ပုံပြင်ထဲက မျောက်တွေ အပြင်မှာ တကယ်ရှိနေကြပါတယ် …

တစ်ခါက သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ကြပါတယ်။ လှောင်အိမ်ရဲ့ အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကို တင်ထားပါတယ်။

မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့ လောင်းချပါတယ်။ မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံး ရေခဲရေနဲ့ အလောင်းခံရတာပေါ့။

ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်။ သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချပြီး ထုကြထောင်းကြသတဲ့။

သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။

သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်။ ဒီတော့ နောက်ရောက်လာတဲ့ မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်။နောက်တစ်ခါ မျောက်အဟောင်းထဲက တစ်ကောင်ကို အခြားမျောက်အသစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။

စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့။ ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ။ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲ ကျန်ပါတော့တယ်။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ ဒါပေမယ့် “ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်” ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။

ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်တွေချနေကြရပါတယ်။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ, သူတပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့ လောင်းရိပ်မိနေတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မေးခွန်းလေး ၂ ခုလောက် မေးကြည့်ဖို့လိုပါလိမ့်မယ်။
၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ ကိုယ်တိုင်စိစစ်ပြီး အမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား…?

၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား၊ ကိုယ်တိုင်စီစစ်ပြီးလုပ်သင့်လို့ လုပ်နေတာလားဆိုတာ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့ ကျုပ်တို့ဟာ ပုံပြင်ထဲက မျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေရဲ့စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ။

ဘာလို့လဲဆိုတော့ “တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်။ ဝေလေလေတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။

ဘယ်သူမှ ရှေ့ မထွက်ချင်ဘူး, မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်။ အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ၊ ပျစ်ပျစ်နှစ်နှစ်တွေဆဲလိုက်ကြ။

ဒါတွေအသာထားလို့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့ မှိုင်းတိုက်မခံရအောင်, ပုံသွင်းမခံရအောင်၊ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစစ်ကြဖို့, အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကား ပါးလိုက်ရပါတယ်နော်။

ဦးသုည

တစ္ခါက သိပၸံပညာရွင္တစ္စုဟာ ေမ်ာက္ ၅ေကာင္ကို ေလွာင္အိမ္ထဲထည့္ၿပီး စမ္းသပ္မႈတစ္ခုကို ျပဳလုပ္ၾကပါတယ္။ ေလွာင္အိမ္ရဲ႕ အလယ္မွာေတာ့ ေလွခါးတစ္ခုကိုေထာင္ထားၿပီး ေလွခါးထိပ္မွာ ငွက္ေပ်ာသီးတစ္ဖီးကို တင္ထားပါတယ္။

ေမ်ာက္တစ္ေကာင္ေကာင္ဟာ ေလွခါးထိပ္ကငွက္ေပ်ာသီးကို တက္ယူတဲ့အခါတိုင္း ေမ်ာက္ေလွာင္အိမ္ကို အေပၚကေန ေရခဲေရနဲ႕ ေလာင္းခ်ပါတယ္။ ေမ်ာက္တစ္ေကာင္ေကာင္က ငွက္ေပ်ာသီးယူဖို႔ႀကိဳးစားတိုင္း ေမ်ာက္အားလုံး ေရခဲေရနဲ႕ အေလာင္းခံရတာေပါ့။

ခဏၾကာမွာေတာ့ ေမ်ာက္ေတြဟာ ငွက္ေပ်ာသီးတက္ယူရင္ ေရခဲေရေလာင္းခ်ခံရတာကို သတိထားမိလာၾကပါတယ္။ ငွက္ေပ်ာသီးကိုယူဖို႔လည္း လက္ေလ်ာ့လိုက္ၾကတယ္။ သူတို႔ထဲက တစ္ေကာင္ေကာင္က ေလွခါးေပၚတက္တိုင္း က်န္တဲ့ေမ်ာက္ေတြက ဆြဲခ်ၿပီး ထုၾကေထာင္းၾကသတဲ့။

သိပၸံပညာရွင္ေတြဟာ ေလွာင္အိမ္ထဲက ေမ်ာက္တစ္ေကာင္ကိုထုတ္ၿပီး ေမ်ာက္အသစ္တစ္ေကာင္ကို အစားထိုးထည့္လိုက္ပါတယ္။ ေမ်ာက္အသစ္က ေရခဲေရအေၾကာင္းကိုမသိေတာ့ ငွက္ေပ်ာသီးျမင္တာနဲ႕ တက္ယူဖို႔ႀကိဳးစားတာေပါ့။

သူေလွခါးေပၚတက္တိုင္း က်န္တဲ့ေမ်ာက္ေတြက ဆြဲခ်ရိဳက္ႏွက္ၾကပါေတာ့တယ္။ ဒီေတာ့ ေနာက္ေရာက္လာတဲ့ ေမ်ာက္ကလည္း ငွက္ေပ်ာသီးယူရင္ အေထာင္းခံရတယ္ဆိုတာသိၿပီး လက္ေလ်ာ့လိုက္တယ္။ေနာက္တစ္ခါ ေမ်ာက္အေဟာင္းထဲက တစ္ေကာင္ကို အျခားေမ်ာက္အသစ္တစ္ေကာင္နဲ႕ လဲလိုက္ျပန္တယ္။ အလားတူပဲ ဒီေမ်ာက္သစ္လည္း ငွက္ေပ်ားသီးတက္ယူတာနဲ႕ အေထာင္းခံရတာပါ။

စိတ္ဝင္စားစရာေကာင္းတာက ပထမဆုံးအလဲခံရတဲ့ ေမ်ာက္ကလည္း ဒုတိယေမ်ာက္သစ္ကို ဝင္ေဆာ္ပါသတဲ့။ ဘာလို႔လည္းဆိုေတာ့ သူ႕တုန္းကလည္းဒီလိုပဲ အေထာင္းခံရလို႔ သူကလည္းျပန္ေထာင္းတာပါ။ဒီလိုနဲ႕ေမ်ာက္ေတြကို တစ္ေကာင္ခ်င္း အစားထိုးလိုက္တာ ေနာက္ဆုံးမွာ ေမ်ာက္အသစ္ေတြခ်ည္းပဲ က်န္ပါေတာ့တယ္။ သူတို႔ဟာ ေရခဲေရအေၾကာင္းကို မသိပါဘူး။ ဒါေပမယ့္ “ငွက္ေပ်ာသီးကိုမယူရ၊ ယူတဲ့ေမ်ာက္ကို ထုေထာင္းရမယ္” ဆိုတဲ့အယူကိုေတာ့ ဆက္လက္က်င့္သုံးေနၿမဲပါပဲတဲ့။

ကြၽန္ေတာ္တို႔ဟာ ေန႕စဥ္ေန႕တိုင္း ဆုံးျဖတ္ခ်က္ေတြခ်ေနၾကရပါတယ္။ ေန႕စဥ္ဘဝမွာ ဆုံးျဖတ္ခ်က္ေတြခ်တဲ့အခါ ကိုယ့္အေတြ႕အႀကဳံေတြ, သူတပါးအေတြ႕အႀကဳံေတြ ဓေလ့ထုံးတမ္းလုပ္ရိုးလုပ္စဥ္ေတြရဲ႕ ေလာင္းရိပ္မိေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ ေမးခြန္းေလး ၂ ခုေလာက္ ေမးၾကည့္ဖို႔လိုပါလိမ့္မယ္။
၁။ သင္ခံယူထားတဲ့ အေတြးအေခၚအယူအဆေတြဟာ ကိုယ္တိုင္စိစစ္ၿပီး အမွန္တရားကိုျမင္လို႔ က်င့္သုံးေနတာလား…?

၂။ သင္လုပ္ေဆာင္ေနတဲ့ အျပဳမူေတြဟာလည္း လုပ္ရိုးလုပ္စဥ္မို႔၊ သူမ်ားလုပ္တာေတြ႕လို႔ လိုက္လုပ္ေနတာလား၊ ကိုယ္တိုင္စီစစ္ၿပီးလုပ္သင့္လို႔ လုပ္ေနတာလားဆိုတာ ကိုယ့္ကိုကိုယ္ေမးၾကည့္ပါ။

ဒီေမးခြန္းေတြအတြက္ အေျဖမရွိရင္ေတာ့ က်ဳပ္တို႔ဟာ ပုံျပင္ထဲက ေမ်ာက္ေတြလိုပါပဲ။ အထူးအျဖင့္ ကြၽန္ေတာ္တို႔ နိုင္ငံက လူငယ္ေတြရဲ႕စိတ္ဓာတ္ေတြကို ပုံသြင္းခံ၊ မွိုင္းတိုက္ခံထားရပါတယ္။ ပုံျပင္ထဲက ေမ်ာက္ေတြကို လုပ္ထားသလိုမ်ိဳးပါပဲ။

ဘာလို႔လဲဆိုေတာ့ “တို႔လူေလးမ်ား ဆိုသေလး….” လို႔ဆိုလိုက္ရင္ “ေဝ.. ေလ…ေလး…” ဆိုတာေတြမ်ားပါတယ္။ ေဝေလေလေတြမ်ားတယ္။ ကိုယ္ပိုင္အေတြးအေခၚမရွိဘူး။

ဘယ္သူမွ ေရွ႕ မထြက္ခ်င္ဘူး, မထြက္ရဲဘူး။ သူမ်ားထြက္ရင္လည္း ေနာက္ကေနဆဲတယ္။ အခုေခတ္က အင္တာနက္ေခတ္ဆိုေတာ့ online ေပၚကေန လက္သီးလက္ေမာင္းေတြတမ္းၾက၊ ပ်စ္ပ်စ္ႏွစ္ႏွစ္ေတြဆဲလိုက္ၾက။

ဒါေတြအသာထားလို႔ ကြၽန္ေတာ့္ရဲ႕ သူငယ္ခ်င္းေတြအေနနဲ႕ေတာ့ ပတ္ဝန္းက်င္ရဲ႕ မွိုင္းတိုက္မခံရေအာင္, ပုံသြင္းမခံရေအာင္၊ ကိုယ့္ရဲ႕အေတြးအေခၚနဲ႕ လုပ္ရပ္ေတြကို စိစစ္ၾကဖို႔, အမွန္တရားကိုရွာေဖြၾကဖို႔ ေစတနာစကား ပါးလိုက္ရပါတယ္ေနာ္။

ဦးသုည

Add a Comment

Your email address will not be published. Required fields are marked *