မိမိဘဝ တိုးတက် အောင်မြင်မှုကို ဟန့်တားနေတာက ဘယ်လိုအရာတွေလဲ

အောင်မြင်မှုဆိုတာကလည်း လိုချင်လိုက်တာလို့ ပြောနေရုံနဲ့ ကိုယ့်ဆီ တန်းတန်းမတ်မတ် ရောက်လာမှာမျိုး မဟုတ်ပါဘူး။ ကိုယ့်ဆီ ရောက်လာဖို့ တစိုက်မတ်မတ် ကြိုးစားရမှာပါ။ တစ်နှစ်၊ နှစ်နှစ် ဖြစ်နိုင်သလို (၁၀) နှစ်လောက်နေမှ အောင်မြင်မှု ရတာလည်း ဖြစ်နိုင်တာပဲ။ အောင်မြင်မှု ရဖို့ ကြိုးစားနေတဲ့အချိန်မှာ အတားအဆီးတွေ၊ အဟန့်အတားတွေ ရှိနေမှာ သေချာပါတယ်။ ဒါတွေကို သေချာ ဖြတ်ကျော်နိုင်မယ်ဆိုရင် အောင်မြင်မှုက မလွဲမသေ ရောက်လာမှာမို့ ဘယ်လိုအဟန့်အတားတွေ ဖြစ်မလဲ ကြည့်ကြည့်ရအောင်နော်။

လုပ်နိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိတ်က အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် အကြီးမားဆုံး အဟန့်အတားပါပဲ။ အဲဒီစိတ်ကို ဖျောက်ထားနိုင်ဖို့ လိုပါတယ်။ လုပ်နိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားလို့ တွေးတိုင်း အရင်က ကိုယ့်ဘဝမှာ အဆင်ပြေပြေ ဖြတ်သန်းခဲ့တာတွေ၊ အောင်မြင်ခဲ့ဖူးတာတွေကို ပြန်တွေးကြည့်လိုက်ပါ။ ဒါဆိုရင် ပိုပြီး အားတက်လာမှာပါ။ အဓိကကတော့ လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ် ဆိုတဲ့ စိတ်မွေးထားပါ။

အောင်မြင်မှု ရဖို့အတွက် အောက်ကျို့ရမယ့်သူတွေ ကြုံကို ကြုံရမှာပါ။ ပညာအရပဲ ဖြစ်ဖြစ် ကိုယ့်ကို မျှဝေပေးဖို့၊ သင်ပေးဖို့အတွက် အောက်ကျို့ရတာတွေ ရှိမှာပါ။ တချို့ မိန်းကလေးတွေက အဲဒီလိုမျိုး ပညာရဖို့ အောက်ကျို့ရမှာကို နည်းနည်း ရှက်သလို၊ မာနထားတာမျိုး ရှိတတ်ကြတယ်လေ။ အောင်မြင်မှုအတွက်တော့ ပညာရဖို့ အောက်ကျို့တာမျိုးကို မာနမထားပါနဲ့၊ မရှက်ပါနဲ့။

ဆုံးဖြတ်ချက် မပြတ်သားတာကလည်း အတားအဆီးတွေထဲက တစ်ခုပါပဲ။ ဆုံးဖြတ်ချက် မပြတ်သားဘူးဆိုရင် ဟိုဟာပဲ လုပ်ရမလား၊ ဒီဟာပဲ လုပ်ရမလား၊ ဟိုနိုးနိုး ဒီနိုးနိုးနဲ့ အောင်မြင်မှုတွေ ကြန့်ကြာတတ်ပါတယ်။ ဘယ်အလုပ်မဆို ဆုံးဖြတ်ချက် သေချာချထားပါ။

ချစ်တို့ရေ အောင်မြင်မှု တစ်ခု ရဖို့ဆိုတာ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးက အရေးကြီးပါတယ်။ ကိုယ့်ရဲ့အလုပ်နဲ့ ဆက်နွယ်မယ့်သူတိုင်းနဲ့ Relation ကောင်းနေဖို့ လိုတယ်နော်။ ယောကျ်ားလေးတွေနဲ့မို့ အလုပ်တွဲမလုပ်ချင်တာ၊ ရှက်တာ၊ ကြောက်တာ၊ ပွင့်ပွင့်လင်းလင်း မပြောဆိုတာတွေက အဟန့်အတားတွေပါပဲ။ ပြောဆိုဆက်ဆံတဲ့အခါ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ကျားမ မရွေး ဆက်ဆံပြောဆိုပါ။

ကိုယ့်ရဲ့ ပန်းတိုင်ရောက်ဖို့အတွက် ဂရုစိုက်သင့်တဲ့သူတွေကိုပဲ စိုက်ပါ။ နားယောင်တတ်တဲ့ အကျင့်တွေ ပြင်ပါ။ ဂရုမစိုက်သင့်တဲ့ သူတွေကို ဂရုစိုက်လွန်းတာကလည်း အောင်မြင်မှု့ ပန်းတိုင်ရောက်ဖို့ တားဆီးတဲ့အရာပဲဆိုတာ မမေ့ပါနဲ့။
ကောက်ရိုးမီးလုပ်တာ

ကောက်ရိုးမီးတောက်တာကို မြင်ဖူးတယ်မလား။ ခဏလေး ဟုန်းခနဲ ထတောက်ပြီး မြန်မြန်ပြန်ငြိမ်းသွာမျိုးပေါ့။ အောင်မြင်မှု လိုချင်တယ်ဆိုရင် ကောက်ရိုးမီးလို ခဏလေးတော့ စိတ်ကူးရတုန်း အကုန်လုပ်ပြီး နောက်ကျ ဘာမှဆက်မဖြစ်တော့တာမျိုး ရှောင်ရမှာပါ။ တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ လိုတယ်နော်။ ဒါမှချစ်တို့ရေ ကိုယ့်ရဲ့ အောင်မြင်မှုကို ဘယ်အရာတွေက ဟန့်တားနေလဲဆိုတာ သိထားဖို့ လိုတယ်နော်။ ဒါမှ ကျော်ဖြတ်နိုင်ပြီး ရည်မှန်းချက်တွေ အမြန်ပြည့်မှာ။

Add a Comment

Your email address will not be published. Required fields are marked *