တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

ယနေ့ ရန်ကုန်မြို့ ဘုန်းကြီးလ မ်းနှင့် ပြည်လ မ်းထောင့် ယခင် စိန်ဂျွန်းဈေးရှေ့ (ယခုသူနာပြုတက္ကသိုလ်နေရာ) မှာ ဗြိတိသျှတို့ တည်ဆောက်ခဲ့တဲ့ ထောင်ကြီး ဖြစ်ပါတ ယ်။ ရဟန်းအာဇာနည် ဦးဝိစာရ အသက်ပေး ခဲ့တာ ဒီထောင်မှာဖြစ်ပြီး ဆရာကြီး လူထုဦးလှ နဲ့ ဆရာဗန်းမော်တင်အောင်တို့ နိုင်ငံရေးအမှုတွေနဲ့ အဖမ်းခံခဲ့ရ တာကလည်း ဒီထောင် မှာပါပဲ။ တခေတ်တ စ်ခါကတော့ နာမည် အကြီးဆုံးထောင်ဖြစ်ခဲ့ပါတယ်။

တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း
တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

ထောင်ရှေ့ဗိုလ် ချုပ်လမ်း (ယခင်က Montgomery လမ်း)ဘက်က ထောင်ဗူးဝ တဘက် ကားလမ်းမှာ ထောင်ပိုင်ရုံးနဲ့ ထောင်ဝန်ထမ်းများ နေထိုင်ရာ တန်းလျားများ ရှိခဲ့ပါတယ်။ မျက်စောင်းထိုးက ဗဟိုစည် ရပ်ကွက်က အေ စာပိုင်းမှာ မရှိသေးပါဘူး။ ထောင်အတွင်းသို့ အလည်ပတ် ရောက်ဖူးသူ ရှိပါလိမ့်မယ်။ အဓိကတော့ အနောက်တောင်ဘက် ထောင့်နားမှာ ဘုရားတစ်ဆူတည်ထားပြီး ကြိုးစင်လည်း အဲဒီနားမှာပဲ ရှိပါတယ်။ ရန်ကုန်ထောင် ဟာ အောက်ဘက်မှာ အခန်း ၄ ခန်းနဲ့ အပေါ်ထပ်မှာ အခန်း ၄ ခန်း ရှိတဲ့ နှစ်ထပ် အဆော က်အအုံ ဖြစ်ပါတယ်။ အောက်ဘက် ၁ ခန်းကို ပုံစံခန်း လုပ်ထားပါတယ်။ အချုပ်သစ်တွေ အားလုံး အဲဒီအခန်းကို ဝင်ရပါတယ်။ နောက်ပိုင်း ရုံးထွက်ကျမှ ကိုယ်ကြိုက် တဲ့ အခန်းကို ဝင်နေလို့ ရပါတယ်။ အပေါ်ထပ် အခန်းကနေ အပြင်ကိုကြည့်ရင် ရွှေတိဂုံဘုရား၊ စိန်ဂျွန်းဈေးနဲ့ ရန်ကုန်-အင်းစိန်-ပြည် လမ်းမကြီးကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း
တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

နောက်ပြီး မိန်းမအဆောင်နဲ့ ယောက်ျားအေ ဆာင်ကို အလယ်က လူတစ်ရပ်ကျော် မြင့်တဲ့ သွပ်ပြား တွေ ကာပြီး ခွဲထားပါတယ်။ သွပ်ပြားပေါ်မှာ သစ်သားဒေါက်တွေနဲ့ သံဆူးကြိုးတွေ ရှိပါတယ်။ အဲဒီအဆောင်တွေရဲ့ အနောက်ဘက် ကပ်လျက်မှာ စစ်သားစုဆောင်းရေးတပ် ရှိပါ တယ်။ ထောင်ဗူးဝကအထပ် ၃ ထပ်ရှိပါတယ်။ ၂ထပ်ပဲမြင်ရပေမယ့် အပေါ်ဆုံးမှာ အထပ်ခိုးလေး ရှိပါတယ်။ အဲဒီနေရာဟာ “ကြိုးတိုက်” ဖြစ်ပါတယ်။ ဒီကြိုးတိုက်ကို ရောက်ဖူးမြင်ဖူးသူ အရမ်းနည်းပါလိမ့်မယ် ကြိုးတိုက်မှာတော့ ကြိုးပေးခံရသူတွေရဲ့ လည်ပင်းကြိုးကို ကွင်းစွပ်နှင့် အနည်းငယ်ကြိုးအရှည်ကိုသာ ဖြတ်ထားပြီး မှန်ဘောင်တွေထဲမှာ နာမည်များအလိုက် ကန့်သတ်သိမ်းဆည်းထားတာတွေ့ရပါတယ်။

တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း
တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

မှတ်ချက်။ အဲဒီနေရာကိုလူတို င်းပေးမတက် တာကတော့ တချို့ကြိုး မိန့်ပေးခံရသူ များမှာ သေဒဏ်အပြင် ထောင်ဒဏ်ပေါင်း ကျသူများရှိတာကြောင့်
ထိုနေရာကို ကန့်သတ် ထားတာဖြစ်ပါတယ်။ အင်္ဂလိပ် က ဂျပန်ကို တိုက်နိုင်ခဲ့ြ ပီးနောက် စစ်သုံ့ပန်းများဟာ ထိုထောင်မှ လွတ်ငြိမ်းခွင့် ပြန်ရခဲ့တာပါ။ ထောင်ရဲ့ အနောက်ဘက်ပိုင်းမှ ကီလီလမ်းအထိက ရုံးပုလိပ်တပ်ဖွဲ့ တန်းလျား ထားပါတယ်။ အရေးဆို ထောင်ထရင် နီးနီးနားနား ဖြစ်အောင်ပါ။ ပုလိပ်ဗိုလ်ချာလီချစ်က ဦးဆောင်ပါတယ်။ ပုလိပ်မြ င်းတပ်လည်း ထားပါတယ်။ ၁လတစ်ခါ အထိကရုဏ်း ခံတပ်ကာကား အပါအဝင် အသေးစားသံချပ်ကားများနဲ့ လာရောက် လေ့ကျင့်တတ်ပါတယ်။ ထောင်ထတဲ့အခါ ကြောက်စ ရာကောင်းပါတယ်။

တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

ထောင်သားများ ဆန္ဒပြအော်ဟစ်သံတွေကို ကြားရပါတယ်။ ထမင်းစားပန်းကန်၊ သံခွက်များ တညီတညွတ် တည်း ရိုက်ကာ အသံကျယ်လောင်စွာ ဆန္ဒပြကြပါတယ်။ နောက်ပိုင်း ဗဟိုစည်ရပ်ကွက် ဖြစ်လာတော့ ထောင်ရဲ့တဘက် ကားလမ်း ရပ်ကွက်ဒေါင့်မှာ ထောင်တွင်းက စေတီရှိလို့ ရပ်ကွက်ဓမ္မာရုံကို ရည်စူးပြီး ဆောက်ထားခဲ့ပါတယ်။ ခုတော့အဲဒီထောင်လည်း ပြိုပါပြီ။ မရှိတော့ ပါဘူး။

တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း
တချိန် က အာရှမှာ အကြီးဆုံးထောင် ဖြစ်ခဲ့ တဲ့ ရန်ကုန်ထောင် အကြောင်း

ဒါကတော့ ရန်ကုန်ထောင်အကြောင်း အနည်းငယ်မျှသာ ဖြစ်ပြီး ရှားပါး အကြောင်းအရာ တစ်ခုဖြစ်တာကြောင့် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ သိမှီလိုက်တဲ့ မိတ်ဆွေများရှိရင် ရန်ကုန်ထောင်အကြောင်း သိထားတာလေးတွေ ဗဟုသုတအနေနဲ့ ဝေမျှသွားကြပါဦး။ မြင်ရဖို့ မလွယ်တဲ့ ရန်ကုန်ထောင်ရဲ့ ရှားပါးဓာတ်ပုံများပါ

Credit

ယေန႕ ရန္ကုန္ၿမိဳ႕ ဘုန္းႀကီးလ မ္းႏွင့္ ျပည္လ မ္းေထာင့္ ယခင္ စိန္ဂြၽန္းေဈးေရွ႕ (ယခုသူနာျပဳတကၠသိုလ္ေနရာ) မွာ ၿဗိတိသွ်တို႔ တည္ေဆာက္ခဲ့တဲ့ ေထာင္ႀကီး ျဖစ္ပါတ ယ္။ ရဟန္းအာဇာနည္ ဦးဝိစာရ အသက္ေပး ခဲ့တာ ဒီေထာင္မွာျဖစ္ၿပီး ဆရာႀကီး လူထုဦးလွ နဲ႕ ဆရာဗန္းေမာ္တင္ေအာင္တို႔ နိုင္ငံေရးအမႈေတြနဲ႕ အဖမ္းခံခဲ့ရ တာကလည္း ဒီေထာင္ မွာပါပဲ။ တေခတ္တ စ္ခါကေတာ့ နာမည္ အႀကီးဆုံးေထာင္ျဖစ္ခဲ့ပါတယ္။

ေထာင္ေရွ႕ဗိုလ္ ခ်ဳပ္လမ္း (ယခင္က Montgomery လမ္း)ဘက္က ေထာင္ဗူးဝ တဘက္ ကားလမ္းမွာ ေထာင္ပိုင္႐ုံးနဲ႕ ေထာင္ဝန္ထမ္းမ်ား ေနထိုင္ရာ တန္းလ်ားမ်ား ရွိခဲ့ပါတယ္။ မ်က္ေစာင္းထိုးက ဗဟိုစည္ ရပ္ကြက္က အေ စာပိုင္းမွာ မရွိေသးပါဘူး။ ေထာင္အတြင္းသို႔ အလည္ပတ္ ေရာက္ဖူးသူ ရွိပါလိမ့္မယ္။ အဓိကေတာ့ အေနာက္ေတာင္ဘက္ ေထာင့္နားမွာ ဘုရားတစ္ဆူတည္ထားၿပီး ႀကိဳးစင္လည္း အဲဒီနားမွာပဲ ရွိပါတယ္။ ရန္ကုန္ေထာင္ ဟာ ေအာက္ဘက္မွာ အခန္း ၄ ခန္းနဲ႕ အေပၚထပ္မွာ အခန္း ၄ ခန္း ရွိတဲ့ ႏွစ္ထပ္ အေဆာ က္အအုံ ျဖစ္ပါတယ္။ ေအာက္ဘက္ ၁ ခန္းကို ပုံစံခန္း လုပ္ထားပါတယ္။ အခ်ဳပ္သစ္ေတြ အားလုံး အဲဒီအခန္းကို ၀င္ရပါတယ္။ ေနာက္ပိုင္း ႐ုံးထြက္က်မွ ကိုယ္ႀကိဳက္ တဲ့ အခန္းကို ၀င္ေနလို႔ ရပါတယ္။ အေပၚထပ္ အခန္းကေန အျပင္ကိုၾကည့္ရင္ ေ႐ႊတိဂုံဘုရား၊ စိန္ဂြၽန္းေဈးနဲ႕ ရန္ကုန္-အင္းစိန္-ျပည္ လမ္းမႀကီးကို ထင္ထင္ရွားရွား ေတြ႕ျမင္ရပါတယ္။

ေနာက္ၿပီး မိန္းမအေဆာင္နဲ႕ ေယာက္်ားအေ ဆာင္ကို အလယ္က လူတစ္ရပ္ေက်ာ္ ျမင့္တဲ့ သြပ္ျပား ေတြ ကာၿပီး ခြဲထားပါတယ္။ သြပ္ျပားေပၚမွာ သစ္သားေဒါက္ေတြနဲ႕ သံဆူးႀကိဳးေတြ ရွိပါတယ္။ အဲဒီအေဆာင္ေတြရဲ႕ အေနာက္ဘက္ ကပ္လ်က္မွာ စစ္သားစုေဆာင္းေရးတပ္ ရွိပါ တယ္။ ေထာင္ဗူးဝကအထပ္ ၃ ထပ္ရွိပါတယ္။ ၂ထပ္ပဲျမင္ရေပမယ့္ အေပၚဆုံးမွာ အထပ္ခိုးေလး ရွိပါတယ္။ အဲဒီေနရာဟာ “ႀကိဳးတိုက္” ျဖစ္ပါတယ္။ ဒီႀကိဳးတိုက္ကို ေရာက္ဖူးျမင္ဖူးသူ အရမ္းနည္းပါလိမ့္မယ္ ႀကိဳးတိုက္မွာေတာ့ ႀကိဳးေပးခံရသူေတြရဲ႕ လည္ပင္းႀကိဳးကို ကြင္းစြပ္ႏွင့္ အနည္းငယ္ႀကိဳးအရွည္ကိုသာ ျဖတ္ထားၿပီး မွန္ေဘာင္ေတြထဲမွာ နာမည္မ်ားအလိုက္ ကန့္သတ္သိမ္းဆည္းထားတာေတြ႕ရပါတယ္။

မွတ္ခ်က္။ အဲဒီေနရာကိုလူတို င္းေပးမတက္ တာကေတာ့ တခ်ိဳ႕ႀကိဳး မိန့္ေပးခံရသူ မ်ားမွာ ေသဒဏ္အျပင္ ေထာင္ဒဏ္ေပါင္း က်သဴမ်ားရွိတာေၾကာင့္
ထိုေနရာကို ကန့္သတ္ ထားတာျဖစ္ပါတယ္။ အဂၤလိပ္ က ဂ်ပန္ကို တိုက္နိုင္ခဲ့ၿ ပီးေနာက္ စစ္သုံ႕ပန္းမ်ားဟာ ထိုေထာင္မွ လြတ္ၿငိမ္းခြင့္ ျပန္ရခဲ့တာပါ။ ေထာင္ရဲ႕ အေနာက္ဘက္ပိုင္းမွ ကီလီလမ္းအထိက ႐ုံးပုလိပ္တပ္ဖြဲ႕ တန္းလ်ား ထားပါတယ္။ အေရးဆို ေထာင္ထရင္ နီးနီးနားနား ျဖစ္ေအာင္ပါ။ ပုလိပ္ဗိုလ္ခ်ာလီခ်စ္က ဦးေဆာင္ပါတယ္။ ပုလိပ္ျမ င္းတပ္လည္း ထားပါတယ္။ ၁လတစ္ခါ အထိက႐ုဏ္း ခံတပ္ကာကား အပါအဝင္ အေသးစားသံခ်ပ္ကားမ်ားနဲ႕ လာေရာက္ ေလ့က်င့္တတ္ပါတယ္။ ေထာင္ထတဲ့အခါ ေၾကာက္စ ရာေကာင္းပါတယ္။

ေထာင္သားမ်ား ဆႏၵျပေအာ္ဟစ္သံေတြကို ၾကားရပါတယ္။ ထမင္းစားပန္းကန္၊ သံခြက္မ်ား တညီတၫြတ္ တည္း ရိုက္ကာ အသံက်ယ္ေလာင္စြာ ဆႏၵျပၾကပါတယ္။ ေနာက္ပိုင္း ဗဟိုစည္ရပ္ကြက္ ျဖစ္လာေတာ့ ေထာင္ရဲ႕တဘက္ ကားလမ္း ရပ္ကြက္ေဒါင့္မွာ ေထာင္တြင္းက ေစတီရွိလို႔ ရပ္ကြက္ဓမၼာ႐ုံကို ရည္စူးၿပီး ေဆာက္ထားခဲ့ပါတယ္။ ခုေတာ့အဲဒီေထာင္လည္း ၿပိဳပါၿပီ။ မရွိေတာ့ ပါဘူး။

ဒါကေတာ့ ရန္ကုန္ေထာင္အေၾကာင္း အနည္းငယ္မွ်သာ ျဖစ္ၿပီး ရွားပါး အေၾကာင္းအရာ တစ္ခုျဖစ္တာေၾကာင့္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေဝမွ်လိုက္ျခင္း ျဖစ္ပါတယ္။ သိမွီလိုက္တဲ့ မိတ္ေဆြမ်ားရွိရင္ ရန္ကုန္ေထာင္အေၾကာင္း သိထားတာေလးေတြ ဗဟုသုတအေနနဲ႕ ေဝမွ်သြားၾကပါဦး။ ျမင္ရဖို႔ မလြယ္တဲ့ ရန္ကုန္ေထာင္ရဲ႕ ရွားပါးဓာတ္ပုံမ်ားပါ

Credit

Add a Comment

Your email address will not be published. Required fields are marked *