကည့္လိုက္တာ ေကာင္းမယ္ဆိုၿပီး ဆိုင္ကယ္ေပၚက ဆင္းလိုက္တယ္အဲ့အခ်ိန္မွာပဲ ဆရာမႀကီးေစာမုံညင္း ေရတဲ့ေဆာင္းပါးတစ္ပုဒ္ေခါင္းထဲ ေျပးသတိရမိတယ္

သူဂ်ာမနီမွာ နိုင္ငံေတာ္စရိတ္နဲ႕ ေက်ာင္းသြားတက္ေတာ့လူကူးမ်ဥ္က်ားကေန မကူးဘဲ သြားခ်င္တဲ့ေနရာ အလြယ္ေရာက္ဖို႔ သတ္မွတ္ေနရာ မဟုတ္တဲ့ေနရာကေန ကူးလိုက္တာရဲက ဖမ္းပါေလေရာရဲကဂ်ာမန္ မတ္ေငြ ၁၀ ဒဏ္တပ္ၿပီးေဘာင္ခ်ာျဖတ္ဖို႔လုပ္တယ္ ဆရာမႀကီးက သူ႕မွာ ၁၀ မတ္ မပါေၾကာင္း သူကျမန္မာေက်ာင္းသူျဖစ္ပါတယ္

နိုင္ငံေတာ္စရိတ္နဲ႕ေက်ာင္းလာတက္ရတာပါ သူ႕မွာ ၄ မတ္ေတာ့ပါေၾကာင္း ခ်လံမျဖတ္ပါနဲ႕ ဦးရဲႀကီးပဲ ယူလိုက္ပါဆိုေတာ့ ရဲႀကီးက ၿပဳံးတယ္ၿပီးေတာ့သူ႕ဆီကေန ၄ မတ္ေတာင္းတယ္ သူ႕အိတ္ထဲက ၆ မတ္ထုတ္စိုက္တယ္ၿပီးေတာ့ အားလုံးေပါင္းၿပီး ဒဏ္ေၾကးဆိုတဲ့ အိတ္ရႈံ႕ေလးထဲ ၁၀ မတ္ထည့္လိုက္တယ္ၿပီးေတာ့ျဖတ္ရမယ့္ ခ်လံလဲျဖတ္ပါတယ္

ဒဏ္ေၾကးေနရာမွာ ၁၀မတ္လို႔ ေရးၿပီးဆရာမႀကီးကို ခ်လန္ျပန္ေပးတယ္ ေပးရင္းနဲ႕ ဦးရဲႀကီးကဂ်ာမန္ေတြ စည္းကမ္းမရွိလို႔ ဥပေဒကိုခ်ိဳးေဖာက္ခဲ့လို႔ အက်င့္ပ်က္ခဲ့လို႔ စစ္ရႈံးၿပီး ျပာပုံဘဝ ေရာက္ခဲ့ရၿပီးပါၿပီ အခုတိုင္းျပည္ျပန္ထူေထာင္ထားတဲ့အခ်ိန္မွာ အက်င့္ပ်က္မူေတြသာ ျပန္ယူလာခဲ့ရင္ဂ်ာမန္ဟာ ဘယ္ေတာ့မွ ေရွ႕ေရာက္မွာမဟုတ္ဘူးတဲ့

အဲ့အေၾကာင္းကိုေတြးမိေတာ့ကိုယ္လဲ ဆရာမႀကီးေဆာင္းပါး သတိရရင္း ဦးရဲႀကီးကို ကပ္ၿပီး”လိုင္စင္ေတာ့မဖမ္းပါနဲ႕ဆရာႀကီးရယ္ ေဘာ္ဒါေၾကးေလး ေတာ့ယူၿပီးလုပ္ေပးပါ ဆိုေတာ့

“အဲ့ဒါေတာ့မရဘူးကြ ဖမ္းမွာပဲ” ဆိုပဲ

အဲ့ဒါနဲ႕ေမးမိတယ္ “ဒဏ္ေၾကးက ဘယ္ေလာက္လဲဆရာႀကီး”

“၃ေသာင္း”

“ေရာ့ပါဆရာႀကီးရယ္ ၁ေသာင္းေတာ့ယူပါ”

ဦးရဲႀကီးက ၿပဳံးတယ္ ေခါင္းကို ျဖည္းျဖည္းခါတယ္ဝထၱဳထဲကဂ်ာမန္ရဲႀကီးလို လိုတာ သူစိုက္ေဆာင္မလားလို႔ေတြးေနတုန္းက်ေနာ့္နားနားကို တိုးတိုးေလး ကပ္ေျပာလိုက္တယ္

” ၁ ေသာင္း ခြဲ ေတာ့ လုပ္လိုက္ပါကြာ” တဲ့

ေလးစားစြာျဖင့္

Add a Comment

Your email address will not be published. Required fields are marked *