မဖြစ်မနေ သိထားသင့်တဲ့ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

ကိုဗစ် ၁၉ ကာ ကွယ်ေ ဆးေ တွ ကမ္ဘာနဲ့တစ် ဝန်း အပြိုင် အဆိုင် ကြိုးပမ်း ထု တ်လုပ် နေကြရာ မှာ တရု တ်နိုင်ငံ ဆိုင်နိုဗက် (Sinovac) ဆေးဝါး ကုမ္ပဏီက ထုတ်လုပ် တဲ့ ကာကွယ်ဆေး ဟာ နိုင်ငံ တကာမှာ ရှေ့ကပြေးနေ တဲ့ ကာကွယ်ဆေးတွေထဲ က တစ်ခုဖြ စ်ပြီး တရုတ် ကနေ နိုင်ငံခြားတိုင်းပြည်တွေ ကို တင်ပို့နေ ပါပြီ။

ဘေဂျင်း အခြေစိုက် ဆိုင်နိုဗက် ကုမ္ပဏီ က တင်ပို့လိုက် တဲ့ ကိုရိုနာဗက် (CoronaVac) ကာကွယ်ဆေးတွေ အင်ဒိုနီးရှားကို ရောက်ရှိနေပြီး အဲဒီမှာ ပြည်သူအမြော က်အမြားကို ထိုးပေးဖို့ ပြင်ဆင်နေပါပြီ၊ နောက်ထပ် ဆေးအလုံးပေါင်း တစ်သန်း ရှစ်သိန်း ဇန်နဝါရီလ ကျရင် ထပ်မံရောက်လာ ပါဦးမှာပါ ။

ဒါပေမဲ့ ဒီကာကွ ယ်ဆေး ဟာ နောက်ဆုံး အဆင့် (တတိယအ ဆင့်)စမ်း သပ်မှုကို ဖြတ်သ န်းရဦးမှာပါ။ ဒါကြောင့် ဒီ တရုတ်ကာကွယ်ဆေးအကြောင်း ကျွန်ုပ်တို့ ဘယ်လော က် သိထား ကြပြီလဲ ဆိုတဲ့ အမေးက ပေါ်လာပါတယ်။

မဖြစ်မနေ သိထားသင့်တဲ့ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

တခြားကိုဗစ်ကာကွယ်ဆေးတွေ နဲ့ ဆိုင်နိုဗက်(Sinovac) ဘာတွေကွာခြား ပါလဲ

ဆိုင်နိုဗက် ရဲ့ ကိုရိုနာ ဗက် (CoronaVac) ကာကွယ်ဆေး က သေဆုံးပြီးသား ကိုရိုနာ ဗိုင်းရပ်စ် အပိုင်းအစ တွေကို အသုံးပြုထားတာဖြစ်ပြီး ဒီကာကွယ်ဆေး ကိုထိုးပြီးရင် လူ့ ကိုယ်ခန္ဓာက ကိုယ်ခံ အားစနစ်ဟာ ဒီဗိုင်းရပ်စ်ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသွား စေပါတယ်။ နောက်ပြီး ဘေးထွက်ဆိုး ကျိုးရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် လည်း နည်းပါတယ်။

မိုဒန်နာ (Moderna) နဲ့ ဖိုင်ဇာ (Pfizer) ကာကွယ်ဆေးတွေ ကတော့ mRNA ကာကွယ်ဆေးတွေပါ ၊ ဆိုလိုတာကတော့ ကိုရိုနာဗိုင်းရပ်စ် ရဲ့ မျိုးဗီဇ ကုဒ် ကို လူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းေ ပးလိုက်တဲ့ အခါ အဲဒီကနေ ဗိုင်းရပ်စ် ပရိုတင်းတွေ (ဗိုင်းရပ်စ်ပိုး အပြည့်အစုံတစ်ခုလုံးမဟုတ်ပါ) ထွက်လာစေပါတယ်၊ အဲဒီ ဗိုင်းရပ်စ် ပရိုတင်းတွေက လူ့ကိုယ်ခံအား စနစ်ကို လေ့ကျင့်ပေးသွားပြီး တကယ့်ဗိုင်းရပ်စ် ကိုယ်ခန္ဓာထဲ ကို ဝင်လာတဲ့အခါ မှာ တိုက်ခိုက်နိုင်တဲ့အခြေအနေကို ဖြစ်စေပါတယ်။

“ကိုရိုနာဗက် (CoronaVac) က ကာကွယ်ဆေး ထုတ် တဲ့ နည်းလမ်းက အစဉ်အလာ နည်းလမ်းပါ၊ ဥပမာ – လူသိများပြီးသား ခွေးရူးပြန်ရောဂါ (rabies) ကာကွယ်ဆေးမျိုးလိုပေါ့” လို့ နန်ယန် နည်းပညာ တက္ကသိုလ်က တွဲဖက် ပါမောက္ခ လျို ဒါဟိုင်က ဘီဘီစီကိုပြောပါ တယ်။

“mRNA ကာကွယ်ဆေးတွေကတော့ ကာကွယ်ဆေး အမျိုးအစား အသစ်ဖြစ်ပြီးတော့ လူထုကြားထဲ မှာ သုံးထားပြီးပြီ၊ အောင်မြင်ထားပြီးပြီ ဆိုတဲ့ ဥပမာတော့ မရှိသေး ပါဘူး” လို့ ပါမောက္ခ လျိုက ဆိုပါတယ်။

အညွှန်းအရ ဆိုင်နိုဗက် ကာကွယ်ဆေး ရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုကတော့ အောက်စဖို့ ကာကွယ်ဆေးလိုပဲ ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ် လောက် အေးထားနိုင်တဲ့ ပုံမှန် ရေခဲသေတ္တာထဲမှာ ဆေးကို သိုလှောင်ထားနိုင် ပါတယ် ။ မိုဒန်နာ ကာကွယ်ဆေးက ရေခဲမှတ်အောက် -၂၀ ဒီဂရီ စင်တီဂရိတ် မှာထားရတာဖြစ်ပြီး ဖိုင်ဇာ ကာကွယ်ဆေးကတော့ ရေခဲမှတ်အောက် – ၇၀ ဒီဂရီ စင်တီဂရိတ်မှာ ထားရတာ ပါ ။

မဖြစ်မနေ သိထားသင့်တဲ့ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

သဘောကတော့ ရေခဲမှတ်အောက် အများကြီးအေးနေ တဲ့ အခြေအနေအောက် မှာ ကာကွယ်ဆေး အများ အပြား ကို ထိန်းသိမ်းထား ဖို့ရာ အခက်အခဲရှိနိုင် တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုင်နိုဗက်နဲ့ အောက်စဖို့ (AstraZeneca) ကာကွယ်ဆေး နှစ် မျိုးက ပိုအသုံးဝင်မယ့် သဘောပါ ။

ဒီဆိုင်နိုဗက် ကာကွယ်ဆေး က ဘယ်လောက် အစွမ်းထက် ပါလဲ။ ဒီအချိန်မှာ ပြောရအတော်ခက် ပါသေးတယ် ။ လန်းဆက် Lancet ဂျာနယ်အရ ဆိုင်နိုဗက် ကာကွယ်ဆေးကို စမ်းသပ်နေကြရာမှာ ပထမနဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုပဲ ရနိုင်ပါသေး တယ် ။

ဂျာနယ်မှာ ပါဝင်တဲ့ အဆိုပါ ကာကွယ်ဆေးဆိုင်ရာ စာတမ်းရေးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဇူ ဖန်ကိုင်က ပထမအဆင့် စမ်းသပ်မှုမှာ လူပေါင်း ၁၄၄ ယောက်ပါဝင်ခဲ့ပြီး ဒုတိယအဆင့် စမ်းသပ်မှုမှာ လူပေါင်း ၆၀၀ ပါဝင်ထား တဲ့ ဒီစမ်း သပ်မှုတွေ ကို အခြေခံထား တဲ့ ရလဒ် အရ ဒီကာကွယ်ဆေးဟာ အရေးပေါ်သုံးစွဲဖို့ အတွက် သင့်တော်ပြီ ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တယ် လို့ ဆို ပါတယ်။

စက်တင်ဘာလ အတွင်းတုန်း က ဆိုင်နိုဗက် ကုမ္ပဏီက မစ္စတာ ယင်က စမ်းသပ်မှုတွေ ကို ဗော်လံတီယာပေါင်း ၁၀၀၀ ကျော်နဲ့ လုပ်ခဲ့ရာမှာ “လူအနည်းအပါးက နည်းနည်း ပင်ပန်းသွားတာမျိုး ဒါမှမဟုတ် မအီမသာဖြစ်တာမျိုး ကိုတွေ့ရတယ်၊ ဒီလိုဖြစ်တာ ၅% ထက်မကျော်ပါဘူး ” လို့ ဆို ပါ တယ်။

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးနဲ့ သေနှုန်း ဒုတိယအများဆုံးဖြစ်နေ တဲ့ ဘရာဇီး မှာ အောက်တို ဘာလတုန်း က ဒီကာကွယ်ဆေး ကို နောက်ဆုံးအဆင့်ဖြစ်တဲ့ တတိယအဆင့် စမ်းသပ်မှုတွေကို လုပ်ခဲ့ပါတယ်။ ဗော်လံတီယာ အဖြစ် အစမ်းသပ်ခံ တဲ့ သူတစ်ယောက် သေဆုံးသွားတယ် ဆိုတဲ့ သတင်းထွက်လာတဲ့ အတွက် နိုဝင်ဘာလ မှာ အဲဒီစမ်းသပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်၊ ဒါပေမဲ့ သေဆုံးတာက ဒီစမ်းသပ်မှု နဲ့ မဆိုင်ကြောင်းသိ ခဲ့ရပြီးတဲ့နောက် စမ်းသပ်မှုတွေ ကို ဆက်လက် လုပ်ဆောင်နေ ပါတယ် ။

ဘရာဇီး မှာ ဆိုင်နိုဗက် နဲ့ တွဲဖက်အလုပ်လုပ်တဲ့ ဘူတန်တန် အင်စတီကျု (Butantan Institute) က ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ အဲဒီစမ်းသပ်မှုက ရလဒ်တွေကို ဆိုင်နိုဗက်က ထုတ်ပြန်သွားမယ်လို့ သူတို့မျှော်မှန်းထားကြောင်းပြော ပါတယ်။ ပါမောက္ခ လျိုက “ရနိုင်တဲ့ သတင်းအချက်အလက်က အကန့်အသတ်ရှိနေသေး တဲ့အတွက်” ဒီကာကွယ်ဆေးရဲ့ အစွမ်းထက်မှု ကို အခုအချိန်မှာ မှတ်ချက်ပေးဖို့ ခက်နေသေးတယ်လို့ပြောပါတယ်။

မဖြစ်မနေ သိထားသင့်တဲ့ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

“အရင်အစ ပျိုးရထား တဲ့ အချက်အလက်တွေ အရကြည့်ရင် ဒီကာကွယ်ဆေးဟာ အစွမ်းထက်တဲ့ ကာကွယ်ဆေးတစ်ခုပါ၊ ဒါပေမဲ့ တတိယအဆင့် စမ်းသပ်မှုက ရလဒ်တွေကို စောင့်ကြည့်ဖို့လိုသေးတယ်” လို့ သူက ဆိုပါ တယ်။

“ဒီစမ်းသပ်မှုက ဘယ်လို လူမျိုးရယ် လို့ မဟုတ်ပဲ ကြုံရာလူ ဘယ်သူ့ကို မဆို စမ်းသပ်ထားပြီး အရေအတွက်ကလည်း ထောင်နဲ့ချီတဲ့ လူတွေကို စမ်းသပ်တာပါ၊ လူဦးရေအကုန်လုံးအတွက် စိတ်ချလက်ချနဲ့ အစွမ်း ထက်ထက် သုံးနိုင်အောင် အတွက် ဒီလိုစမ်းသပ် မှပဲ ကာကွယ်ဆေး က စိတ်ချရမှာပါ ။”

တစ်နှစ်မှာ ဒီကာကွယ်ဆေး အလုံးပေါင်း ဘယ်လောက်ထုတ်နိုင် မလဲ

ဆိုင်နိုဗက် ကုမ္ပဏီ ဥက္ကဋ္ဌက သူတို့အနေ နဲ့ အသစ်ဆောက်လုပ်ထား တဲ့ စတုရန်း မီတာ ၂၀၀၀၀ အကျယ် ဆေးဝါးထုတ်စက်ရုံကနေ တစ်နှစ်ကို ဆေးအလုံးပေါင်း သန်း ၃၀၀ ထုတ်လုပ်နိုင်မယ် လို့ တရုတ်အစိုးရ မီဒီယာ CGTN ကိုပြော ပါတယ် ။ တခြားကိုဗစ်ကာကွယ်ဆေးတွေ လိုပဲ ဒီဆေးက နှစ် ခါထိုးဖို့ လိုအပ်တဲ့အတွက် တစ်နှစ်ကို လူပေါင်း သန်း ၁၅၀ အတွက်ပဲ လုံလောက်ပါလိမ့်မယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံ လူဦးရေရဲ့ ဆယ်ပုံ တစ်ပုံ သာသာပဲ ရှိပါ တယ် ။

ဒါပေမဲ့ ဒီဆိုင်နိုဗက် ကာကွယ်ဆေးတွေ ကို အင်ဒိုနီးရှားကို တင်ပို့ပြီးဖြစ်သလို၊ တူရကီ၊ ဘရာဇီး၊ ချီလီ စတဲ့ နိုင်ငံတွေနဲ့လည်း သူတို့ သဘောတူညီချက်တွေ လုပ်ပြီးပါပြီ။ ကာကွယ်ဆေးဝယ်ဖို့အတွက် အာဖရိက တိုက်နိုင်ငံတွေ ကို ဒေါ်လာ နှစ်ဘီလီယံ ချေးမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုတဲ့ သတင်း ထွက်ခဲ့သလို၊ လက်တင် အမေရိကနဲ့ ကာရေဘီယံဒေသ နိုင်ငံတွေကိုလည်း ဒေါ်လာ ၁ ဘီလီယံ ချေးမယ် ဆိုတဲ့ သတင်း လည်း ထွက်တဲ့ အတွက် ကာကွယ်ဆေး ဒီပလိုမေစီ ပြိုင်ပွဲမှာ တရုတ် က အသာစီးရနေပုံပဲလို့ သုံးသပ်သူတွေက ထောက်ပြနေ ပါတယ် ။ ဒီသဘော တူညီချက် တွေအတွက် လိုက်နာရမှာတွေက ဘာတွေလဲ ဆို တာတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

MERICS က သုံးသပ်သူ ဂျက်ကော့ဘ် မတ်ဒဲလ် က “ဘေဂျင်းအနေနဲ့ ဒီအသက်ကယ် နည်းပညာတွေကို သုံးပြီး စီးပွားရေးအရ၊ သံတမန်ရေးအရ အမြတ်ရအောင် လွှမ်းမိုးလုပ်ကိုင်သွားလိမ့်မယ်” ABC သတင်းဌာန ကို ပြောပါ တယ်။

ကာကွယ်ဆေးတစ်လုံး အတွက် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာ အသေအချာ မသိရနိုင်ပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက တရုတ်နိုင်ငံ ယီဝုမြို့မှာ စမ်းသပ်အဆင့် ကာကွယ်ဆေးတွေကို ထိုးပေးနေ တဲ့ သူနာပြုတွေက ဆေးတစ်လုံး ကို ဒေါ်လာ ၆၀ နဲ့ညီမျှတဲ့ ယွမ် ၄၀၀ နီးပါး အခယူကြတာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အစိုးရပိုင် ဆေးဝါးကုမ္ပဏီ Bio Farma က ဒီကာကွယ်ဆေး တစ်လုံး ကို ရူပီး ၂၀၀၀၀၀ (၁၃.၆ ဒေါ်လာ) ကကုန်ကျမယ်လို့ ဆိုပါတယ်။

တစ်လုံး ကို ၄ ဒေါ်လာ လောက်ကုန်ကျ တဲ့ အောက်စဖို့ ကာကွယ်ဆေးထက် ဒီဆိုင်နိုဗက် ကာကွယ်ဆေးက ဈေးကြီးတယ်ဆိုပေမဲ့လည်း တစ်လုံးကို ၃၃ ဒေါ်လာကျမယ့် မိုဒန်နာ ကာကွယ်ဆေးထက် ဈေးသက်သာ ပါတယ် ။ မိုဒန်နာ က ၂၀၂၁ ခုနှစ်အတွင်းမှာ ဆေး အလုံးရေ သန်း ၅၀၀ တင်ပို့နိုင်မယ် လို့ ရည်မှန်းထားပြီး အောက်စဖို့ ကာကွယ်ဆေးက ၂၀၂၁ ခုနှစ် ပထမ ၃ လ ပတ်အကုန်လောက်မှာ ဆေးအလုံးပေါင်း သန်း ၇၀၀ ထုတ်လုပ်ပြီးဖြစ်လိမ့်မယ်လို့ ဆို ပါတယ်။

တရုတ်ကထုတ်တဲ့ တခြား ကာကွယ်ဆေးတွေကကော ဘယ်လိုလဲ

စမ်းသပ်မှု နောက်ဆုံးအဆင့် ကိုရောက်နေကြတဲ့ တရုတ် ကာကွယ်ဆေးတွေ စုစုပေါင်း ၄ ခုရှိ ပါတယ်။ အဲဒီထဲက တစ်ခုက ဆိုင်နိုဖမ်း (Sinopharm) ကာကွယ်ဆေးဖြစ်ပြီး အငြင်းပွားစရာ အရေးပေါ် အစီအစ ဉ်နဲ့ တရုတ်လူဦးရေ တစ်သန်းနီးပါး ကို ထိုးပေးပြီး ပါပြီ။ ဆိုင်နိုဖမ်း ကာကွယ်ဆေး စမ်းသပ်မှု တတိယအဆ င့်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ ကို ထုတ်ပြန်ရဦးမှာပါ။

“အရေးပေါ် အသုံးပြုဖို့ အခွင့်မပေးသေး ခင် တတိယ အဆင့် စမ်းသပ်မှုကို သုံးသပ်ဖို့ စောင့်ဆိုင်းရတာက ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ”လို့ National University of Singapore က ပါမောက္ခ ဒေါက်တာ ဒေးလ် ဖစ်ရှာက CNBC သတင်းဌာန ကို ပြောပါတယ်။ ပါမောက္ခ ဖစ်ရှာက ဒီလို စမ်းသပ်မှုအဆင့်တွေ မပြီးသေး ဘဲ လုပ်နေကြတာတွေ က “လုပ်ရိုး လုပ်စဉ် နဲ့ မညီ ပါဘူး”၊ အနောက်နိုင်ငံတွေမှာ ဆိုရင် “လက်မခံနိုင်ကြပါဘူး” လို့ ပြောပါတယ်။ တရုတ်ပြည်တွင်းက အတော်များများနေရာတွေ မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ကို ထိန်းချုပ်နိုင် နေပြီး “ပုံမှန်လိုဖြစ်လာတဲ့ အခြေအနေသစ်”တွေအပေါ် လူတွေက အသားကျ လာနေပါပြီ။

ဆိုနိုဖမ်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့က ယူအေအီး အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ မှတ်ပုံတင်အသိအမှတ်ပြုတာကိုရခဲ့ပါတယ်။ အဲဒီက အာဏာပိုင်တွေက ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ တတိယအဆင့်စမ်းသပ်မှုမှာ ၈၆% အစွမ်းထက်တယ်လို့ ဆို ပါတယ် ။ ယူအေအီး အစိုးရ အရာရှိတွေက ဒီကာကွယ်ဆေး ကို အခု ဘယ်လိုအသုံးချနေပြီလဲဆိုတာ ကိုတော့ မပြောပါဘူး

Credit;BBC

ကိုဗစ္ ၁၉ ကာ ကြယ္ေ ဆးေ တြ ကမာၻနဲ႕တစ္ ဝန္း အၿပိဳင္ အဆိုင္ ႀကိဳးပမ္း ထု တ္လုပ္ ေနၾကရာ မွာ တ႐ု တ္နိုင္ငံ ဆိုင္နိုဗက္ (Sinovac) ေဆးဝါး ကုမၸဏီက ထုတ္လုပ္ တဲ့ ကာကြယ္ေဆး ဟာ နိုင္ငံ တကာမွာ ေရွ႕ကေျပးေန တဲ့ ကာကြယ္ေဆးေတြထဲ က တစ္ခုျဖ စ္ၿပီး တ႐ုတ္ ကေန နိုင္ငံျခားတိုင္းျပည္ေတြ ကို တင္ပို႔ေန ပါၿပီ။

ေဘဂ်င္း အေျခစိုက္ ဆိုင္နိုဗက္ ကုမၸဏီ က တင္ပို႔လိုက္ တဲ့ ကိုရိုနာဗက္ (CoronaVac) ကာကြယ္ေဆးေတြ အင္ဒိုနီးရွားကို ေရာက္ရွိေနၿပီး အဲဒီမွာ ျပည္သူအေျမာ က္အျမားကို ထိုးေပးဖို႔ ျပင္ဆင္ေနပါၿပီ၊ ေနာက္ထပ္ ေဆးအလုံးေပါင္း တစ္သန္း ရွစ္သိန္း ဇန္နဝါရီလ က်ရင္ ထပ္မံေရာက္လာ ပါဦးမွာပါ ။

ဒါေပမဲ့ ဒီကာကြ ယ္ေဆး ဟာ ေနာက္ဆုံး အဆင့္ (တတိယအ ဆင့္)စမ္း သပ္မႈကို ျဖတ္သ န္းရဦးမွာပါ။ ဒါေၾကာင့္ ဒီ တ႐ုတ္ကာကြယ္ေဆးအေၾကာင္း ကြၽန္ုပ္တို႔ ဘယ္ေလာ က္ သိထား ၾကၿပီလဲ ဆိုတဲ့ အေမးက ေပၚလာပါတယ္။

တျခားကိုဗစ္ကာကြယ္ေဆးေတြ နဲ႕ ဆိုင္နိုဗက္(Sinovac) ဘာေတြကြာျခား ပါလဲ

ဆိုင္နိုဗက္ ရဲ႕ ကိုရိုနာ ဗက္ (CoronaVac) ကာကြယ္ေဆး က ေသဆုံးၿပီးသား ကိုရိုနာ ဗိုင္းရပ္စ္ အပိုင္းအစ ေတြကို အသုံးျပဳထားတာျဖစ္ၿပီး ဒီကာကြယ္ေဆး ကိုထိုးၿပီးရင္ လူ႕ ကိုယ္ခႏၶာက ကိုယ္ခံ အားစနစ္ဟာ ဒီဗိုင္းရပ္စ္ရဲ႕တိုက္ခိုက္မႈကို ခံနိုင္ရည္ရွိသြား ေစပါတယ္။ ေနာက္ၿပီး ေဘးထြက္ဆိုး က်ိဳးေရာဂါေတြ ျဖစ္လာနိုင္တဲ့ အႏၲရာယ္ လည္း နည္းပါတယ္။

မိုဒန္နာ (Moderna) နဲ႕ ဖိုင္ဇာ (Pfizer) ကာကြယ္ေဆးေတြ ကေတာ့ mRNA ကာကြယ္ေဆးေတြပါ ၊ ဆိုလိုတာကေတာ့ ကိုရိုနာဗိုင္းရပ္စ္ ရဲ႕ မ်ိဳးဗီဇ ကုဒ္ ကို လူ႕ခႏၶာကိုယ္ထဲကို ထိုးသြင္းေ ပးလိုက္တဲ့ အခါ အဲဒီကေန ဗိုင္းရပ္စ္ ပရိုတင္းေတြ (ဗိုင္းရပ္စ္ပိုး အျပည့္အစုံတစ္ခုလုံးမဟုတ္ပါ) ထြက္လာေစပါတယ္၊ အဲဒီ ဗိုင္းရပ္စ္ ပရိုတင္းေတြက လူ႕ကိုယ္ခံအား စနစ္ကို ေလ့က်င့္ေပးသြားၿပီး တကယ့္ဗိုင္းရပ္စ္ ကိုယ္ခႏၶာထဲ ကို ဝင္လာတဲ့အခါ မွာ တိုက္ခိုက္နိုင္တဲ့အေျခအေနကို ျဖစ္ေစပါတယ္။

“ကိုရိုနာဗက္ (CoronaVac) က ကာကြယ္ေဆး ထုတ္ တဲ့ နည္းလမ္းက အစဥ္အလာ နည္းလမ္းပါ၊ ဥပမာ – လူသိမ်ားၿပီးသား ေခြး႐ူးျပန္ေရာဂါ (rabies) ကာကြယ္ေဆးမ်ိဳးလိုေပါ့” လို႔ နန္ယန္ နည္းပညာ တကၠသိုလ္က တြဲဖက္ ပါေမာကၡ လ်ိဳ ဒါဟိုင္က ဘီဘီစီကိုေျပာပါ တယ္။

“mRNA ကာကြယ္ေဆးေတြကေတာ့ ကာကြယ္ေဆး အမ်ိဳးအစား အသစ္ျဖစ္ၿပီးေတာ့ လူထုၾကားထဲ မွာ သုံးထားၿပီးၿပီ၊ ေအာင္ျမင္ထားၿပီးၿပီ ဆိုတဲ့ ဥပမာေတာ့ မရွိေသး ပါဘူး” လို႔ ပါေမာကၡ လ်ိဳက ဆိုပါတယ္။

အၫႊန္းအရ ဆိုင္နိုဗက္ ကာကြယ္ေဆး ရဲ႕ အဓိက အားသာခ်က္ေတြထဲက တစ္ခုကေတာ့ ေအာက္စဖို႔ ကာကြယ္ေဆးလိုပဲ ၂ ကေန ၈ ဒီဂရီ စင္တီဂရိတ္ ေလာက္ ေအးထားနိုင္တဲ့ ပုံမွန္ ေရခဲေသတၱာထဲမွာ ေဆးကို သိုေလွာင္ထားနိုင္ ပါတယ္ ။ မိုဒန္နာ ကာကြယ္ေဆးက ေရခဲမွတ္ေအာက္ -၂၀ ဒီဂရီ စင္တီဂရိတ္ မွာထားရတာျဖစ္ၿပီး ဖိုင္ဇာ ကာကြယ္ေဆးကေတာ့ ေရခဲမွတ္ေအာက္ – ၇၀ ဒီဂရီ စင္တီဂရိတ္မွာ ထားရတာ ပါ ။

သေဘာကေတာ့ ေရခဲမွတ္ေအာက္ အမ်ားႀကီးေအးေန တဲ့ အေျခအေနေအာက္ မွာ ကာကြယ္ေဆး အမ်ား အျပား ကို ထိန္းသိမ္းထား ဖို႔ရာ အခက္အခဲရွိနိုင္ တဲ့ ဖြံ႕ၿဖိဳးဆဲနိုင္ငံေတြမွာ ဆိုင္နိုဗက္နဲ႕ ေအာက္စဖို႔ (AstraZeneca) ကာကြယ္ေဆး ႏွစ္ မ်ိဳးက ပိုအသုံးဝင္မယ့္ သေဘာပါ ။

ဒီဆိုင္နိုဗက္ ကာကြယ္ေဆး က ဘယ္ေလာက္ အစြမ္းထက္ ပါလဲ။ ဒီအခ်ိန္မွာ ေျပာရအေတာ္ခက္ ပါေသးတယ္ ။ လန္းဆက္ Lancet ဂ်ာနယ္အရ ဆိုင္နိုဗက္ ကာကြယ္ေဆးကို စမ္းသပ္ေနၾကရာမွာ ပထမနဲ႕ ဒုတိယအဆင့္ စမ္းသပ္မႈေတြနဲ႕ပတ္သက္တဲ့ အခ်က္အလက္ေတြကိုပဲ ရနိုင္ပါေသး တယ္ ။

ဂ်ာနယ္မွာ ပါဝင္တဲ့ အဆိုပါ ကာကြယ္ေဆးဆိုင္ရာ စာတမ္းေရးသူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဇူ ဖန္ကိုင္က ပထမအဆင့္ စမ္းသပ္မႈမွာ လူေပါင္း ၁၄၄ ေယာက္ပါဝင္ခဲ့ၿပီး ဒုတိယအဆင့္ စမ္းသပ္မႈမွာ လူေပါင္း ၆၀၀ ပါဝင္ထား တဲ့ ဒီစမ္း သပ္မႈေတြ ကို အေျခခံထား တဲ့ ရလဒ္ အရ ဒီကာကြယ္ေဆးဟာ အေရးေပၚသုံးစြဲဖို႔ အတြက္ သင့္ေတာ္ၿပီ ဆိုတဲ့ အဓိပၸာယ္ကိုေဆာင္တယ္ လို႔ ဆို ပါတယ္။

စက္တင္ဘာလ အတြင္းတုန္း က ဆိုင္နိုဗက္ ကုမၸဏီက မစၥတာ ယင္က စမ္းသပ္မႈေတြ ကို ေဗာ္လံတီယာေပါင္း ၁၀၀၀ ေက်ာ္နဲ႕ လုပ္ခဲ့ရာမွာ “လူအနည္းအပါးက နည္းနည္း ပင္ပန္းသြားတာမ်ိဳး ဒါမွမဟုတ္ မအီမသာျဖစ္တာမ်ိဳး ကိုေတြ႕ရတယ္၊ ဒီလိုျဖစ္တာ ၅% ထက္မေက်ာ္ပါဘူး ” လို႔ ဆို ပါ တယ္။

ကမာၻမွာ ကိုရိုနာဗိုင္းရပ္စ္ေဘးနဲ႕ ေသႏႈန္း ဒုတိယအမ်ားဆုံးျဖစ္ေန တဲ့ ဘရာဇီး မွာ ေအာက္တို ဘာလတုန္း က ဒီကာကြယ္ေဆး ကို ေနာက္ဆုံးအဆင့္ျဖစ္တဲ့ တတိယအဆင့္ စမ္းသပ္မႈေတြကို လုပ္ခဲ့ပါတယ္။ ေဗာ္လံတီယာ အျဖစ္ အစမ္းသပ္ခံ တဲ့ သူတစ္ေယာက္ ေသဆုံးသြားတယ္ ဆိုတဲ့ သတင္းထြက္လာတဲ့ အတြက္ နိုဝင္ဘာလ မွာ အဲဒီစမ္းသပ္မႈေတြကို ရပ္ဆိုင္းခဲ့ပါတယ္၊ ဒါေပမဲ့ ေသဆုံးတာက ဒီစမ္းသပ္မႈ နဲ႕ မဆိုင္ေၾကာင္းသိ ခဲ့ရၿပီးတဲ့ေနာက္ စမ္းသပ္မႈေတြ ကို ဆက္လက္ လုပ္ေဆာင္ေန ပါတယ္ ။

ဘရာဇီး မွာ ဆိုင္နိုဗက္ နဲ႕ တြဲဖက္အလုပ္လုပ္တဲ့ ဘူတန္တန္ အင္စတီက်ဳ (Butantan Institute) က ဒီဇင္ဘာ ၁၅ ရက္ မတိုင္မီ အဲဒီစမ္းသပ္မႈက ရလဒ္ေတြကို ဆိုင္နိုဗက္က ထုတ္ျပန္သြားမယ္လို႔ သူတို႔ေမွ်ာ္မွန္းထားေၾကာင္းေျပာ ပါတယ္။ ပါေမာကၡ လ်ိဳက “ရနိုင္တဲ့ သတင္းအခ်က္အလက္က အကန႔္အသတ္ရွိေနေသး တဲ့အတြက္” ဒီကာကြယ္ေဆးရဲ႕ အစြမ္းထက္မႈ ကို အခုအခ်ိန္မွာ မွတ္ခ်က္ေပးဖို႔ ခက္ေနေသးတယ္လို႔ေျပာပါတယ္။

“အရင္အစ ပ်ိဳးရထား တဲ့ အခ်က္အလက္ေတြ အရၾကည့္ရင္ ဒီကာကြယ္ေဆးဟာ အစြမ္းထက္တဲ့ ကာကြယ္ေဆးတစ္ခုပါ၊ ဒါေပမဲ့ တတိယအဆင့္ စမ္းသပ္မႈက ရလဒ္ေတြကို ေစာင့္ၾကည့္ဖို႔လိုေသးတယ္” လို႔ သူက ဆိုပါ တယ္။

“ဒီစမ္းသပ္မႈက ဘယ္လို လူမ်ိဳးရယ္ လို႔ မဟုတ္ပဲ ႀကဳံရာလူ ဘယ္သူ႕ကို မဆို စမ္းသပ္ထားၿပီး အေရအတြက္ကလည္း ေထာင္နဲ႕ခ်ီတဲ့ လူေတြကို စမ္းသပ္တာပါ၊ လူဦးေရအကုန္လုံးအတြက္ စိတ္ခ်လက္ခ်နဲ႕ အစြမ္း ထက္ထက္ သုံးနိုင္ေအာင္ အတြက္ ဒီလိုစမ္းသပ္ မွပဲ ကာကြယ္ေဆး က စိတ္ခ်ရမွာပါ ။”

တစ္ႏွစ္မွာ ဒီကာကြယ္ေဆး အလုံးေပါင္း ဘယ္ေလာက္ထုတ္နိုင္ မလဲ

ဆိုင္နိုဗက္ ကုမၸဏီ ဥကၠ႒က သူတို႔အေန နဲ႕ အသစ္ေဆာက္လုပ္ထား တဲ့ စတုရန္း မီတာ ၂၀၀၀၀ အက်ယ္ ေဆးဝါးထုတ္စက္႐ုံကေန တစ္ႏွစ္ကို ေဆးအလုံးေပါင္း သန္း ၃၀၀ ထုတ္လုပ္နိုင္မယ္ လို႔ တ႐ုတ္အစိုးရ မီဒီယာ CGTN ကိုေျပာ ပါတယ္ ။ တျခားကိုဗစ္ကာကြယ္ေဆးေတြ လိုပဲ ဒီေဆးက ႏွစ္ ခါထိုးဖို႔ လိုအပ္တဲ့အတြက္ တစ္ႏွစ္ကို လူေပါင္း သန္း ၁၅၀ အတြက္ပဲ လုံေလာက္ပါလိမ့္မယ္။ ဒီပမာဏဟာ တ႐ုတ္နိုင္ငံ လူဦးေရရဲ႕ ဆယ္ပုံ တစ္ပုံ သာသာပဲ ရွိပါ တယ္ ။

ဒါေပမဲ့ ဒီဆိုင္နိုဗက္ ကာကြယ္ေဆးေတြ ကို အင္ဒိုနီးရွားကို တင္ပို႔ၿပီးျဖစ္သလို၊ တူရကီ၊ ဘရာဇီး၊ ခ်ီလီ စတဲ့ နိုင္ငံေတြနဲ႕လည္း သူတို႔ သေဘာတူညီခ်က္ေတြ လုပ္ၿပီးပါၿပီ။ ကာကြယ္ေဆးဝယ္ဖို႔အတြက္ အာဖရိက တိုက္နိုင္ငံေတြ ကို ေဒၚလာ ႏွစ္ဘီလီယံ ေခ်းမယ္လို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ကတိျပဳတဲ့ သတင္း ထြက္ခဲ့သလို၊ လက္တင္ အေမရိကနဲ႕ ကာေရဘီယံေဒသ နိုင္ငံေတြကိုလည္း ေဒၚလာ ၁ ဘီလီယံ ေခ်းမယ္ ဆိုတဲ့ သတင္း လည္း ထြက္တဲ့ အတြက္ ကာကြယ္ေဆး ဒီပလိုေမစီ ၿပိဳင္ပြဲမွာ တ႐ုတ္ က အသာစီးရေနပုံပဲလို႔ သုံးသပ္သူေတြက ေထာက္ျပေန ပါတယ္ ။ ဒီသေဘာ တူညီခ်က္ ေတြအတြက္ လိုက္နာရမွာေတြက ဘာေတြလဲ ဆို တာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသး ပါဘူး။

MERICS က သုံးသပ္သူ ဂ်က္ေကာ့ဘ္ မတ္ဒဲလ္ က “ေဘဂ်င္းအေနနဲ႕ ဒီအသက္ကယ္ နည္းပညာေတြကို သုံးၿပီး စီးပြားေရးအရ၊ သံတမန္ေရးအရ အျမတ္ရေအာင္ လႊမ္းမိုးလုပ္ကိုင္သြားလိမ့္မယ္” ABC သတင္းဌာန ကို ေျပာပါ တယ္။

ကာကြယ္ေဆးတစ္လုံး အတြက္ ကုန္က်စားရိတ္ ဘယ္ေလာက္ရွိမလဲဆိုတာ အေသအခ်ာ မသိရနိုင္ေပမဲ့ ၿပီးခဲ့တဲ့လပိုင္းေတြအတြင္းက တ႐ုတ္နိုင္ငံ ယီဝုၿမိဳ႕မွာ စမ္းသပ္အဆင့္ ကာကြယ္ေဆးေတြကို ထိုးေပးေန တဲ့ သူနာျပဳေတြက ေဆးတစ္လုံး ကို ေဒၚလာ ၆၀ နဲ႕ညီမွ်တဲ့ ယြမ္ ၄၀၀ နီးပါး အခယူၾကတာကို ဘီဘီစီက ေတြ႕ခဲ့ရပါတယ္။ အင္ဒိုနီးရွားနိုင္ငံ အစိုးရပိုင္ ေဆးဝါးကုမၸဏီ Bio Farma က ဒီကာကြယ္ေဆး တစ္လုံး ကို ႐ူပီး ၂၀၀၀၀၀ (၁၃.၆ ေဒၚလာ) ကကုန္က်မယ္လို႔ ဆိုပါတယ္။

တစ္လုံး ကို ၄ ေဒၚလာ ေလာက္ကုန္က် တဲ့ ေအာက္စဖို႔ ကာကြယ္ေဆးထက္ ဒီဆိုင္နိုဗက္ ကာကြယ္ေဆးက ေဈးႀကီးတယ္ဆိုေပမဲ့လည္း တစ္လုံးကို ၃၃ ေဒၚလာက်မယ့္ မိုဒန္နာ ကာကြယ္ေဆးထက္ ေဈးသက္သာ ပါတယ္ ။ မိုဒန္နာ က ၂၀၂၁ ခုႏွစ္အတြင္းမွာ ေဆး အလုံးေရ သန္း ၅၀၀ တင္ပို႔နိုင္မယ္ လို႔ ရည္မွန္းထားၿပီး ေအာက္စဖို႔ ကာကြယ္ေဆးက ၂၀၂၁ ခုႏွစ္ ပထမ ၃ လ ပတ္အကုန္ေလာက္မွာ ေဆးအလုံးေပါင္း သန္း ၇၀၀ ထုတ္လုပ္ၿပီးျဖစ္လိမ့္မယ္လို႔ ဆို ပါတယ္။

တ႐ုတ္ကထုတ္တဲ့ တျခား ကာကြယ္ေဆးေတြကေကာ ဘယ္လိုလဲ

စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ ကိုေရာက္ေနၾကတဲ့ တ႐ုတ္ ကာကြယ္ေဆးေတြ စုစုေပါင္း ၄ ခုရွိ ပါတယ္။ အဲဒီထဲက တစ္ခုက ဆိုင္နိုဖမ္း (Sinopharm) ကာကြယ္ေဆးျဖစ္ၿပီး အျငင္းပြားစရာ အေရးေပၚ အစီအစ ဥ္နဲ႕ တ႐ုတ္လူဦးေရ တစ္သန္းနီးပါး ကို ထိုးေပးၿပီး ပါၿပီ။ ဆိုင္နိုဖမ္း ကာကြယ္ေဆး စမ္းသပ္မႈ တတိယအဆ င့္နဲ႕ ဆိုင္တဲ့ အခ်က္အလက္ေတြ ကို ထုတ္ျပန္ရဦးမွာပါ။

“အေရးေပၚ အသုံးျပဳဖို႔ အခြင့္မေပးေသး ခင္ တတိယ အဆင့္ စမ္းသပ္မႈကို သုံးသပ္ဖို႔ ေစာင့္ဆိုင္းရတာက ပုံမွန္လုပ္ရိုးလုပ္စဥ္ပါ”လို႔ National University of Singapore က ပါေမာကၡ ေဒါက္တာ ေဒးလ္ ဖစ္ရွာက CNBC သတင္းဌာန ကို ေျပာပါတယ္။ ပါေမာကၡ ဖစ္ရွာက ဒီလို စမ္းသပ္မႈအဆင့္ေတြ မၿပီးေသး ဘဲ လုပ္ေနၾကတာေတြ က “လုပ္ရိုး လုပ္စဥ္ နဲ႕ မညီ ပါဘူး”၊ အေနာက္နိုင္ငံေတြမွာ ဆိုရင္ “လက္မခံနိုင္ၾကပါဘူး” လို႔ ေျပာပါတယ္။ တ႐ုတ္ျပည္တြင္းက အေတာ္မ်ားမ်ားေနရာေတြ မွာ ဗိုင္းရပ္စ္ပ်ံ့ႏွံ႕မႈ ကို ထိန္းခ်ဳပ္နိုင္ ေနၿပီး “ပုံမွန္လိုျဖစ္လာတဲ့ အေျခအေနသစ္”ေတြအေပၚ လူေတြက အသားက် လာေနပါၿပီ။

ဆိုနိုဖမ္းဟာ ဒီဇင္ဘာလ ၉ ရက္ေန႕က ယူေအအီး အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုမွာ မွတ္ပုံတင္အသိအမွတ္ျပဳတာကိုရခဲ့ပါတယ္။ အဲဒီက အာဏာပိုင္ေတြက ဇူလိုင္လအတြင္းက ျပဳလုပ္ခဲ့တဲ့ တတိယအဆင့္စမ္းသပ္မႈမွာ ၈၆% အစြမ္းထက္တယ္လို႔ ဆို ပါတယ္ ။ ယူေအအီး အစိုးရ အရာရွိေတြက ဒီကာကြယ္ေဆး ကို အခု ဘယ္လိုအသုံးခ်ေနၿပီလဲဆိုတာ ကိုေတာ့ မေျပာပါဘူး

Credit;BBC

Add a Comment

Your email address will not be published. Required fields are marked *