နာမည်ကျော် Apple စာမျက်နှာ ရဲ့ Blue Mark (အပြာရောင်) အမှတ်အသား ကို ဖယ်ရှားလိုက်တဲ့ Facebook
|Facebook ဟာ Apple လူမှုကွန် ရက်စာ မျက်နှာက အစစ်အ မှန်ဖြစ်ကြောင်း အတည်ြ ပုထားတဲ့ အပြာရောင် အမှတ်ကို ဖယ်ရှား လိုက်ပါတယ်။
Facebook ဟာ Apple နဲ့ တစ်ကိုယ်ေ ရအချက် အလက် အသုံးချပုံနဲ့ ပတ်သက်ပြီး ရန်စောင်နေချိန်မှာ အခုကိစ္စ ဖြစ်ပျက်သွားတာပါ။ မီဒီယာအကြံပေး ဖြစ်တဲ့ မတ်နာဗာရာ ဆိုသူက Facebook ပေါ်က Apple စာမျက်နှာပေါ်က အပြာရော င်အမှတ်အသား အင်္ဂါနေ့မနက်က ပျောက် သွားတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က မာ့ခ်ဇူကာ ဘတ်ပိုင် Facebook က Apple ရဲ့အသစ် ထွက်ရှိမယ့် တစ်ကိုယ်ေ ရလုံခြုံရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
Facebook ပေါ်မှာ အမှတ်တံ ဆိပ်ကြီးတွေနဲ့ အဖွဲ့အ စည်းတွေ စစ်မှန်မှုကို သငေ်္ကတပြုတဲ့ အနေနဲ့ platform ပေါ်မှာ အပြောရောင်အမှတ်အသား ပြုလုပ်ပေးထား ပါတယ်။ Facebook ပိုင်ဆိုင်တဲ့ Instagram ပေါ် မှာတော့ Apple အပြာရောင် အမှတ်အသား ရှိတုန်းပါပဲ။ Facebook နဲ့ Apple အကြားက တိုက်ပွဲက ပြီးခဲ့တဲ့ အပတ်က စတင် လာတာ ဖြစ်ပါတယ်။ လာမယ့်နှစ် ထွက်မယ့် Apple ရဲ့ iOS 14.4 ကတော့ ကြော်ငြာ အတွက် app တွေ ခြေရာခံတာကို သုံးစွဲသူတွေက ပိုမို ထိန်းချုပ်ခွင့်ပေး မယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ Facebook ဟာ app တွေအြ ကား သုံးစွဲသူတွေကို ခြေရာခံနေပါ တယ်။ အဲဒီ နည်းလမ်းနဲ့ လုပ်ငန်းအေ သးစားလေး အပေါ် ဖောက်သည်တွေနဲ့ ချိတ်ပေးပါတယ်။ Facebook လူမှုကွန်ရက်ကတော့ Apple အပြောင်း အလဲသစ်နဲ့ ပတ်သက်နေတဲ့ စာမျ က်နှာပြည့် ကြော်ငြာဖယ်ရှားတဲ့ကိစ္စ အပေါ် မှတ်ချက်ပြု ခဲ့ပါတယ်။ Facebook ကတော့ အသေးစား လုပ်ငန်းတွေနဲ့အတူ ရပ်တည်မယ်လို့ ကြေညာခဲ့ပါတယ်။
Apple စီအီးအို တင်ကွတ် ကလည်း Twitter ကနေ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့က သုံးစွဲ သူတွေရဲ့ အချက်အလက်တွေကို ဘယ်လိုစုဆောင်းပြီး အသုံးချနေတဲ့အပေါ် ရွေးချယ်ခွင့်ရှိေ စချင်ပါတယ်” လို့ သူကရေးသားခဲ့တယ်။
“Facebook ဟာ အရင်ကလိုပဲ app နဲ့ ဝက်ဘ်ဆို က်ပေါ်မှာ သုံးစွဲသူတွေ အပေါ် ဆက်လက်ခြေရာခံနေပါတယ်။ iOS 14 က App Tracking Transparency ကတော့ ခွင့်ပြုချက် အရင်ေ တာင်းမှာပါ” တင်ကွ တ်က Facebook လို app တွေခြေရာခံရင် သုံးစွဲ သူတွေအပေါ် မေးမြန်းမယ့် ပုံစံကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးခဲ့ပါသေးတယ်။
နောက်ဆုံးရ သတင်း
မတ်နာ ဗာရားက Facebook ဟာ Apple ပေါ်က အပြာရောင် အမှတ်အသား ဖယ်ရှားခဲ့တ ယ်ဆိုတဲ့ သတင်းကို ပြန်လည်ရှ င်းလင်းခဲ့ပါတယ်။ အဲ့သတင်းအပေါ် Facebook ကတုံ့ပြန်ချက် က-
-Apple ရဲ့ Facebook စာမျ က်နှာက ဘယ်တော့မှ verify မလုပ်ထားပါဘူး
-Apple နဲ့ဆက်စ ပ်နေတဲ့ Facebook စာမျက်နှာတွေဖြစ်တဲ့ Apple Music, Apple Podcasts, Apple TV စာမျက်နှာ မှာတော့ verify လုပ်ထားပါတယ်
-Apple Facebook စာမျက်နှာကို verify မလုပ်တဲ့အေ ကြာင်းပြချ က်ကိုလည်း Facebook ကရှင်းလ င်းခဲ့ပါတယ်။ Apple Facebook စာမျက်နှာတွေကို verify လုပ်ဖို့ဆို page ကိုင်တဲ့ admin က verification လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ လို တယ်လို့ သိရပါတယ်။
Ref: DailyMail
နောက်ဆုံးရ သတင်း
Ref: DailyMail