ထီဆုကြီး ပေါက်ခဲ့ပြီးနောက် အလှူလာခံတဲ့သူတွေ ကျောင်းကိုအတင်းဝင်ရောက် လာတာကြောင့် ထွက်ပြေး တိမ်းရှောင် နေခဲ့ရတဲ့ ဘုန်းတော်ကြီးအဖြစ်… (ရုပ်သံ)
ထိုင်း ထီ ဘတ် (၁၈) သန်းဖိုး ပေါက် သွားခဲ့တဲ့ ဆရာတော် ဘုန်းဘုန်း တစ်ပါးဟာ အလှူငွေ တောင်းခံဖို့ ဘုန်းကြီးကျောင်းဝန်း အတွင်းသို့ ဝင်ရောက်စီးနင်း နေတဲ့ပြည်သူ တွေအား ရှောင်ရှားဖို့ ရန်အတွ က် လူသိနည်းတဲ့ နေရာတစ်ခုသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရပါတယ်။ ထိုင်းနိုင်ငံ Nonthaburiပြည်နယ် Nonthaburi မြို့ Wat Thinnakorn Nimit ဘုန်းကြီး ကျောင်းရှိ သက်ေ တာ် ၆၇ နှစ် အရွယ် ဘွဲ့အမည် Ajahn Montri Samujjo ဆိုတဲ့ ဆရာတော် ဘုန်းဘုန်းဟာ ဒီ တနင်္လာနေ့တွင် ထွက်ရှိတဲ့ ထိုင်းထီ ဘတ် ၆ သန်း(မြန်မာငွေ သိန်း၂၅၃)တန်ဖိုး ရှိတဲ့ ထီလက်မှတ် ၃ ခုစီ ကိုပေါက်သွားခဲ့ကြောင်း ဒေသခံ မီဒီ ယာများမှ တဆင့် သိခဲ့ရပါတယ်။ ဘုန်းဘုန်း Piak လို့ လူသိများတဲ့ အဆိုပါ ဘုန်းဘုန်းဟာ ဘုန်းကြီးကျောင်း ဝန်း ထဲတွင် လမ်းလျှောက် နေခဲ့ရင်း ထီလက် မှတ်ရောင်းတဲ့ လူတစ်ယောက်က ဘုန်းဘုန်းဆီ ချဉ်းကပ်လာပြီး သူမရောင်းနိုင်တော့တဲ့ ထီလက်မှတ်တွေကို ဝယ်ပေးနိုင် မလားလို့ မေးခဲ့ပါတယ်။
ထီဆုကြီး ပေါက်ခဲ့ပြီးနောက် အလှူလာခံတဲ့သူတွေ ကျောင်းကိုအတင်းဝင်ရောက် လာတာကြောင့် ထွက်ပြေး တိမ်းရှောင် နေခဲ့ရတဲ့ ဘုန်းတော်ကြီး
ဘုန်းဘုန်းက စိတ်မေ ကာင်း ဖြစ်တာနဲ့ပဲ အဆိုပါ ထီရောင်း သမားကို ကူညီပေးဖို့ ထီလက်မှတ် ဘတ် ၂,၀၀၀ ဖိုး ဝယ်ယူအားပေး ခဲ့လိုက်ပါတယ်။ထီထွက်တဲ့ နေ့မှာတော့ အဆိုပါ ဘုန်းဘုန်းဟာ သူဝယ်ခဲ့တဲ့ ထီလက်မှတ် ၃ ခုကထီပေါက် ဂဏန်းဖြစ်နေခဲ့ တာကို အံ့ဩသွား ခဲ့ရပါတယ်။ ဘုန်းဘုန်းဟာ သူ့ရဲ့သား သမီးသုံးယော က်အား တစ်ဦးကို ထိုင်းဘတ် ၁သန်း(၄၂ သိန်း)ဆီ ပေးခဲ့ပြီး တခြား ဘုန်းကြီး ကျောင်းမှာ လိုအပ်သမျှ နဲ့ အမှန်တကယ် လိုအပ် နေသူတချို့ကိုပါ လှူဒါန်းေ ပးခဲ့ပါတယ်။
ထီဆုကြီး ပေါက်ခဲ့ပြီးနောက် အလှူလာခံတဲ့သူတွေ ကျောင်းကိုအတင်းဝင်ရောက် လာတာကြောင့် ထွက်ပြေး တိမ်းရှောင် နေခဲ့ရတဲ့ ဘုန်းတော်ကြီး
ဘုန်းဘုန်း ထီပေါက်ြ ပီးလှူဒါန်းမှု တွေပြုလုပ်နေတဲ့ သတင်းဟာ online ပေါ် ပျံ့နှံ့ သွားခဲ့ပြီးနောက်မှာ ထိုင်းပြည် သူတွေဟာ ဘုန်းကြီး ကျောင်းသို့ အတင်း ဝင်ရောက်ပြီး အလှူငွေ လှူဒါန်းပေးဖို့ တောင်းခံကြကာ အခြားဆ ရာတော် ဘုန်းဘုန်းတွေကို ညမှာကျိ မ်းလို့ တောင်မရ လောက်ေ တာ့တဲ့အထိ အခက်တွေ့ စေခဲ့ကြောင်း Coconuts Bangkok သတင်းက ဖော်ပြ ထားခဲ့ပါတယ်။
ထီဆုကြီး ပေါက်ခဲ့ပြီးနောက် အလှူလာခံတဲ့သူတွေ ကျောင်းကိုအတင်းဝင်ရောက် လာတာကြောင့် ထွက်ပြေး တိမ်းရှောင် နေခဲ့ရတဲ့ ဘုန်းတော်ကြီး
လက်ထောက် ဆရာေ တာ်ဘုန်းဘုန်း Sitthi Woraditက အဆိုပါ ဘုန်းဘုန်း ဟာ တခြားပြည်နယ်ရှိ အမည်မသိတဲ့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွေ့ဖို့ တောင်းဆိုခဲ့ ပြီးနောက် သူတို့ရဲ့ ဘုန်းကြီး ကျောင်းတွင် မရှိေ တာ့ကြောင်း အတည်ပြု ပြောကြားပေးခဲ့ပါတယ်။ ”သူတခြားနေရာကို ကြွသွားပြီ ကျေးဇူးပြုပြီး ဒီကျော င်းကို မလာကြပါနဲ့။ ဒီကိစ္စဟာ သံဃာတော်တွေကို အနှောက်အယှ က်ဖြစ်စေပြီး အမြင်မတော်ဖြ စ်စေတယ်”လို့ လက်ထောက် ဆရာတော် ဘုန်းဘုန်းက ဒေသခံသတင်း ထောက်တွေထံ ဆိုထားခဲ့ပါတယ်။
Credit to VPSNEWMM
Credit to VPSNEWMM
Add a Comment
Your email address will not be published. Required fields are marked *