ဒီကနေ့ မြန်မာနိုင်ငံအတွင်း နာရီပိုင်းသာခြားပြီး ငလျင်နှစ်ကြိမ်လှုပ်ခတ်

ဒီကနေ့မှာ မြန်မာနိုင် ငံအတွင်း နာရီပိုင်းသာခြားပြီး အင် အားအနည်းငယ်ရှိ ငလျင်နှ စ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦး စီးဌာနကထု တ်ပြန်ပါတယ်။

နိုဝင်ဘာ (၂၁) ရက်၊ နေ့လယ်(၂)နာရီ (၁၅) မိနစ်၊ (၃၅) စက္ကန့် အချိန်က ကန့်ဘလူမြေငလျင်စခန်းကနေ အရှေ့တောင်ဘက် (၃၅)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁)ဒီဂရီ၊ အနက်(၆) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံအတွင်း နာရီပိုင်းသာခြားပြီး ငလျင်နှစ်ကြိမ်လှုပ်ခတ်

အဲဒီမတိုင်ခင် မနက်(၁၁) နာရီ၊ (၁၉) မိနစ်၊ (၃၄) စက္ကန့် အချိန်ကလည်း တမူးမြေငလျင်စခန်းကနေ မြောက်-အရှေ့မြာက်ဘက် (၇၂)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ရဲ့ မြောက်-အရှေ့မြာက်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၀၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၇)ဒီဂရီ၊ အနက်(၁၃) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။

Source;မိုးဇလ




Source;မိုးဇလ

Add a Comment

Your email address will not be published. Required fields are marked *