မပေါ့ဆသင့်တဲ့ ဆီးအနံ့ နံရတဲ့ အကြောင်းရင်း…

ဆီးဟာ ဇီဝကမ္မဖြစ်စဉ်တွေ အပြီးမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကျောက်ကပ်က စွန့်ထုတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။သင်သွားလိုက်တဲ့ အဝါရောင်ရှိနေပြီး ပုံမှန်အနံ့တစ်ခုတော့ရှိပါတယ်။ ဆီးဟာ ဆီးပုံမှန်ထက်ပိုပြီး အနံ့ပြင်းနေမယ်ဆိုရင်ဒီအချက်တွေကြောင့်လားဆိုတာ လေ့လာဆန်းစစ်သင့်ပါတယ်။

– သင်ရေသောက်နည်းနေလို့လား?

ရေသောက်နည်းတဲ့အခါ ဆီးဟာ ပမာဏနည်းပြီး အနံ့ပြင်းနေတတ်ပါတယ်။ ဆီးနည်းပြီး အနံ့ပြင်းနေပြီဆိုရင် မိမိရေသောက်တာ မလုံလောက်ဘူးဆိုတဲ့ အနေအထားကီ သတိရပြီး ရေပိူသောက်ဖို့ ကြိုးစားကြည့်ပါ။

– သင်ကအနံ့ပြင်းတဲ့အစားအစာ စားမိလို့လား?

မြန်မာနိုင်ငံ အနေနဲ့ အနံ့ပြင်းတဲ့ အစားအစာရယ်လို့လူသိများတာတော့ ဓညင်းသီးပဲဖြစ်ပါလိမ့်မယ်။ အခြား ကညွတ် နဲ့ ဆီးအနံ့ပြင်းခြင်းဖြစ်ပေါ်စေပါတယ်။

– သင်သောက်နေတဲ့ ဆေးအချို့ကြောင့်လား?

တီဘီဆေး Rifampicin တို့ သွေးကျဲဆေး Wafarin တို့ဟာဆီးကို အရောင်ရော အနံ့ရောပြောင်းလဲစေပါတယ်။

– အားဆေးထဲမှာ ဗီတာမင် B6 ပါနေလို့လား?

အားဆေးသောက်ပြီးတဲ့နေ့ကစပြီး ဆီး ပိုလည်း ဝါတယ်။ အနံ့လည်း ပိုနံလာတယ်ဆိုရင်တော့ အားဆေးထဲမှာ ဗီတာမင် B6 ပါနေလို့ဖြစ်နိုင်ပါတယ်။ ဒီအနေအထားဟာ စိတ်အနှောက်အယှက်သိပ်မဖြစ်စေဘူးဆိုရင် အားဆေးကို ဆက်လက်သောက်သုံးလို့ရပါတယ်။ ရှားရှားပါးပါး ဆီးအနံ့နံနိုင်တဲ့ အနေအထားတွေကတော့ …

– ဆီးချိုရောဂါရှိနေတဲ့ အချိန်ဆီးအများကြီးသွားပြီး သကြားနံ့ရနေတာပိန်သွားတာ ရေအရမ်းငတ်တာမောပန်း နွမ်းနယ်နေတာ အနာကျက်မလွယ်နာတွေ ရှိနေပြီဆိုရင်တော့ ဆီးချိုဖောက်စစ်တာ ဆရာဝန်နဲ့တိုင်ပင်တာတွေလုပ်သင့်ပါတယ်။

– ကျောက်ကပ်ကျော်တည်နေတဲ့အချိန်ဆီးအနံ့ပြင်းတာတွေအပြင်ကိုမှ ကျောကုန်းနေရာအောင့်တာဆီးသွားရင်ကျင်တာ အောင့်တာ ဆီးထဲမှာ သွေးတွေပါလာပြီဆိုရင်တော့ ဒါဟာ ဆီးလမ်းကြောင်းကျောက်တည်နေတဲ့ လက္ခဏာတွေဖြစ်နေနိုင်ပါတယ်။

– အသည်းရောဂါတွေကြောင့်ဆီး အနံ့ပြင်းတာနဲ့အတူ အသားဝါတာ မျက်လုံးဝါတာတွေ ဖြစ်နေရင်တော့ အသည်းကို စစ်ဆေးဖို့ မမေ့လိုက်ပါနဲ့အချုပ်ပြောရရင်တော့ ဆရာဝန်ကို မဖြစ်မနေသွားပြသင့်တဲ့ ဆီးအနံ့နံခြင်းတွေကတော့ …

– ဆီးမထိန်းနိုင်တာ ၊ဆီးအကြာခဏသွားခြင်နေတာ

– ဆီးသွားရင် ပူပြီး အောင့်နေတာ

– ဗိုက်အောင့်ပိုင်းနဲ့ ခါးတစ်လျှောက် ကိုက်တာ အောင့်တာ

– အရမ်းမောပန်းပြီးနှုံးနေတာ

– အလွန်ဒေါသထွက်နေတတ်တာ စတဲလက္ခဏာတွေရှိနေပြီဆိုရင်တော့ မပေါ့ဆနေပါနဲ့တော့ ဆီးပဲ နံမှာပဲဆိုတဲ့ အတွေးကို ထုတ်ပြီး ဆရာဝန်နဲ့တိုင်ပင်ကုသကြပါလို့။

crd မယ်တင်(ဆေး ၁) ဒေါက်တာဇီဝက

ဆီးဟာ ဇီဝကမၼျဖစ္စဥ္ေတြ အၿပီးမွာ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေက်ာက္ကပ္က စြန႔္ထုတ္လိုက္တဲ့ အရည္ျဖစ္ပါတယ္။သင္သြားလိုက္တဲ့ အဝါေရာင္ရွိေနၿပီး ပုံမွန္အနံ႕တစ္ခုေတာ့ရွိပါတယ္။ ဆီးဟာ ဆီးပုံမွန္ထက္ပိုၿပီး အနံ႕ျပင္းေနမယ္ဆိုရင္ဒီအခ်က္ေတြေၾကာင့္လားဆိုတာ ေလ့လာဆန္းစစ္သင့္ပါတယ္။

– သင္ေရေသာက္နည္းေနလို႔လား?

ေရေသာက္နည္းတဲ့အခါ ဆီးဟာ ပမာဏနည္းၿပီး အနံ႕ျပင္းေနတတ္ပါတယ္။ ဆီးနည္းၿပီး အနံ႕ျပင္းေနၿပီဆိုရင္ မိမိေရေသာက္တာ မလုံေလာက္ဘူးဆိုတဲ့ အေနအထားကီ သတိရၿပီး ေရပိူေသာက္ဖို႔ ႀကိဳးစားၾကည့္ပါ။

– သင္ကအနံ႕ျပင္းတဲ့အစားအစာ စားမိလို႔လား?

ျမန္မာနိုင္ငံ အေနနဲ႕ အနံ႕ျပင္းတဲ့ အစားအစာရယ္လို႔လူသိမ်ားတာေတာ့ ဓညင္းသီးပဲျဖစ္ပါလိမ့္မယ္။ အျခား ကၫြတ္ နဲ႕ ဆီးအနံ႕ျပင္းျခင္းျဖစ္ေပၚေစပါတယ္။

– သင္ေသာက္ေနတဲ့ ေဆးအခ်ိဳ႕ေၾကာင့္လား?

တီဘီေဆး Rifampicin တို႔ ေသြးက်ဲေဆး Wafarin တို႔ဟာဆီးကို အေရာင္ေရာ အနံ႕ေရာေျပာင္းလဲေစပါတယ္။

– အားေဆးထဲမွာ ဗီတာမင္ B6 ပါေနလို႔လား?

အားေဆးေသာက္ၿပီးတဲ့ေန႕ကစၿပီး ဆီး ပိုလည္း ဝါတယ္။ အနံ႕လည္း ပိုနံလာတယ္ဆိုရင္ေတာ့ အားေဆးထဲမွာ ဗီတာမင္ B6 ပါေနလို႔ျဖစ္နိုင္ပါတယ္။ ဒီအေနအထားဟာ စိတ္အေႏွာက္အယွက္သိပ္မျဖစ္ေစဘူးဆိုရင္ အားေဆးကို ဆက္လက္ေသာက္သုံးလို႔ရပါတယ္။ ရွားရွားပါးပါး ဆီးအနံ႕နံနိုင္တဲ့ အေနအထားေတြကေတာ့ …

– ဆီးခ်ိဳေရာဂါရွိေနတဲ့ အခ်ိန္ဆီးအမ်ားႀကီးသြားၿပီး သၾကားနံ႕ရေနတာပိန္သြားတာ ေရအရမ္းငတ္တာေမာပန္း ႏြမ္းနယ္ေနတာ အနာက်က္မလြယ္နာေတြ ရွိေနၿပီဆိုရင္ေတာ့ ဆီးခ်ိဳေဖာက္စစ္တာ ဆရာဝန္နဲ႕တိုင္ပင္တာေတြလုပ္သင့္ပါတယ္။

– ေက်ာက္ကပ္ေက်ာ္တည္ေနတဲ့အခ်ိန္ဆီးအနံ႕ျပင္းတာေတြအျပင္ကိုမွ ေက်ာကုန္းေနရာေအာင့္တာဆီးသြားရင္က်င္တာ ေအာင့္တာ ဆီးထဲမွာ ေသြးေတြပါလာၿပီဆိုရင္ေတာ့ ဒါဟာ ဆီးလမ္းေၾကာင္းေက်ာက္တည္ေနတဲ့ လကၡဏာေတြျဖစ္ေနနိုင္ပါတယ္။

– အသည္းေရာဂါေတြေၾကာင့္ဆီး အနံ႕ျပင္းတာနဲ႕အတူ အသားဝါတာ မ်က္လုံးဝါတာေတြ ျဖစ္ေနရင္ေတာ့ အသည္းကို စစ္ေဆးဖို႔ မေမ့လိုက္ပါနဲ႕အခ်ဳပ္ေျပာရရင္ေတာ့ ဆရာဝန္ကို မျဖစ္မေနသြားျပသင့္တဲ့ ဆီးအနံ႕နံျခင္းေတြကေတာ့ …

– ဆီးမထိန္းနိုင္တာ ၊ဆီးအၾကာခဏသြားျခင္ေနတာ

– ဆီးသြားရင္ ပူၿပီး ေအာင့္ေနတာ

– ဗိုက္ေအာင့္ပိုင္းနဲ႕ ခါးတစ္ေလွ်ာက္ ကိုက္တာ ေအာင့္တာ

– အရမ္းေမာပန္းၿပီးႏႈံးေနတာ

– အလြန္ေဒါသထြက္ေနတတ္တာ စတဲလကၡဏာေတြရွိေနၿပီဆိုရင္ေတာ့ မေပါ့ဆေနပါနဲ႕ေတာ့ ဆီးပဲ နံမွာပဲဆိုတဲ့ အေတြးကို ထုတ္ၿပီး ဆရာဝန္နဲ႕တိုင္ပင္ကုသၾကပါလို႔။

crd မယ္တင္(ေဆး ၁) ေဒါက္တာဇီဝက

Add a Comment

Your email address will not be published. Required fields are marked *