မော်တော်ယာဉ်ကို အလုံးစုံ အာမခံထား ထားတယ်…ဒါပေမယ့် အလျှော်မရဘူး ဘာဖြစ်လို့လဲ…..

“မော်တော်ယာဉ် အလုံးစုံအာမခံ “ထားပြီးတဲ့သူ တော်တော်များများ ဟာ အာမခံထားပြီးပြီဆိုတာနဲ့…ကားမှာဖြစ်ပေါ် လာမယ့် ကိစ္စ အဝဝကို အာမခံ ကုမ္ပဏီ က တာဝန်ယူမယ်လို့ မှတ်ယူလိုက်ကြပါတယ်…( ဒါကလည်း အလုံးစုံ အာမခံ ဆိုတဲ့ အမည်ကြောင့်ပါ)…

တကယ်တော့ အာမခံ ကုမ္ပဏီ တွေက ပေးလျော်ရန် ငြင်းဆိုတဲ့ ကိစ္စ များလည်းများစွာရှိပါတယ်….တည်ဆဲဥပဒေတွေကို အခြေခံသလို စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်တဲ့ ကိစ္စ များကို တာဝန်မယူပါဘူး…မှတ်မိသလောက်ပြောရင်..

ကားလိုင်စင် သက်တမ်းကျော်နေလျှင် ကားမောင်းသူလိုင်စင် သက်တမ်း ကျော်နေလျှင် ၊ လိုင်စင် က သတ်မှတ်လိုင်စဉ် မဟုတ်လျှင် မပေးလျော်ပါဘူး ၊ ယာဉ်မောင်းလိုင်စင် ဖမ်းဆီးခံရပြီး ချလံဖြစ်နေလျင် မလျော်ပါဘူး (အချို့ကုမ္ပဏီ တွေကတော့ ချလန် ရက်မကျော်သေးရင် လျော်ပါတယ်)

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်ပြီး တိုက်ခိုက်မှုမျိုး ဖြစ်စဉ်ကို မလျော်ပါဘူး…(မီးနီဖြတ်မောင်းခြင်း လမ်းပြောင်းပြန် မောင်းနှင်ခြင်း မျဉ်းသေဖြတ်ခြင်း စတဲ့အချက်တွေပါ…

အချို့ကုမ္ပဏီ တွေက ဖြူနီကြား မှာ ကားရပ်မိလို့ တိုက်မိရင်တောင် မလျော်ပါဘူး…တာဝန်ရှိသူ တစ်ဦးဦး သို့မဟုတ် ယာဉ်ထိန်းရဲ၏ ညွှန်ပြချက်များကို မလိုက်နာလျင်လည်း ထိခိုက်မှု ဖြစ်ပါက မလျော်ပါဘူး…အရဲစွန့်မောင်းနှင်ခြင်းနဲ့ မိုက်ရူးရဲဆန်ဆန် မောင်းနှင်မှု ကြောင့် ဆုံးရှုံးခြင်းကို မပေးလျော်ပါဘူး…(ရေဖုံးလွှမ်းနေသော လမ်းများ)…ဒေသဆိုင်ရာ အဖွဲ့အစည်းများရဲ့ လမ်းညွန် မှုကို လိုက်နာရန် လိုအပ်ပါမယ်…

(အရံမီးသတ် ကြက်ခြေနီ စတဲ့ အဖွဲ့ အစည်းများရဲ့ တားမြစ်မှု ခွင့်ပြုမှု တွေကို လိုက်နာရပါမယ်)

ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ကားပျက်စီးရခြင်းများကို မလျော်ပါဘူး…ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်း များ တင်ဆောင်ပြီး တိုက်ခိုက်မိခြင်း အရေးယူခြင်းခံရပါက လျော်ကြေးငြင်းဆန်ပါတယ်…ကားအသုံးပြုပုံ ကွဲပြား ပါကလည်း လျော်ကြေးမပေးပါဘူး…

ဥပမာ အိမ်သုံးကားအနေဖြင့် အဆိုလွှာတွင်ကြေငြာပြီး ကုန်တင်ခြင်း စီးပွားဖြစ် လုပ်ငန်းလုပ်ဆောင်နေခြင်း အငှါးလိုက်ခြင်းများကို ဆိုလိုခြင်းပါ…ကားတိုက်မှုဖြစ်ပြီး (၄၈)နာရီအတွင်း ကုမ္ပဏီ ကို အကြောင်းကြားရပါမယ်…

အာမခံထားစဉ် ကတည်းက ကားအသုံးပြုပုံကို မှန်ကန်စွာ ဖြည့်စွက်သင့်ပါတယ်…ကျနော်တို့ အာမခံစနစ်မှာ(Utmos Good Faith) အစွမ်းကုန်ရိုးသားခြင်း ဟာ အဓိက အသက်သွေးကြောပါပဲ…မိမိရဲ့ ပကတိအတိုင်း ဖော်ပြချက်ကို ကုမ္ပဏီ က အဓိကထား စဉ်းစားပါတယ်…အရိုးသားဆုံး ဖော်ပြဖို့ အရေးကြီးပါတယ်…

အထူးသဖြင့် ပရီမီယမ် သက်သာအောင် ကားတန်ဖိုးလျော့ဖော်ပြခြင်းကို မပြုလုပ်သင့်ပါဘူး…ပေးဆောင်ရတဲ့ငွေက သိပ်မကွာလှပေမယ့်…
လျော်ကြေးရရှိတဲ့အခါမှာ လျော့ပြီးရတာမျိုး ဖြစ်တတ်ပါတယ်…သဘောတူထားရှိတဲ့ နှုန်းကို အခြေခံတွက်တာကြောင့် ကွာဟချက် နှုန်းထားများ ရဲ့ အရေးပါမှုဟာ အခရာ ဖြစ်သွားပါပြီ…

ကားတိုက်ခြင်းတွေမှာ…မူးယစ်နေစဉ်တိုက် မိခြင်း…ပျော်၍တိုက် မိခြင်း ဝမ်းနဲ၍ တိုက်ခြင်း ဒေါသဖြစ်၍ တိုက် မိခြင်း သူတပါးထိခိုက် နစ်နာ စေလို၍ တိုက်မိခြင်း စတဲ့ စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ ကိစ္စ မျိုးတွေ စစ်ဆေးပေါ်ပေါက်ခဲ့ပါက…

အာမခံက ငြင်းဆိုပါတယ်…မိမိတိုက် မိတဲ့ တစ်ဖက်ကားဟာ လိုင်စင် နဲ့ပတ်သက်ပြီး လွဲမှားမှုတွေ ရှိနေပါကလည်း အငြင်းပွားမှုတွေ ဖြစ်တတ်ပါတယ်…

အာမခံ လျော်ကြေးဆိုတာဟာ…

အာမခံထားသူတစ်ဦးအား ဆုံးရှုံးမှု မဖြစ်ပွားမီက ရှိခဲ့သော ငွေရေးကြေးရေး အခြေအနေအတိုင်း ပြန်လည်ပေးအပ်ခြင်းပါ…လျော်ကြေးရတာ ပျော်စရာမဟုတ်ပေမယ့် ကျေနပ်စရာတော့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်…အကောင်းဆုံးအခြေအနေကတော့ ကားမတိုက်မိအောင် မောင်းနှင်သွားလာခြင်းပါပဲ ခင်ဗျား

Credit;Htun Htun Naing

“ေမာ္ေတာ္ယာဥ္ အလုံးစုံအာမခံ “ထားၿပီးတဲ့သူ ေတာ္ေတာ္မ်ားမ်ား ဟာ အာမခံထားၿပီးၿပီဆိုတာနဲ႕…ကားမွာျဖစ္ေပၚ လာမယ့္ ကိစၥ အဝဝကို အာမခံ ကုမၸဏီ က တာဝန္ယူမယ္လို႔ မွတ္ယူလိုက္ၾကပါတယ္…( ဒါကလည္း အလုံးစုံ အာမခံ ဆိုတဲ့ အမည္ေၾကာင့္ပါ)…

တကယ္ေတာ့ အာမခံ ကုမၸဏီ ေတြက ေပးေလ်ာ္ရန္ ျငင္းဆိုတဲ့ ကိစၥ မ်ားလည္းမ်ားစြာရွိပါတယ္….တည္ဆဲဥပေဒေတြကို အေျခခံသလို စိတ္ခံစားမႈေၾကာင့္ ျဖစ္ေပၚတဲ့ ကိစၥ မ်ားကို တာဝန္မယူပါဘူး…မွတ္မိသေလာက္ေျပာရင္..

ကားလိုင္စင္ သက္တမ္းေက်ာ္ေနလွ်င္ ကားေမာင္းသူလိုင္စင္ သက္တမ္း ေက်ာ္ေနလွ်င္ ၊ လိုင္စင္ က သတ္မွတ္လိုင္စဥ္ မဟုတ္လွ်င္ မေပးေလ်ာ္ပါဘူး ၊ ယာဥ္ေမာင္းလိုင္စင္ ဖမ္းဆီးခံရၿပီး ခ်လံျဖစ္ေနလ်င္ မေလ်ာ္ပါဘူး (အခ်ိဳ႕ကုမၸဏီ ေတြကေတာ့ ခ်လန္ ရက္မေက်ာ္ေသးရင္ ေလ်ာ္ပါတယ္)

ယာဥ္စည္းကမ္း လမ္းစည္းကမ္း ေဖာက္ဖ်က္ၿပီး တိုက္ခိုက္မႈမ်ိဳး ျဖစ္စဥ္ကို မေလ်ာ္ပါဘူး…(မီးနီျဖတ္ေမာင္းျခင္း လမ္းေျပာင္းျပန္ ေမာင္းႏွင္ျခင္း မ်ဥ္းေသျဖတ္ျခင္း စတဲ့အခ်က္ေတြပါ…

အခ်ိဳ႕ကုမၸဏီ ေတြက ျဖဴနီၾကား မွာ ကားရပ္မိလို႔ တိုက္မိရင္ေတာင္ မေလ်ာ္ပါဘူး…တာဝန္ရွိသူ တစ္ဦးဦး သို႔မဟုတ္ ယာဥ္ထိန္းရဲ၏ ၫႊန္ျပခ်က္မ်ားကို မလိုက္နာလ်င္လည္း ထိခိုက္မႈ ျဖစ္ပါက မေလ်ာ္ပါဘူး…အရဲစြန့္ေမာင္းႏွင္ျခင္းနဲ႕ မိုက္႐ူးရဲဆန္ဆန္ ေမာင္းႏွင္မႈ ေၾကာင့္ ဆုံးရႈံးျခင္းကို မေပးေလ်ာ္ပါဘူး…(ေရဖုံးလႊမ္းေနေသာ လမ္းမ်ား)…ေဒသဆိုင္ရာ အဖြဲ႕အစည္းမ်ားရဲ႕ လမ္းၫြန္ မႈကို လိုက္နာရန္ လိုအပ္ပါမယ္…

(အရံမီးသတ္ ၾကက္ေျခနီ စတဲ့ အဖြဲ႕ အစည္းမ်ားရဲ႕ တားျမစ္မႈ ခြင့္ျပဳမႈ ေတြကို လိုက္နာရပါမယ္)

ခိုက္ရန္ျဖစ္ပြားျခင္းေၾကာင့္ ကားပ်က္စီးရျခင္းမ်ားကို မေလ်ာ္ပါဘူး…ဥပေဒႏွင့္ မလြတ္ကင္းေသာ ပစၥည္း မ်ား တင္ေဆာင္ၿပီး တိုက္ခိုက္မိျခင္း အေရးယူျခင္းခံရပါက ေလ်ာ္ေၾကးျငင္းဆန္ပါတယ္…ကားအသုံးျပဳပုံ ကြဲျပား ပါကလည္း ေလ်ာ္ေၾကးမေပးပါဘူး…

ဥပမာ အိမ္သုံးကားအေနျဖင့္ အဆိုလႊာတြင္ေၾကျငာၿပီး ကုန္တင္ျခင္း စီးပြားျဖစ္ လုပ္ငန္းလုပ္ေဆာင္ေနျခင္း အငွါးလိုက္ျခင္းမ်ားကို ဆိုလိုျခင္းပါ…ကားတိုက္မႈျဖစ္ၿပီး (၄၈)နာရီအတြင္း ကုမၸဏီ ကို အေၾကာင္းၾကားရပါမယ္…

အာမခံထားစဥ္ ကတည္းက ကားအသုံးျပဳပုံကို မွန္ကန္စြာ ျဖည့္စြက္သင့္ပါတယ္…က်ေနာ္တို႔ အာမခံစနစ္မွာ(Utmos Good Faith) အစြမ္းကုန္ရိုးသားျခင္း ဟာ အဓိက အသက္ေသြးေၾကာပါပဲ…မိမိရဲ႕ ပကတိအတိုင္း ေဖာ္ျပခ်က္ကို ကုမၸဏီ က အဓိကထား စဥ္းစားပါတယ္…အရိုးသားဆုံး ေဖာ္ျပဖို႔ အေရးႀကီးပါတယ္…

အထူးသျဖင့္ ပရီမီယမ္ သက္သာေအာင္ ကားတန္ဖိုးေလ်ာ့ေဖာ္ျပျခင္းကို မျပဳလုပ္သင့္ပါဘူး…ေပးေဆာင္ရတဲ့ေငြက သိပ္မကြာလွေပမယ့္…
ေလ်ာ္ေၾကးရရွိတဲ့အခါမွာ ေလ်ာ့ၿပီးရတာမ်ိဳး ျဖစ္တတ္ပါတယ္…သေဘာတူထားရွိတဲ့ ႏႈန္းကို အေျခခံတြက္တာေၾကာင့္ ကြာဟခ်က္ ႏႈန္းထားမ်ား ရဲ႕ အေရးပါမႈဟာ အခရာ ျဖစ္သြားပါၿပီ…

ကားတိုက္ျခင္းေတြမွာ…မူးယစ္ေနစဥ္တိုက္ မိျခင္း…ေပ်ာ္၍တိုက္ မိျခင္း ဝမ္းနဲ၍ တိုက္ျခင္း ေဒါသျဖစ္၍ တိုက္ မိျခင္း သူတပါးထိခိုက္ နစ္နာ ေစလို၍ တိုက္မိျခင္း စတဲ့ စိတ္ခံစားမႈေၾကာင့္ျဖစ္တဲ့ ကိစၥ မ်ိဳးေတြ စစ္ေဆးေပၚေပါက္ခဲ့ပါက…

အာမခံက ျငင္းဆိုပါတယ္…မိမိတိုက္ မိတဲ့ တစ္ဖက္ကားဟာ လိုင္စင္ နဲ႕ပတ္သက္ၿပီး လြဲမွားမႈေတြ ရွိေနပါကလည္း အျငင္းပြားမႈေတြ ျဖစ္တတ္ပါတယ္…

အာမခံ ေလ်ာ္ေၾကးဆိုတာဟာ…

အာမခံထားသူတစ္ဦးအား ဆုံးရႈံးမႈ မျဖစ္ပြားမီက ရွိခဲ့ေသာ ေငြေရးေၾကးေရး အေျခအေနအတိုင္း ျပန္လည္ေပးအပ္ျခင္းပါ…ေလ်ာ္ေၾကးရတာ ေပ်ာ္စရာမဟုတ္ေပမယ့္ ေက်နပ္စရာေတာ့ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္…အေကာင္းဆုံးအေျခအေနကေတာ့ ကားမတိုက္မိေအာင္ ေမာင္းႏွင္သြားလာျခင္းပါပဲ ခင္ဗ်ား

Credit;Htun Htun Naing

Add a Comment

Your email address will not be published. Required fields are marked *