ဆောင်းရာသီ မှာ ရဟန်း သာမဏေတွေ ကို မချမ်းစေချင်တဲ့စေတနာနဲ့ လွဲမှားတဲ့ အလှူမပြုမိစေဖို့ ဆရာတော်ကြီးရဲ့ဩဝါဒ
|ရဟန်းတော် များအား ဝိနည်းနှ င့်မအပ်စပ်သော အကျႌဆွယ်တာ၊ အံသ ကိုက်အဝတ်များ မလှူစေချင်။ အမြတ်ဆုံး ရတနာထဲတွ င်ပါဝင်သော ဘုရားရှင်၏ သားတော်ရဟန်း သာမဏေများ၏ အဝတ်အရုံသည် လူတို့နှင့် လုံးဝမတူဘဲကြည် ညိုဖွယ် အသွင်းကို ဆောင်နိုင်ကြပါသည်။
ယနေ့ခတ် လူဒါယကာများသည် ရဟန်းသာ မဏေများအား စေတနာဖြင့် လှူဒါန်း ကြသော အကျႌဆွယ်တာ၊ အံသကိုက်၊ အနွေးထည်များသည် သာသနာတော်နှင့် လုံးဝမအပ်စပ်ပါသဖြင့် မလှူကြဖို့ရန်အသိေ ပးပါသည်။ လှပသောအ ကျႌဆွယ်တာ၊ အံသကိုက်၊ အနွေးထည်များကို
ဝတ်ဆင်ထားချိန်တွင် သာမဏေ များသည် လူ့အဖြစ်ကို ေ တာင်းတမိပြီး (သင်္ကန်းမဝတ်တော့ဘူး၊ လူထွက်တော့မယ်)ဟု တခဏတာမျှစိတ်ဖြစ်မိသွားရုံနှင့် သင်္ကန်းကို ပြန်လည် ဝတ်ရုံမိပါက လိင်္ဂထေနကဖြစ်၍ ကိုရင်ပါရာဇိကထိ ကျရောက်နိုင်ပါသည်။
အသက်ထက်ဆုံးရ ဟန်းအဖြစ်ကိုသာမက ကိုရင်အဖြစ်နှင့်ပင် နေထိုင်ခွင့် မရနိုင်တော့ပါ။ ရဟန်း ပါရာဇိကထက် ကိုရင်ပါရာဇိကက အပြစ်ပိုကြီးလှပါသည်။ သို့ဖြစ်ပါ၍ ယခုလို ဆောင်းရာသီရောက်လာချိန်၌ ရဟန်း သာမဏေ များအား မေတ္တာစေတနာပိုကာ
သာသနာနှင့်မ အပ်စပ်သော အကျႌဆွယ်တာ၊ အံသကိုက် အနွေးထည်များ ကိုလှူဒါန်းခြင်းသည် သာသနာပျက်စီး ကွယ်ပကြောင်းဖြစ်၍ မလှူမိဖို့ရန် သတိပေးရခြင်းဖြစ်ပါသည်။ မိမိတို့ ရဟန်း သာမဏေများအား ချမ်းမှာစိုး၍ လှူဒါန်းချင်ပါက နွေးထွေးမှုရှိသော
ဝိနည်းတော်နှ င့်လည်းအပ်စပ်သော ခြုံထည်များ၊ စောင်များ ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီးများကိုသာ လှူဒါန်းသင့်ပါကြောင်း အရေးပေါ်အသိပေးလိုက်ရပါ၏။ (အညာ မေ အာကပ္ပေါ ကရဏီယောတိပဗ်ဗဇ်ဇိတနေ အဘိဏှံ ပစ်စဝက်ခေိတဗ်ဗံ။)
မေ-ငါသည်၊ အညော-လူတို့၏ အပြုအမူအရာ အသွင်အြ ပင်မှတပါးသော၊ အာကပွေါ- ဘုရားသားတော် ရှင်ရဟန်းတို့၏ အပြုအမူ အသွင်အပြင်ကို၊ ကာတဗ္ဗော- ပြုသင့်ပြုထိုက်၏၊ ပြုရမှာ ပါတကား၊ ဣတိ-ဤသို့၊ ပဗ္ဗဇိတေန- သာသနာဝန်ထမ်းရှင်ရဟန်းသည်။
အဘိဏှံ-နေ့စဉ်မပြတ်၊ ပစ္စဝေက္ခိတဗွံ- ဆင်ခြင်ရပေမည်။ ကျမ်းကိုး–ဝိနယမဟာဝဂ္ဂပါဠိတော်၊ အဋ္ဌကထာ၊ ဒသဓမ္မသုတ်တော်၊ မေတ္တာများစွာဖြင့်—သဗွဟ်မစာရီ(ဓမ်မဝိနယ) ဓမ္မဝိနယာလင်္ကာရစာသင်တိုက်၊ အာဒိကမ္မိက ပဓာနနာယကဆရာတော်
ခရက်ဒစ်
ယနေ့ခတ် လူဒါယကာများသည် ရဟန်းသာ မဏေများအား စေတနာဖြင့် လှူဒါန်း ကြသော အင်္ကျီဆွယ်တာ၊ အံသကိုက်၊ အနွေးထည်များသည် သာသနာတော်နှင့် လုံးဝမအပ်စပ်ပါသဖြင့် မလှူကြဖို့ရန်အသိေ ပးပါသည်။ လှပသောအ င်္ကျီဆွယ်တာ၊ အံသကိုက်၊ အနွေးထည်များကို