ဆေးရုံမှ ဆင်းကာ အိမ်ဖြူတော် ပြန်ရောက်လာပီဖြစ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်
|COVID-19 ရော ဂါ ကုသ မှုခံယူနေတဲ့ အမေ ရိကန် သမ္မတ ဒေါ်န ယ်ထရန့်ဟာ တနင်္လာနေ့(အောက်တိုဘာ ၅) က ဆေးရုံမှ ဆင်းပြီး ရဟတ်ယာ ဉ်နဲ့ အိမ်ဖြူတော်ကို ပြန်လည်ရော က်ရှိလာကြောင်း သိရပါတယ်။ မဲဆွယ်စည်း ရုံးပွဲတွေ မကြာခင် ပြန်လုပ်သွားမယ်လို့ ဆေးရုံက မဆင်းခင်ေ လးမှာ ထရန့်က တွစ်တာပေါ်ေ ရးတင်ခဲ့ပြီး သတင်းတုေ တွက စစ်တမ်းအတုတွေပဲ ထွက်ေ ပါ်ပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ခွဲစိတ်ခန်းသုံး အဖြူရောင် နှာခေါ င်းစည်းတစ်ခုကို ဝတ်ဆင် ထားတဲ့ ထရန့်ဟာ လက်သီးဆုပ်၊ လက်မေ ထာင်ပြရင်း ဝါရှင်တန် အပြင်ဘက်ရှိ Walter Reed Medical Center ဆေးရုံ လှေကားကနေ ဆင်း လာခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ဗိုင်းရပ်စ် ကူးစက်ခံနေရသူ ဘယ်လောက်ေ လာက်ရှိနေပြီလဲဆိုတဲ့ သတင်းထော က်တစ်ဦးရဲ့ အမေးကိုတော့ “ကျေးဇူး အများကြီး တင်ပါတယ်” လို့ပဲ သူက ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူေ တာ်အရောက် ရဟတ်ယာဉ်ပေါ်က အဆင်းမှာလည်း သတင်းထောက်တွေကို သူက လက်မထောင်၊ လက်ဝှေ့ယမ်း နှုတ်ဆ က်ကာ အိမ်ဖြူတော်ဆီ လမ်းလျှောက်ဝင်ေ ရာက်သွား ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက် ရွေးကောက် ပွဲမှာ ပြန်လည် ရွေးကောက်ခံရ ဖို့အတွက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်နဲ့ အပြိုင်နွှဲရမယ့် ရီပတ်ဘလီ ကန် သမ္မတဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရတာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့မှာ ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။ သူ ညနေပိုင်းမှာ ဆေးရုံက ဆင်းတော့ မှာဖြစ်တယ်လို့ တနင်္လာနေ့မနက်ပိုင်းမှာ ထရန့်က ကြေညာခဲ့ပါတယ်။

“တကယ်ကော င်းမွန်နေတယ်လို့ ခံစားရ ပါတယ်။ ကိုဗစ်ကို မကြောက်ပါနဲ့၊ ခင်ဗျားတို့ဘဝ ကို အစိုးမိုးမခံပါနဲ့၊ ထရန့်အစိုးရအဖွဲ့ လက်ထက်မှာ ကော င်းမွန်တဲ့ ဆေးဝါးတစ်ချို့နဲ့ အသိပညာတွေ ကျွန်တော်တို့ဖ န်တီး ထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကထက် ပိုကောင်းတယ်လို့ခံစားရပါတယ်။” လို့ သူက တွစ်တာမှာ ရေးခဲ့ပါတယ်။ ယခုအခါ ကိုရိုနာဗိုင်း ရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁ သန်းကျော်နေပြီဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတ ည်းမှာပဲ သေဆုံးသူ ၂၀၉၀၀၀ ကျော်ရှိနေကာ ဒီအရေအတွက်ဟာ ကမ္ဘာမှာ အမြင့်ဆုံး သေဆုံးမှု အရေအတွက်ဖြစ်ပါတယ်။
CNA