ဘာပြောရမှန်း တောင် မသိတော့ဘူး…..ရေးလဲရေးတတ်တဲ့…လူတွေ ကွကိုယ်သာဖတ်ကြည့်တော့
တက ယ်တော့ …
ဗျတ်ဝိ ဗျတ္တ က ဘာ “ဗျတ်” မျိုးနွယ်စု မှ မဟုတ်ဘူး … မဲမဲသဲသဲ နဲ့ ကလွတ်တား ကပ္ပလီ မျိုးနွယ်တွေပေါ့ …။သငေ်္ဘာပျက်ပြီး သထုံမှာ သောင်လာတင်နေတာ …။ ပြီးတော့ …ညီအ ကို လည်း မဟု တ်လောက်ဘူး …။ကပ္ပလီ တွေ ဆိုတော့ မဲမဲသဲသဲ ထောင်ေ ထာင်မောင်းမောင်း နဲ့ ဘယ်သူ့ကြည့်ကြည့် မန်းကီးရုပ်တွေလေ…။
ဒါကို ညီအကို လို့ ထင်တဲ့ အပေါ်မှာ ဟိုနှစ်ကော င်ကလည်း ရော ကြိတ်တာ ဖြစ်ဖို့များတယ် …။ ဗျတ်ဝိ ဗျတ္တ ညီနောင်ဂလယ်အူကြောင် နဲ့ သထုံမြို့ထဲ လျောက်လှိမ့်ေ နတော့ မနူဟာမင်း ကသိ သွားတယ် …။ ဒါနဲ့ နန်းတွင်းထဲ အလုပ်ခေါ်ခန့်ရင် ကောင်းမလားပေါ့… နိုင်ငံခြားသား အမဲတုံးကို အလုပ်ခေါ်ခိုင်း ပစား ပေးထားရင် ICJ လည်း လွတ် ၊ သူလည်း ဂုဏ်တက်တာ ပေါ့ …။ ဒါပေမယ့် ခက်နေတာက … ဒီနှစ်ကောင် က IS က လူလား ၊ အင်ဂန် က လူလား မကွဲဘူးရယ် …။
နောက်တော့ မထူးပါဘူးကွာ …မကောင်း ကျောင်းပို့ ဆိုတဲ့ စကားအတိုင်း သူ့ရဲ့ မင်းဆရာတော် ဘားမဲ့ဆရာတော် ဆီ ပို့လိုက်ပါလေ ရော …ဒါနဲ့ … ဗျတ်ညီနောင် ခမျာ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္ဆ လုပ်ပေါ့ ဆရာတော် ကလည်း ပွဲကျောင်းဆရာတော် ဆိုတော့ … လောကီပညာတွေ သင်ပေးဘုန်းကြီးကျောင်းမှာ ဆွမ်းဟင်း ကလည်း အလျံပယ် ကျန်တော့ နင်းဖြဲစားလိုက်ကြနဲ့ ဇိမ်ကျနေကြရော …။
ဒီလိုနဲ့ အချိန်ကြာလာတော့ ဗျတ်ညီနောင်ဟာ သိုင်းပညာကလည်း တတ်လူအကောင်ကလည်း ထွား လာမင်းဆရာတော်ရဲ့ တပည့်တွေ ဆိုပြီး ကလွတ်တား ဇ ဂျိုကြွ ပါလေရော …။တစ်ရက်သား ဆရာတော် အပြင်ထွက်တုန်းကျက်သရေခန်း ထဲ က ကြက်သား ကို ဆေးခြောက် နဲ့ ဗူးသီးရော ပြီး နှစ်ယောက်သား ခိုးချက်စားကြတယ် …။
ချက်နေတုန်း ဘုန်းဘုန်း က မိသွားတော့ သူတို့ ချက်ထားတာ ကို ဦးဦးဖျားဖျား ကပ်လိုက်ရတယ် … အဲဒီမှာ စားကောင်းကောင်း ဘုန်းပေးလိုက်တာကြက်သား ဟင်းလေး (၅) တုံး ပဲ ကျန်တော့တယ် …။အဲမှာ ဟို နှစ်ကောင် အဝေမတည့်ဖြစ်ပြီး ထသတ်ကြပါလေရော ။အကောင်က လည်း ကြီး သိုင်းပညာကလည်း တတ်တော့ ဝုန်းဒိုင်းကြဲပေါ့ …ဆရာတော့် ကျောင်းက နှစ်တွေကြာလို့ ဆွေးနေတာ … ဒီနှစ်ကောင် အား နဲ့ ဝုန်းဒိုင်းကြဲတော့ ပြိုပါလေရော …။
အဲမှာ ဘုန်းဘုန်း က ဝိ တွေ ကွဲပြီး ဇော်ဂျီ ဖိုဝင်သားစားလို့ ကျောင်းကို ဇောက်ထိုး လုပ်တယ် ပေါက်ကရ လျှောက်အော်ရော …ဘုန်းဘုန်းပြောသမျှ လည်း ဘယ်သူမှ မငြင်းရဲဘူးလေ … မင်းဆရာဖြစ်တဲ့ အပြင် လက်သံ က ပြောင်တာကိုးးးး …။😅 အဲမှာ ရောင်တော်ပြန် နဲ့ နှစ်ကောင်သား နာမည်ကြီးရောဖဲ …။
နောက် …ဗျတ်ဝိ က လူကသာ မဲ တာ မြို့တော်ဝန် သမီး မအိုဇာ ကို တော်ကီ နဲ့ ချုပ်လိုက်တာ ငြိ ကြရော …။အဲမှာ …ဗျတ်ဝိ က မအိုဇာ ဆီ ညတိုင်း သွားပြီး ဒန် တန့် ဒန် တယ် …။မြို့တော်ဝန် သိသွားတော့ “ဗျတ်ဝိ”ကို ဖမ်းဖို့ကြံရတာပေါ့ … ရမ်းလဲ မလုပ်ရဲဘူး … လူအများကြီး စု ရသေးတယ် … သိတယ်မလား … ဟိုကောင်က တဇောက်ကန်းကြီးရယ် …။
ဒါနဲ့ မအိုဇာဆီ ရောက် နေတုန်း ….ဖမ်းဟ ဆီးဟ နဲ့ ညာသံပေးပြီး ဝိုင်းကြရောဟို ငမဲ ကလည်း လန့်ဖြန့်ပြီး တောင်ရှည် လေးအမြန်ဝတ်ထွက်ပြေးတာ ….ဖြစ်ချင်တော့ တောင်ရှည်မဟုတ်ပဲမအိုဇာ ထမိန် ဖြစ်နေရော … အ့ နဲ့ ရှက်ရှက် နဲ့ ထမိန် ခေါင်းစွပ်ပြီးနင်ဂျာစတိုင် မမြင်မစမ်းလုပ်နေချိန် မြို့တော်ဝန်နဲ့ အဖွဲ့ကဖမ်းမိလိုက်တာပါပဲ …။ဒါကို သမိုင်းဆရာတွေ က ကာယသိဒ္ဓိပြီးလို့ အခန်းတံခါးပေါ် မီးနေသည် ထမိန် တင်ပြီးဖမ်းမှ မိတယ် ဆိုပဲ …။ 😝
အကို အဖမ်းခံထိတော့ ညီဖြစ်တဲ့ ဗျတ္တ က ကယ်မယ် လိုစိတ်မကူးပဲပုဂံကို လစ်ပြေးတော့တာပဲ …။ဘယ်လာကယ်ရဲမလဲ … သူတို့ က ဘာတန်ခိုးသိဒ္ဓိ မှ မရှိဘူးလေ … ဘုန်းဘုန်း ဝိ ကွဲပြီး လျောက်ပြောထား လို့သာ လူရှိန် အောင် ဖိန့်ဖိန့် လုပ်နေရတာ …။😂ဒီတော့ ဗျတ်ဝိ ကို တော့ ကားစင်တင်ပြီး သတ်ကြတယ်ပေါ့ ။မသတ်ခင် ဘာလုပ်ချင်လဲ မေးတော့ ဗျတ်ဝိက ကွမ်းတစ်ယာ ရေတမုတ် တောင်းတယ် …။
ဒါပေမယ့် မအိုဇာ လာပို့တာပဲ ဖြစ်ရမယ် ပြောတော့ မြို့တော်ဝန် က ပထမ တော့ လက်မခံဘူး ငြင်းတယ် ။ အ့နဲ့ ဗျတ်ဝိ က နောက်ဘဝ အဆက်ဆက် သင် FA ဖြစ်ပါစေ လို့ ကျိန်စာ တိုက်တော့မှ ကြောက်ပြီး လိုက်လျော လိုက်တယ်ဆိုပဲ …။(အဲကုသိုလ် ကြောင့် နောင်တစ်ချိန် မင်းတုန်းမင်း ဆိုပြီး သမိုင်းမှာ ထင်ရှားလာတယ်ပေါ့ …😝)
မအိုဇာလည်း သူ့ချစ်သူကို နောက်ဆုံးအနေနဲ့ တွေ့ရမယ် ဆိုတော့ ပျော်ရမလို ဝမ်းနည်းရမလို နဲ့ ဖြစ်ပြီး fb ပေါ်မှာ ဖီးလ် ပိုစ့်တင်ရင်း ဈာန်ဝင်နေတော့ ကွမ်းရွက် ဝယ်ဖို့ မေ့သွားတယ် …။အ့ နဲ့ ခြံထောင့်က တွေ့တဲ့ အရွက်ခူး ထုံးသုတ်ပြီးယူသွားလေရဲ့ …။ ဗျတ်ဝိ ခမျာ မအိုဇာ ပေးတဲ့ ကွမ်းကို စားပြီး ဒေါသထွက် ကွမ်းနင်ပြီး သေပါရောလား …။မသေခံနိုင်ရိုးလား … မောင်တော်မဲ နောက်ဆုံးခရီး ဆိုပြီး Live လွှင့်ရင်း ဗျတ်ဝိ ကို သောက်ဖက်မလုပ်ဘဲ ဖုန်းတစ်လုံး နဲ့ မအိုဇာ က အလုပ်ရှုပ်နေတာလေ …။ ဟို က တင်းပြီ ထအော်မယ့် အချိန် ကွမ်းဖတ် က အသက်ရှူ လမ်းကြောင်း ပိတ်ပြီး သေတာ …။
မအိုဇာ လည်း တွေးတယ် …ကိုဗျတ်ဝိ ဘာလို့ သေသွားတာလဲပေါ့ …။သူပေးတဲ့ ကွမ်းယာ ကြောင့်လားဆိုပြီး တွေးမိတော့ အ့အရွက်ကို ခူးပြီး ဝါးကြည့်တယ် …။ဘာကြာလိမ့်မတုန်းမအိုဇာ တစ်ပွေတည်း လွင့် ပါလေရော …။အ့မှာ မအိုဇာ အဖြစ်မှန်သိပြီး ဗျတ်ဝိသေတာ သူ့ ပရောဂ မကင်းဘူးဆိုပြီးစိတ်နာနာ နဲ့ … … …အဲ ဝိ အပင်မှန်သမျှ အကုန်ခုတ်…. အရွက်လည်း မစားရ …အပင်လည်း မစိုက်ရ ဒီလောက် ဒုက္ခပေးတဲ့ စိတ်ကြွဆေးပင်
အိမ်ထဲမှာ ပေါက်နေရင်တောင် ဖမ်းပေးဖို့ သူ့အဖေ နား ကို မီးပူတိုက်ပါလေရော …။သူ့ အဖေကလည်း နားပူသက်သာ အေးရော”လုပ်လိုက်ကြ ဟ” ဆိုပြီး အပင်မှန်သမျှ ရှင်းတော့တာပဲ …။စားချင်သူတွေ ကတော့ တိတ်တိတ်လေးခိုးရောင်း ခိုးဝယ်ပေါ့ …အဲထဲ က ဝိ က မှောင်ခိုခေတ် ဖြစ်ခဲ့တာ ။မအိုဇာ ရှို့လိုက်တဲ့ မီးက ခုချိန်ထိ တငွေ့ငွေ့နဲ့ ကို လောင်တာ …မွန်ပြည်နယ် တဝိုက် မှာ အ့အရွက်တွေကိုဘိန်းစာရွက် လို့ ခေါ်ပြီး ကိုလှရွှေတို့ ကတွေ့သမျှ ဖမ်းနေတော့တာ ခုချိန်ထိပဲ …။
အဲ တရားခံ က မအိုဇာ ပဲ…။နောက်ကျန်သေးတယ် …ဗျတ်ဝိ သေတော့ သူရဲကောင်းမို့မြို့ရဲ့ အစောင့် ရအောင် သူ့ ခန္ဓာကိုယ်ကို ပိုင်းပြီး မြို့ထောင့်လေးဘက်မှာ မြှုပ်တယ် ဆိုတဲ့ ဂျင်း …။အမှန်က … ဗျတ်ဝိသေတော့ အခေါင်းသွင်းဖို့ ဘျင် က ဘတ်ဂျက် ချပေးတယ် ဒါကို ဝန်ကြီး နဲ့ မြို့တော်ဝန် က တစ်ဝက်စီ ဘုန်း ပြီးအော်ဒါ မမှာပဲ… ရောင်းတန်း ပေါပေါပဲပဲ ဝယ်တယ်လေ…။အခေါင်းသွင်း လည်း သွင်းရော မဆံ့တော့ဘူး…။ဗျတ်ဝိက ထောင်ထောင်မောင်းမောင်း ဒူးဆစ်က စပြီး အပြင်ထွက်နေတာ …။
အခေါင်းကလည်း ပြန်လဲ လို့မရဘုန်း ထားတဲ့ ပိုက်ဆံကလည်း ကုန်ဝန်ကြီး နဲ့ မြို့တော်ဝန် ကြံရာမရ နဲ့ မထူးပါဘူးကွာ သေပြီးသား မသာ ပဲဟာဒူးကနေ ဖြတ်ထည့်လိုက်မယ် အေးရောဆိုပြီး … ဖြတ်နေတုန်း …ဘျင် လာစစ်တာနဲ့ တိုးပါလေရော… သိတယ်မလား … ဝန်ကြီးတွေ အကြောင်းပေါက်ကရရှစ်ဆယ် သိပ်ပြောတတ်တာ …
ခုလည်းကြည့် …ပါးစပ်ထဲ ရှိတာ ရွှီရှောင် လုပ်ပလိုက်တာများ”ဗျတ်ဝိ က အစိမ်းသေတော့ မြို့ကို အစောင့်ရအောင် လို့အပိုင်းပိုင်းဖြတ်ပြီး မြုပ်မလို့ပါ ဖျား ပေါ့ …”ဘုရင် ကလည်း ငဒူ ဆိုတော့ …ဂလယ်အူကြောင် နဲ့ ခေါင်းညိတ်လိုက်ရတာပဲ…။
အဲဒီလိုနဲ့ …ဗျတ်ဝိ ခမျာ မအိုဇာ နဲ့ ပေါင်းဖို့နေနေသာသာသူ့ကိုယ်သူတောင် အကွဲကွဲ အပြဲပြဲ တောင်တပိုင်း မြောက်တပိုင်း နဲ့ဇာတ်သိမ်းသွား ရရှာတယ် …။
ဗျတ္တ နဲ့ မယ်ဝဏ္ဏ
ဗျတ္တ တို့ အတွဲ RS ချိတ်ပြီးငြိ ကြပြီဟေ့ ဆိုကတည်းကပုပ္ပါးတခွင် ပြဲပြဲစင်အောင်ကို ကဲ ကြတာဘယ်လောက်ထိလဲဆို ပုပ္ပါးမှာ ကလပ် ဖွင့်ပြီးကဲ တဲ့ အထိပဲ … အဲချိန်ကတည်းကစပြီး ပုပ္ပါးတောင်ကလပ် ရယ်လို့ နာမည်ကြီးတာ ခုချိန်ထိပဲ ဆိုပါတော့ …။ ကဲ ကောင်းကောင်း နဲ့ နှစ်ယောက်သား ကဲလိုက်ကြတာ … နောက်ဆုံး ကလေးနှစ်ယောက်ရတော့ မှငြိမ်တော့တယ် …
သားလေးနှစ်ယောက်မွေးတော့ “ရွှေဖျင်းကြီး ရွှေဖျင်းလေး”လို့နာမည်ပေးသတဲ့ …။ပညတ်သွားရာ ဓာတ်သက်ပါတယ်ဆို မလားပေါ့…။မွေးကတည်း နာမည် စီး သွားလိုက်တာ နှစ်ကောင်လုံး ဘယ်နေရာမှ သုံးစားလိုမရအောင် ဖျင်းကုန်တော့တာပဲ …။
နောက်ဆုံး ~~~နတ်ဖြစ်တဲ့ အထိဖျင်းကြလေတော့သတည်းပေါ့ …။😝
(Crd: အမည်မသိတသိ တော်တော်လှတဲ့ ရှေးစာဆို…😋)
တက ယ်တော့ …
ဗျတ္တ နဲ့ မယ်ဝဏ္ဏ
Add a Comment
Your email address will not be published. Required fields are marked *