ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇ )ရပ်ကွက် မဂ္ဂင်လမ်းရှိ ပေါင်မုန့်နှင့် ပေါက်စီလုပ်သည့် တရုတ်အလုပ်ရှင်မှ ကလေးငယ်များအား နေအိမ်တွင်ပိတ် လှောင်နှိပ်စက် နေသည့်သတင်းကြောင့် ရပ်ကွက်နေပြည်သူများ အဆိုပါနေအိမ်အနီးဝိုင်းအုံကာ လူသုလူဝေးမှု နိုဝင်ဘာ ၁၉ ရက် ညနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည်။

ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားကလေးငယ်တဦးမှ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုမခံနိုင်သောကြောင့် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ထိုသတင်းမှာ ရပ်ကွက်အတွင်း ပျံ့နှံ့သွားပြီးနောက် ရပ်ကွက်နေပြည်သူများက ၎င်းနေအိမ်ကို ဝိုင်း၍ ကလေးငယ်များကိုထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ဆက်လက်ပြီး လူစုလူဝေးဖြင့် ဆူပူမှုဖြစ်နေသည့်အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

“ကျွန်တော်တို့ဆီကို အဲ့ဒီက ကလေးတယောက်က လာတိုင်တယ်။ သူတို့ကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုပြီးတော့။ ညပိုင်းမှာ ရပ်ကွပ်ထဲမှာ လူတွေစုပြီး ရုန်းရင်းဆန်ခက်ဖြစ်နေတယ် သတင်းရရှိတော့ ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်ပြီး ကလေးတွေဆီက ထွက်ဆိုချက်တွေ မေးနေပါတယ်။ ကလေးတွေဆီက ထွက်ဆိုချက်မေးပြီးရင် ကျွန်တော်တို့ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူမှ ပြောသည်။

ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

ည ၁၁ နာရီကျော်တွင် ရာနှင့်ချီသော ရပ်ကွက်နေပြည်သူများက အဆိုပါ ပေါင်မုန့်နှင့် ပေါက်စီလုပ်ငန်းနေအိမ်အား ဝိုင်းထားပြီး ကလေးများထုတ်ပေးရန် နှင့် အော်ဟစ်တောင်းဆိုမှုများရှိနေသည့်အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးစောင့်ကြပ်ပေးလျက်ရှိကြောင်းနှင့် ဖြစ်စဉ်အပေါ် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

” ကျွန်တော် ဒီမှာ လုပ်တာ ၄နှစ်ကျော်သွားပြီ။ အလုပ်ထဲက လူတိုင်းနီးပါးအရိုက်ခံရတယ်။ အလုပ် နည်းနည်းမှားတာနဲ့ပါးရိုက်တယ်။ ဟိုတနေ့က ကျွန်တော်နဲ့ ကျွန်တော် ညီမလေးကို ပါး ၁၁ ချက်လောက် ရိုက်တဲ့အတွက် မခံနိုင်တော့တဲ့အတွက် ရဲစခန်းကို လာတိုင်တာ။ အလုပ်သမားက ၁၆ ယောက်လောက် ရှိတယ်။ ယောက်ျားလေး ၄ ယောက် မိန်းကလေး ၁၂ ယောက်လောက်တော့ရှိတယ်” ဟု အသက် ၁၈ နှစ်စ်အရွယ် မောင်ကျော်လင်းထွေးက ပြောသည်။

ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် တရုတ်လုပ်ငန်းရှင် က ကလေးငယ်များ ကို နေအိမ်တွင်လှောင်ပိတ်၍ အဓမ္မ ခိုင်းစေခြင်းကြောင့် ရပ်ကွက်အတွင်း ဆူပူမှုဖြစ်ပွား

မောင်ကျော်လင်းထွေး၏ ညီမဖြစ်သူ မသူဇာထွေးမှာ အသက် ၁၅ နှစ်သာရှိသေးကြောင်း၊ ထိုလုပ်ငန်းတွင် အသက် ၈ နှစ်အရွယ် မှ ၁၈ နှစ် အရွယ် ကလေးအလုပ်သမားများ လုပ်ကိုင်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။

Source;News Watch

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ (၈၇ )ရပ္ကြက္ မဂၢင္လမ္းရွိ ေပါင္မုန႔္ႏွင့္ ေပါက္စီလုပ္သည့္ တ႐ုတ္အလုပ္ရွင္မွ ကေလးငယ္မ်ားအား ေနအိမ္တြင္ပိတ္ေလွာင္ႏွိပ္စက္ေနသည့္သတင္းေၾကာင့္ ရပ္ကြက္ေနျပည္သူမ်ား အဆိုပါေနအိမ္အနီးဝိုင္းအုံကာ လူသုလူေဝးမႈ နိုဝင္ဘာ ၁၉ ရက္ ညနက္ပိုင္းအခ်ိန္တြင္ ျဖစ္ပြားခဲ့သည္။

အဆိုပါ စက္႐ုံတြင္ အလုပ္လုပ္ကိုင္လ်က္ရွိသည့္ အလုပ္သမားကေလးငယ္တဦးမွ ညွဥ္းပန္းႏွိပ္စက္မႈဒဏ္ကိုမခံနိုင္ေသာေၾကာင့္ ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ေၾကာင္း၊ ထိုသတင္းမွာ ရပ္ကြက္အတြင္း ပ်ံ့ႏွံ႕သြားၿပီးေနာက္ ရပ္ကြက္ေနျပည္သူမ်ားက ၎ေနအိမ္ကို ဝိုင္း၍ ကေလးငယ္မ်ားကိုထုတ္ေပးရန္ ေတာင္းဆိုခဲ့ၾကေၾကာင္း၊ ဆက္လက္ၿပီး လူစုလူေဝးျဖင့္ ဆူပူမႈျဖစ္ေနသည့္အတြက္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္ရွိသူမ်ားက ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ဆီကို အဲ့ဒီက ကေလးတေယာက္က လာတိုင္တယ္။ သူတို႔ကို ညွဥ္းပန္းႏွိပ္စက္တယ္ဆိုၿပီးေတာ့။ ညပိုင္းမွာ ရပ္ကြပ္ထဲမွာ လူေတြစုၿပီး ႐ုန္းရင္းဆန္ခက္ျဖစ္ေနတယ္ သတင္းရရွိေတာ့ ကေလးငယ္ေတြကို ေခၚယူေစာင့္ေရွာက္ၿပီး ကေလးေတြဆီက ထြက္ဆိုခ်က္ေတြ ေမးေနပါတယ္။ ကေလးေတြဆီက ထြက္ဆိုခ်က္ေမးၿပီးရင္ ကြၽန္ေတာ္တို႔ရဲလုပ္ငန္းစဥ္အတိုင္း ဆက္လက္ေဆာင္႐ြက္သြားမွာပါ”ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္ရွိသူမွ ေျပာသည္။

ည ၁၁ နာရီေက်ာ္တြင္ ရာႏွင့္ခ်ီေသာ ရပ္ကြက္ေနျပည္သူမ်ားက အဆိုပါ ေပါင္မုန႔္ႏွင့္ ေပါက္စီလုပ္ငန္းေနအိမ္အား ဝိုင္းထားၿပီး ကေလးမ်ားထုတ္ေပးရန္ ႏွင့္ ေအာ္ဟစ္ေတာင္းဆိုမႈမ်ားရွိေနသည့္အတြက္ ရဲတပ္ဖြဲ႕မွ လုံၿခဳံေရးေစာင့္ၾကပ္ေပးလ်က္ရွိေၾကာင္းႏွင့္ ျဖစ္စဥ္အေပၚ ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

” ကြၽန္ေတာ္ ဒီမွာ လုပ္တာ ၄ႏွစ္ေက်ာ္သြားၿပီ။ အလုပ္ထဲက လူတိုင္းနီးပါးအရိုက္ခံရတယ္။ အလုပ္ နည္းနည္းမွားတာနဲ႕ပါးရိုက္တယ္။ ဟိုတေန႕က ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ္ ညီမေလးကို ပါး ၁၁ ခ်က္ေလာက္ ရိုက္တဲ့အတြက္ မခံနိုင္ေတာ့တဲ့အတြက္ ရဲစခန္းကို လာတိုင္တာ။ အလုပ္သမားက ၁၆ ေယာက္ေလာက္ ရွိတယ္။ ေယာက္်ားေလး ၄ ေယာက္ မိန္းကေလး ၁၂ ေယာက္ေလာက္ေတာ့ရွိတယ္” ဟု အသက္ ၁၈ ႏွစ္စ္အ႐ြယ္ ေမာင္ေက်ာ္လင္းေထြးက ေျပာသည္။

ေမာင္ေက်ာ္လင္းေထြး၏ ညီမျဖစ္သူ မသူဇာေထြးမွာ အသက္ ၁၅ ႏွစ္သာရွိေသးေၾကာင္း၊ ထိုလုပ္ငန္းတြင္ အသက္ ၈ ႏွစ္အ႐ြယ္ မွ ၁၈ ႏွစ္ အ႐ြယ္ ကေလးအလုပ္သမားမ်ား လုပ္ကိုင္လ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

Source;News Watch

Add a Comment

Your email address will not be published. Required fields are marked *