မြင်းကျား လို လူတွေများလာတဲ့ ခေတ်

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီးတိရိစ္ဆာန်တွေ အမဲလိုက်တာကြည့်နေလိုက်တယ်။ ခြငေ်္သ့တစ်ကောင်က မြင်းကျားတစ်အုပ်ကို အမဲလိုက်နေတာ .. မြင်းကျားတွေပြေးတယ်။ လှည့်ပတ်ပြေးကြတယ်..ဝရုန်းသုန်းကားပေါ့..ဖုန်တွေတထောင်းထောင်း ထ အောင်အသက်ဘေးကလွတ်ဖို့ ရှိသမျှအားကုန်ထုတ်ပြီး ပြေးကြတာ..။

ဒါပေမဲ့သူတို့ထက်ပိုသန်မာတဲ့ ခင်္သြ့ကြီးက နောက်ဆုံးတော့လည်း မြင်းကျားတစ်ကောင်ကိုလွှားခနဲ ခုန်အုပ်ပြီး နေရာမှာတင် ကိုက်စားလိုက်တယ်။ ခြငေ်္သ့က မြင်းကျားတစ်ကောင်ကိုလဲ မိသွားရော ခုနက ပြေးလွှားနေကြတဲ့ မြင်းကျားတွေ ချက်ခြင်းရပ်ပြီး အဲ့ဒီနားမှာပဲ ပုံမှန်အတိုင်းမြက်ပြန်စားနေတော့တာပဲ။

ခုနကပြေးလွှားနေကြတာ သူတို့မဟုတ်တဲ့အတိုင်း.. သူတို့မျိုးနွယ်တစ်ကောင်ကို သူတို့အနားတင် ခြငေ်္သ့ကြီးက စားနေတာကို အမြီးလေးတခါခါနဲ့ အေးအေးအး လူလူနေနိုင်ကြတယ်..။ နေနိုင်မှာပေါ့ ..တိရစ္ဆာန်ကိုး..!

သူတို့လွတ်သွားဖို့ပဲ အားထုတ်တယ်လေ..

TV ကြည့်နေရင်းနဲ့ ကိုယ်တွေလူ့ဘောင်အသိုင်းအဝိုင်းထဲမှာလည်း ဒီမြင်းကျားစရိုက်မျိုးနဲ့လူတွေရှိနေပါလားလို့ အတွေးဝင်လာပြီး မချိပြုံး ပြုံးမိတယ်…။

“ဟိုကောင်တော့ ကားခနဲ ပဲဟေ့..ဟဟ ဒီကောင် ဒီလိုဖြစ်တော့မှာ ကျုပ်ကကြိုသိသားပဲ.. ထားလိုက်ဟေ့လူ သွားဝင်မပါနဲ့နော်.. ကိုယ့်အပူမပါဘူးဗျ။ ကိုယ့်ဟာကို နေတတ်သလိုလေးသာနေ”

ဒီစကားမျိုးတွေ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားလာရတယ်။ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစုအရေးမှမဟုတ်ရင် သူများဘေးဒုက္ခရောက်နေတာကို အေးရာအေးကြောင်း ကြည့်နေနိုင်ကြတဲ့ လူတွေ… လူတွေ…။ ခုနက မြင်းကျားလို လူတွေ အများကြီးရှိနေကြတယ်.. ဒီနေရာမှာ လူတိုင်း ကြားဖူးတဲ့ပုံပြင်လေး ပြန်နွှေးချင်ပါတယ်.။

တောထဲမှာ လူနှစ်ယောက်ကို ဆင်ရိုင်းကြီးကလိုက်တယ်ပေါ့.။ လူနှစ်ယောက်က ထွက်ပြေးရတာပေါ့.. လူတစ်ယောက်ကပြောတယ်.. ငါတို့ဆင်ရိုင်းထက် ပိုအပြေးသန်နိုင် ပါ့မလား..

ဟိုလူကဖြေတယ်. “ဆင်ရိုင်းထက်တော့ မသိဘူး.. ငါမင်းထက်တော့ ပိုအပြေးသန်တယ်”..တဲ့ သိပ်ကြောက်စရာကောင်းတဲ့ ပုံပြင်ပါ.. မင်းထက်တော့ ငါပိုအပြေးသန်တယ်.. မင်းသေချင်သေပါစေ.. ငါလွတ်ဖို့သာ အဓိကဆိုတဲ့ Mind set မျိုးကို (ဝမ်းနည်းဖွယ်ကောင်းတာက) လူငယ်တစ်ချို့ဆီမှာပါ အမြစ်တွယ် စပြုလာတာကို တွေ့လာရတယ်..။

သက်ငယ် မုဒိန်းမှုတွေ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာတွေအစားအစာနဲ့ ဓာတုဆေးဝါး ဆိုင်ရာရောဂါတွေ ကျွန်တော်တို့နိုင်ငံထဲက ပြည်တွင်းစစ်တွေ နိမ့်ကျနေဆဲ ပညာရေး ကျန်းမာရေး စနစ်တွေ…

ကိုယ့်ဆီ ကိုယ့်မိသားစုဆီ တိုက်ရိုက်မထိခိုက်သေးဘူးဆိုပြီး ကျွန်တော်တို့ အေးအေးလူလူ လုပ်နေကြတယ်..။မနက်အိပ်ရာနိုး Breakfast စားပြီးရင်

ငါ့ဆိုင်လေးဈေးရောင်းကောင်းဖို့

င့ါကုမ္ပဏီလေးအဆင်ပြေဖို့

ရုံးမှာ ငါရာထူးတက်ဖို့

ငါ့အလုပ်မှာ လခကောင်းကောင်းရဖို့..

ငါ..

ငါ..

ငါ..

ငါအဆင်ပြေဖို့အတွက်ပဲ ရှင်သန်နေကြသူတွေ.သူများတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့ ခံယူထားတဲ့ လူတွေ ခုနောက်ပိုင်းမှာ အရမ်းကို များလာတယ်..။ ဟိုးယခင် ကျွန်တော်တို့နိုင်ငံ မဆလ ခေတ်က သိပ်တွင်ကျယ်တဲ့ စကားတစ်လုံးရှိခဲ့တယ်.

“ဦးရာလူ” တဲ့… (အဲ့ဒီစကားလုံးကို ယခုလက်ရှိအချိန်အထိ ကျွန်တော်မုန်းတယ်)

ဦးရာလူ…ဦးတဲ့သူ ရမယ်နောက်ကျရင် မရဘူး.. အဲ့ဒီအချိန်ကအစစ အရာရာ ရှားပါးတဲ့ခေတ်ဆိုတော့ လူတွေဟာ ဦးရာလူ စနစ်ကြောင့် ကုန်တိုက်တွေမှာ သူများထက်ကိုယ် ဦးအောင်တန်းစီပြီးဈေးဝယ်ရတယ်.။ နောက်ကျခဲ့ရင်မရတော့ဘူး..သူများရသွားလိမ့်မယ်။

ကိုယ်က သူ့ထက်ဦးမှကို ရမယ်ဆိုတဲ့ အရိုးစွဲစိတ်ဓာတ် နဲ့ကြီးပြင်းလာရလို့များ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာပင်ကိုယ်က သိမ်မွေ့ပါလျက်နဲ့ ကိုယ်ချင်းစာတရားတွေ ပါးပါးလာကြပြီး ကျွန်တော်တို့မျိုးဆက် လဲရောက်ရော မြင်းကျားလိုလူမျိုးတွေ များပြားလာရသလား ရယ်လို့ တစ်ခါတစ်ခါ လျှောက်တွေးမိတယ်..။

တိရစ္ဆာန်လိုမျိုး အရိုင်းစိတ်တွေ စိုးမိုးအားကောင်းလာတဲ့ခေတ်ဆိုတော့ ကားခြင်း ပွတ်မိယုံရုံနဲ့လည်း သံတုတ်ကိုင်ပြီး ရိုက်ကြနှက်ကြ..လူခြင်း စကားများရုံလောက် နဲ့လည်း သတ်ကြ ဖြတ်ကြနဲ့ပေါ့..။

ပလက်ဖောင်းကျဉ်းကျဉ်းလေးထဲ လမ်းလျောက်လာရင်း ထိပ်တိုက်တွေ့တဲ့အခါ ကိုယ်လေးယို့ပြီး ရှောင်ပေးဖို့တောင် ခဲယဉ်းလာတဲ့အထိ လူတစ်ချို့ အတ္တကြီးလာကြ တယ်.။ ကမ္ဘာတောင် မီးမလောင်သေးပါဘဲနဲ့ မိတ်ဆွေရင်းတွေအချင်းချင်း ချနင်းဖို့ဝန်မလေးကြတော့ဘူး..။

လူနဲ့တိရစ္ဆာန်ကြားက ခြားနားချက်တွေ တဖြည်းဖြည်းကျဉ်းမြောင်းလာတာ တွေးကြည့်ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်။ ကိုယ့်ရင်ထဲမှာလည်း တိရစ္ဆာန်တစ်ကောင် အကောင်ပေါက်နေပြီလားလို့ ကိုယ့်စိတ်ကိုယ် မကြာခဏ ပြန်ဆန်းစစ်ကြည့်မိတယ်။

တိရစ္ဆာန် နဲ့ လူ ခြားနားချက်ကို ဘာ စံ ၊ ဘာပေတံ နဲ့ ခင်ဗျားကတိုင်းမှာလဲလို့လာမေးရင်ကျွန်တော်ကတော့ ကိုယ်ချင်းစာတရားဆိုတဲ့ ပေတံနဲ့ပဲ တိုင်းချင်ပါတယ်..

“ကိုယ်ရဲ့ ကာယကံ ဝစီကံ မနောကံတည်းဟူသော အကြောင်းတရားတွေဟာ သူတပါးအပေါ်မှာ ထိခိုက်နစ်နာ သွားစေနိုင်သလား?” ဆိုတဲ့ခံစားချက်နဲ့

“သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်ဘယ်လို ဘယ်လိုခံစားရလိမ့်မလဲ?” ဆိုတဲ့စိတ်မျိုးပါ လူပီသဖို့ဆိုတာ သိပ်အများကြီးမလိုပါဘူး။ ကိုယ်ချင်းစာတတ်ဖို့လေးပါ ။

အဲ့စိတ်ဓါတ်လေးမရှိရင်တော့အင်္ကျီဝတ်ထားပြီး အမြီးတနံ့နံ့နဲ့သွားနေတဲ့ မြင်းကျားတစ်ကောင်သို့သာ

Credit to Original Uploader

ပ်င္းပ်င္းရွိတာနဲ႕ TV မွာ NGC Wild လိုင္းဖြင့္ၿပီးတိရိစာၦန္ေတြ အမဲလိုက္တာၾကည့္ေနလိုက္တယ္။ ျခေသၤ့တစ္ေကာင္က ျမင္းက်ားတစ္အုပ္ကို အမဲလိုက္ေနတာ .. ျမင္းက်ားေတြေျပးတယ္။ လွည့္ပတ္ေျပးၾကတယ္..ဝ႐ုန္းသုန္းကားေပါ့..ဖုန္ေတြတေထာင္းေထာင္း ထ ေအာင္အသက္ေဘးကလြတ္ဖို႔ ရွိသမွ်အားကုန္ထုတ္ၿပီး ေျပးၾကတာ..။

ဒါေပမဲ့သူတို႔ထက္ပိုသန္မာတဲ့ ျခသၤ့ႀကီးက ေနာက္ဆုံးေတာ့လည္း ျမင္းက်ားတစ္ေကာင္ကိုလႊားခနဲ ခုန္အုပ္ၿပီး ေနရာမွာတင္ ကိုက္စားလိုက္တယ္။ ျခေသၤ့က ျမင္းက်ားတစ္ေကာင္ကိုလဲ မိသြားေရာ ခုနက ေျပးလႊားေနၾကတဲ့ ျမင္းက်ားေတြ ခ်က္ျခင္းရပ္ၿပီး အဲ့ဒီနားမွာပဲ ပုံမွန္အတိုင္းျမက္ျပန္စားေနေတာ့တာပဲ။

ခုနကေျပးလႊားေနၾကတာ သူတို႔မဟုတ္တဲ့အတိုင္း.. သူတို႔မ်ိဳးႏြယ္တစ္ေကာင္ကို သူတို႔အနားတင္ ျခေသၤ့ႀကီးက စားေနတာကို အၿမီးေလးတခါခါနဲ႕ ေအးေအးအး လူလူေနနိုင္ၾကတယ္..။ ေနနိုင္မွာေပါ့ ..တိရစာၦန္ကိုး..!

သူတို႔လြတ္သြားဖို႔ပဲ အားထုတ္တယ္ေလ..

TV ၾကည့္ေနရင္းနဲ႕ ကိုယ္ေတြလူ႕ေဘာင္အသိုင္းအဝိုင္းထဲမွာလည္း ဒီျမင္းက်ားစရိုက္မ်ိဳးနဲ႕လူေတြရွိေနပါလားလို႔ အေတြးဝင္လာၿပီး မခ်ိၿပဳံး ၿပဳံးမိတယ္…။

“ဟိုေကာင္ေတာ့ ကားခနဲ ပဲေဟ့..ဟဟ ဒီေကာင္ ဒီလိုျဖစ္ေတာ့မွာ က်ဳပ္ကႀကိဳသိသားပဲ.. ထားလိုက္ေဟ့လူ သြားဝင္မပါနဲ႕ေနာ္.. ကိုယ့္အပူမပါဘူးဗ်။ ကိုယ့္ဟာကို ေနတတ္သလိုေလးသာေန”

ဒီစကားမ်ိဳးေတြ ပတ္ဝန္းက်င္မွာ မၾကာခဏ ၾကားလာရတယ္။ ကိုယ္တိုင္ ဒါမွမဟုတ္ ကိုယ့္မိသားစုအေရးမွမဟုတ္ရင္ သူမ်ားေဘးဒုကၡေရာက္ေနတာကို ေအးရာေအးေၾကာင္း ၾကည့္ေနနိုင္ၾကတဲ့ လူေတြ… လူေတြ…။ ခုနက ျမင္းက်ားလို လူေတြ အမ်ားႀကီးရွိေနၾကတယ္.. ဒီေနရာမွာ လူတိုင္း ၾကားဖူးတဲ့ပုံျပင္ေလး ျပန္ေႏႊးခ်င္ပါတယ္.။

ေတာထဲမွာ လူႏွစ္ေယာက္ကို ဆင္ရိုင္းႀကီးကလိုက္တယ္ေပါ့.။ လူႏွစ္ေယာက္က ထြက္ေျပးရတာေပါ့.. လူတစ္ေယာက္ကေျပာတယ္.. ငါတို႔ဆင္ရိုင္းထက္ ပိုအေျပးသန္နိုင္ ပါ့မလား..

ဟိုလူကေျဖတယ္. “ဆင္ရိုင္းထက္ေတာ့ မသိဘူး.. ငါမင္းထက္ေတာ့ ပိုအေျပးသန္တယ္”..တဲ့ သိပ္ေၾကာက္စရာေကာင္းတဲ့ ပုံျပင္ပါ.. မင္းထက္ေတာ့ ငါပိုအေျပးသန္တယ္.. မင္းေသခ်င္ေသပါေစ.. ငါလြတ္ဖို႔သာ အဓိကဆိုတဲ့ Mind set မ်ိဳးကို (ဝမ္းနည္းဖြယ္ေကာင္းတာက) လူငယ္တစ္ခ်ိဳ႕ဆီမွာပါ အျမစ္တြယ္ စျပဳလာတာကို ေတြ႕လာရတယ္..။

သက္ငယ္ မုဒိန္းမႈေတြ လူငယ္နဲ႕ မူးယစ္ေဆးဝါးျပႆနာေတြအစားအစာနဲ႕ ဓာတုေဆးဝါး ဆိုင္ရာေရာဂါေတြ ကြၽန္ေတာ္တို႔နိုင္ငံထဲက ျပည္တြင္းစစ္ေတြ နိမ့္က်ေနဆဲ ပညာေရး က်န္းမာေရး စနစ္ေတြ…

ကိုယ့္ဆီ ကိုယ့္မိသားစုဆီ တိုက္ရိုက္မထိခိုက္ေသးဘူးဆိုၿပီး ကြၽန္ေတာ္တို႔ ေအးေအးလူလူ လုပ္ေနၾကတယ္..။မနက္အိပ္ရာနိုး Breakfast စားၿပီးရင္

ငါ့ဆိုင္ေလးေစ်းေရာင္းေကာင္းဖို႔

င့ါကုမၸဏီေလးအဆင္ေျပဖို႔

႐ုံးမွာ ငါရာထူးတက္ဖို႔

ငါ့အလုပ္မွာ လခေကာင္းေကာင္းရဖို႔..

ငါ..

ငါ..

ငါ..

ငါအဆင္ေျပဖို႔အတြက္ပဲ ရွင္သန္ေနၾကသူေတြ.သူမ်ားေတြ ဘာျဖစ္ျဖစ္ ကိုယ္နဲ႕မဆိုင္ဘူးလို႔ ခံယူထားတဲ့ လူေတြ ခုေနာက္ပိုင္းမွာ အရမ္းကို မ်ားလာတယ္..။ ဟိုးယခင္ ကြၽန္ေတာ္တ္ို႔နိုင္ငံ မဆလ ေခတ္က သိပ္တြင္က်ယ္တဲ့ စကားတစ္လုံးရွိခဲ့တယ္.

“ဦးရာလူ” တဲ့… (အဲ့ဒီစကားလုံးကို ယခုလက္ရွိအခ်ိန္အထိ ကြၽန္ေတာ္မုန္းတယ္)

ဦးရာလူ…ဦးတဲ့သူ ရမယ္ေနာက္က်ရင္ မရဘူး.. အဲ့ဒီအခ်ိန္ကအစစ အရာရာ ရွားပါးတဲ့ေခတ္ဆိုေတာ့ လူေတြဟာ ဦးရာလူ စနစ္ေၾကာင့္ ကုန္တိုက္ေတြမွာ သူမ်ားထက္ကိုယ္ ဦးေအာင္တန္းစီၿပီးေစ်းဝယ္ရတယ္.။ ေနာက္က်ခဲ့ရင္မရေတာ့ဘူး..သူမ်ားရသြားလိမ့္မယ္။

ကိုယ္က သူ႕ထက္ဦးမွကို ရမယ္ဆိုတဲ့ အရိုးစြဲစိတ္ဓာတ္ နဲ႕ႀကီးျပင္းလာရလို႔မ်ား ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံသားေတြဟာပင္ကိုယ္က သိမ္ေမြ႕ပါလ်က္နဲ႕ ကိုယ္ခ်င္းစာတရားေတြ ပါးပါးလာၾကၿပီး ကြၽန္ေတာ္တို႔မ်ိဳးဆက္ လဲေရာက္ေရာ ျမင္းက်ားလိုလူမ်ိဳးေတြ မ်ားျပားလာရသလား ရယ္လို႔ တစ္ခါတစ္ခါ ေလွ်ာက္ေတြးမိတယ္..။

တိရစာၦန္လိုမ်ိဳး အရိုင္းစိတ္ေတြ စိုးမိုးအားေကာင္းလာတဲ့ေခတ္ဆိုေတာ့ ကားျခင္း ပြတ္မိယုံ႐ုံနဲ႕လည္း သံတုတ္ကိုင္ၿပီး ရိုက္ၾကႏွက္ၾက..လူျခင္း စကားမ်ား႐ုံေလာက္ နဲ႕လည္း သတ္ၾက ျဖတ္ၾကနဲ႕ေပါ့..။

ပလက္ေဖာင္းက်ဥ္းက်ဥ္းေလးထဲ လမ္းေလ်ာက္လာရင္း ထိပ္တိုက္ေတြ႕တဲ့အခါ ကိုယ္ေလးယို႔ၿပီး ေရွာင္ေပးဖို႔ေတာင္ ခဲယဥ္းလာတဲ့အထိ လူတစ္ခ်ိဳ႕ အတၱႀကီးလာၾက တယ္.။ ကမာၻေတာင္ မီးမေလာင္ေသးပါဘဲနဲ႕ မိတ္ေဆြရင္းေတြအခ်င္းခ်င္း ခ်နင္းဖို႔ဝန္မေလးၾကေတာ့ဘူး..။

လူနဲ႕တိရစာၦန္ၾကားက ျခားနားခ်က္ေတြ တျဖည္းျဖည္းက်ဥ္းေျမာင္းလာတာ ေတြးၾကည့္ရင္ သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္။ ကိုယ့္ရင္ထဲမွာလည္း တိရစာၦန္တစ္ေကာင္ အေကာင္ေပါက္ေနၿပီလားလို႔ ကိုယ့္စိတ္ကိုယ္ မၾကာခဏ ျပန္ဆန္းစစ္ၾကည့္မိတယ္။

တိရစာၦန္ နဲ႕ လူ ျခားနားခ်က္ကို ဘာ စံ ၊ ဘာေပတံ နဲ႕ ခင္ဗ်ားကတိုင္းမွာလဲလို႔လာေမးရင္ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်င္းစာတရားဆိုတဲ့ ေပတံနဲ႕ပဲ တိုင္းခ်င္ပါတယ္..

“ကိုယ္ရဲ႕ ကာယကံ ဝစီကံ မေနာကံတည္းဟူေသာ အေၾကာင္းတရားေတြဟာ သူတပါးအေပၚမွာ ထိခိုက္နစ္နာ သြားေစနိုင္သလား?” ဆိုတဲ့ခံစားခ်က္နဲ႕

“သူ႕ေနရာမွာ ကိုယ္သာဆိုရင္ ကိုယ္ဘယ္လို ဘယ္လိုခံစားရလိမ့္မလဲ?” ဆိုတဲ့စိတ္မ်ိဳးပါ လူပီသဖို႔ဆိုတာ သိပ္အမ်ားႀကီးမလိုပါဘူး။ ကိုယ္ခ်င္းစာတတ္ဖို႔ေလးပါ ။

အဲ့စိတ္ဓါတ္ေလးမရွိရင္ေတာ့အကၤ်ီဝတ္ထားၿပီး အၿမီးတနံ႕နံ႕နဲ႕သြားေနတဲ့ ျမင္းက်ားတစ္ေကာင္သို႔သာ

Credit to Original Uploader

Add a Comment

Your email address will not be published. Required fields are marked *