ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ပြည်လည် စတင်
|ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို (၁၈၊၁၁၊၂၀၂၀) (ဗုဒ္ဓဟူးနေ့)မှ စ၍ နေ့စဉ် မနက်(၈:၀၀)မှ နေ့လည် (၁၂:၀၀)အထိ ပြန်လည်စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ကာကွယ်ဆေးလာထိုးမည့် မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် အောက်ပါတို့ကိုသိရှိလိုက်နာပေးနိုင်ပါရန် အသိပေးအပ်ပါသည်။
၁။ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ပြင်ပလူနာဌာနရှိကာကွယ်ဆေးထိုးခန်းတွင် တစ်နေလျှင် ကလေးဦးရေ(၅၀)ဦးသာ လူစုခွဲ၍ ထိုးနှံပေးမည်ဖြစ်ပါသည်။
၂။ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ပြင်ပလူနာဌာန ၊ ကာကွယ်ဆေးထိုးခန်း ဖုန်းနံပါတ် (၀၁-၂၂၂၈၀၃၊ ၀၁-၂၂၂၈၀၄)သို့ ဖုန်းဆက်၍ ကြိုတင်ဘိုကင်လုပ်ပေးပါရန်။
၃။ ရည်မှန်းကလေးအားလုံး ကာကွယ်ဆေးရရှိစေရန် နံနက်(၈)နာရီ အရောက်လာခဲ့ပေးပါရန်။
၄။ မိဘများနှင့်အုပ်ထိန်းသူများ နှာခေါင်းစည်း(mask) တပ်ဆင်လာပါရန်နှင့် ကလေးများကို ကလေးမျက်နှာကာ (baby face-shield) ၊ပုဝါနှင့် အနှီးအုပ်လာပါရန်။
၅။ နှာခေါင်းစည်း(mask) မတပ်ဆင်ထားသော ကလေးမိဘများကို ကာကွယ်ဆေးထိုးခန်းသို့ဝင်ရောက်ခွင့်မပြုပါ။
၆။ မိဘများနှင့် အုပ်ထိန်းသူများ ကာကွယ်ဆေးထိုးခန်းသို့မဝင်မီ ရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးပါရန်။
၇။ ကလေးတစ်ဦးလျှင် မိဘအုပ်ထိန်းသူတစ်ဦးသာ ဝင်ရောက်ခွင့်ပြုပါမည်။
၈။ (၂၀၊၁၁၊၂၀၂၀)နေ့၌ မြန်မာနိုင်ငံတွင်စတင်ထိုးနှံခဲ့သော HPV vaccine (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) သည် Campaign အသွင်ဆောင်ရွက်သောကြောင့် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်မပါဝင်ပါ။
Source;Central Women’s Hospital Yangon
ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး(ရန္ကုန္)တြင္ ကာကြယ္ေဆးထိုးျခင္း လုပ္ငန္းမ်ားကို (၁၈၊၁၁၊၂၀၂၀) (ဗုဒၶဟူးေန႕)မွ စ၍ ေန႕စဥ္ မနက္(၈:၀၀)မွ ေန႕လည္ (၁၂:၀၀)အထိ ျပန္လည္စတင္ထိုးႏွံေပးမည္ျဖစ္ေၾကာင္း အသိေပးေၾကျငာအပ္ပါသည္။
ကာကြယ္ေဆးလာထိုးမည့္ မိဘမ်ားႏွင့္ အုပ္ထိန္းသူမ်ားအေနျဖင့္ ေအာက္ပါတို႔ကိုသိရွိလိုက္နာေပးနိုင္ပါရန္ အသိေပးအပ္ပါသည္။
၁။ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး(ရန္ကုန္)၊ျပင္ပလူနာဌာနရွိကာကြယ္ေဆးထိုးခန္းတြင္ တစ္ေနလွ်င္ ကေလးဦးေရ(၅၀)ဦးသာ လူစုခြဲ၍ ထိုးႏွံေပးမည္ျဖစ္ပါသည္။
၂။ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး(ရန္ကုန္)၊ျပင္ပလူနာဌာန ၊ ကာကြယ္ေဆးထိုးခန္း ဖုန္းနံပါတ္ (၀၁-၂၂၂၈၀၃၊ ၀၁-၂၂၂၈၀၄)သို႔ ဖုန္းဆက္၍ ႀကိဳတင္ဘိုကင္လုပ္ေပးပါရန္။
၃။ ရည္မွန္းကေလးအားလုံး ကာကြယ္ေဆးရရွိေစရန္ နံနက္(၈)နာရီ အေရာက္လာခဲ့ေပးပါရန္။
၄။ မိဘမ်ားႏွင့္အုပ္ထိန္းသူမ်ား ႏွာေခါင္းစည္း(mask) တပ္ဆင္လာပါရန္ႏွင့္ ကေလးမ်ားကို ကေလးမ်က္ႏွာကာ (baby face-shield) ၊ပုဝါႏွင့္ အႏွီးအုပ္လာပါရန္။
၅။ ႏွာေခါင္းစည္း(mask) မတပ္ဆင္ထားေသာ ကေလးမိဘမ်ားကို ကာကြယ္ေဆးထိုးခန္းသို႔ဝင္ေရာက္ခြင့္မျပဳပါ။
၆။ မိဘမ်ားႏွင့္ အုပ္ထိန္းသူမ်ား ကာကြယ္ေဆးထိုးခန္းသို႔မဝင္မီ ေရႏွင့္ဆပ္ျပာ (သို႔မဟုတ္) လက္သန့္ေဆးရည္ျဖင့္ လက္ေဆးေပးပါရန္။
၇။ ကေလးတစ္ဦးလွ်င္ မိဘအုပ္ထိန္းသူတစ္ဦးသာ ဝင္ေရာက္ခြင့္ျပဳပါမည္။
၈။ (၂၀၊၁၁၊၂၀၂၀)ေန႕၌ ျမန္မာနိုင္ငံတြင္စတင္ထိုးႏွံခဲ့ေသာ HPV vaccine (သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆး) သည္ Campaign အသြင္ေဆာင္႐ြက္ေသာေၾကာင့္ ေဆး႐ုံအေျချပဳ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားတြင္မပါဝင္ပါ။
Source;Central Women’s Hospital Yangon