ဆီးချိုရောဂါနဲ့ နှလုံးရောဂါ အခံတွေ ရှိနေတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးမိုးဒီ တစ်ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

အကယ်ဒမီ မိုးဒီ Covid- 19 ရောဂါ ကူးစက်ခံရ

သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်ေ လာက်က နေမကောင်းဖြစ်ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ကိုဗစ်ပိုး ရှိ/ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး Positive အဖြေထွက်လာခဲ့တ ယ်လို့သိရပါတယ်။

ဦးမိုးဒီ မှာ ဆီးချို၊ သွေးတိုး ၊နှလုံး ၊ ကျောက်ကပ် ရောဂါအခံရှိပေမယ့် လက်ရှိအခြေအနေကတော့ အောက်ဆီဂျင် ရှုစရာမလိုဘဲ အသက်ရှုပိုင်းဆိုင်ရာ ကောင်းမွန်လျက်ရှိတယ်လို့သိရပါတယ်။

ဒီနေ့မှာ အဖြေ သိခဲ့ရတာပါ။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ အခံတွေ ရှိနေတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးမိုးဒီ တစ်ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက နေမကောင်းဖြစ်နေခဲ့တဲ့ သရုပ်ဆောင် ဦးမိုးဒီဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရပြီဖြစ်တယ်လို့ ဒီနေ့မှာ သိရပါတယ်။ ဆေးခန်းသွားပြီး အဖြေသိသိချင်းမှာဘဲ သားဖြစ်သူကောင်းစံက ဦးမိုးဒီကို ဧရာဝတီ ကုသရေးစင်တာသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“အဖေနေမကောင်းဖြစ်လို့ သွားစစ်လိုက်တာ ကိုဗစ် Positive တွေ့လို့ပါ။ လေးငါးရက်လောက်ဖျားတယ် ဘယ်လိုပဲ ဆေးတွေသောက်သောက် ဖျားတာက မသက်သာဘူး ကိုယ်အပူချိန်က တက်လိုက်ကျလိုက် ဖြစ်နေတာနဲ့ ဆရာက စစ်ခိုင်းတာနဲ့သွားစစ်လိုက်တာ P တွေ့တယ်။ မနက်က ဧရာဝတီ စင်တာမှာ သွားပို့ခဲ့တယ်။ အဖေရော ကျွန်တော်ရော နှစ်ယောက်စစ်တာ ကျွန်တော်က Negative ထွက်လို့ ပြန်ရတယ်။ အဖေ့ကိုတော့ ခေါ်ထားလိုက်တယ်”လို့ သရုပ်ဆောင် ကောင်းစံက Duwun ကိုပြောပါတယ်။

ဆီးချိုရောဂါနဲ့ နှလုံးရောဂါ အခံတွေ ရှိနေတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးမိုးဒီ အတွက် ပရိသတ်တွေကလည်း စိုးရိမ်လို့ နေကြသလို မိသားစုကလည်း စိုးရိမ်နေကြ တာကြောင့် ဦးမိုးဒီ အမြန်ဆုံးပြန်လည်ေ နကောင်းဖို့ ဝိုင်းပြီး ဆုတောင်းပေးကြပါဦးလို့ ကောင်းစံက တောင်းဆိုထားပါသေးတယ်။

“ အဖေက ရောဂါအ ခံတွေက ရှိတယ်။ အခြေအနေတွေ ကတော့ မစိုးရိမ်ရပါဘူး နေရထိုင်ရတာလည်း သက်သာပါတယ်။ အောက်စီဂျင်လည်းေ ကာင်းတယ် လို့ပြောတယ်။ စိတ်ကတော့ ပူရတယ်။ အဖေက တစ်ယောက်တည်း သိပ်မနေ တတ်ဘူး။ ဒါပေမယ့် သတ်မှတ်ချက်အရ အဖေ့နားမှာ ကျွန်တော်တို့ နေပေးလို့ မရဘူးလေ ဒီကနေပဲ ဖုန်းဆက် ပြီးတော့ အားပေးစ ကားပြောနေရတာ ၊ ကျန်းမာဖို့ အားပေးစကားပြော။ ကျွန်တော်တို့လည်း စိတ်ပူနေကြတာဆိုတော့ အခြေအနေကော င်းတာဖို့ပဲ ဆုတောင်းေ နကြရတာ၊ ပရိသတ်တွေလည်း အဖေအခြေအေ နကောင်းလာဖို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျန်းကျန်းမာ မာပြန်လာခဲ့ပါေ နာ်လို့ ပြောတော့ အေးပါအေး ပါ သားရယ်လို့တော့ သူက ပြန်ပြောတယ်”လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပြီးတီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင် တစ်ယောက်ပါ။

Credit;Cele Yatkwat

အကယ္ဒမီ မိုးဒီ Covid- 19 ေရာဂါ ကူးစက္ခံရ

သ႐ုပ္ေဆာင္ မိုးဒီ ဟာ လြန္ခဲ့တဲ့ ႏွစ္ရက္ေ လာက္က ေနမေကာင္းျဖစ္ခဲ့တာေၾကာင့္ ဧရာဝတီစင္တာမွာ ကိုဗစ္ပိုး ရွိ/ မရွိ စစ္ေဆးမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး Positive အေျဖထြက္လာခဲ့တ ယ္လို႔သိရပါတယ္။

ဦးမိုးဒီ မွာ ဆီးခ်ိဳ၊ ေသြးတိုး ၊ႏွလုံး ၊ ေက်ာက္ကပ္ ေရာဂါအခံရွိေပမယ့္ လက္ရွိအေျခအေနကေတာ့ ေအာက္ဆီဂ်င္ ရႈစရာမလိုဘဲ အသက္ရႈပိုင္းဆိုင္ရာ ေကာင္းမြန္လ်က္ရွိတယ္လို႔သိရပါတယ္။

ဒီေန႕မွာ အေျဖ သိခဲ့ရတာပါ။ ဆီးခ်ိဳေရာဂါနဲ႕ ႏွလုံးေရာဂါ အခံေတြ ရွိေနတဲ့ ဝါရင့္ သ႐ုပ္ေဆာင္ႀကီး ဦးမိုးဒီ တစ္ေယာက္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံလိုက္ရၿပီလို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ငါးရက္ေလာက္ကတည္းက ေနမေကာင္းျဖစ္ေနခဲ့တဲ့ သ႐ုပ္ေဆာင္ ဦးမိုးဒီဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံလိုက္ရၿပီျဖစ္တယ္လို႔ ဒီေန႕မွာ သိရပါတယ္။ ေဆးခန္းသြားၿပီး အေျဖသိသိခ်င္းမွာဘဲ သားျဖစ္သူေကာင္းစံက ဦးမိုးဒီကို ဧရာဝတီ ကုသေရးစင္တာသို႔ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

“အေဖေနမေကာင္းျဖစ္လို႔ သြားစစ္လိုက္တာ ကိုဗစ္ Positive ေတြ႕လို႔ပါ။ ေလးငါးရက္ေလာက္ဖ်ားတယ္ ဘယ္လိုပဲ ေဆးေတြေသာက္ေသာက္ ဖ်ားတာက မသက္သာဘူး ကိုယ္အပူခ်ိန္က တက္လိုက္က်လိဳက္ ျဖစ္ေနတာနဲ႕ ဆရာက စစ္ခိုင္းတာနဲ႕သြားစစ္လိုက္တာ P ေတြ႕တယ္။ မနက္က ဧရာဝတီ စင္တာမွာ သြားပို႔ခဲ့တယ္။ အေဖေရာ ကြၽန္ေတာ္ေရာ ႏွစ္ေယာက္စစ္တာ ကြၽန္ေတာ္က Negative ထြက္လို႔ ျပန္ရတယ္။ အေဖ့ကိုေတာ့ ေခၚထားလိုက္တယ္”လို႔ သ႐ုပ္ေဆာင္ ေကာင္းစံက Duwun ကိုေျပာပါတယ္။

ဆီးခ်ိဳေရာဂါနဲ႕ ႏွလုံးေရာဂါ အခံေတြ ရွိေနတဲ့ ဝါရင့္ သ႐ုပ္ေဆာင္ႀကီး ဦးမိုးဒီ အတြက္ ပရိသတ္ေတြကလည္း စိုးရိမ္လို႔ ေနၾကသလို မိသားစုကလည္း စိုးရိမ္ေနၾက တာေၾကာင့္ ဦးမိုးဒီ အျမန္ဆုံးျပန္လည္ေ နေကာင္းဖို႔ ဝိုင္းၿပီး ဆုေတာင္းေပးၾကပါဦးလို႔ ေကာင္းစံက ေတာင္းဆိုထားပါေသးတယ္။

“ အေဖက ေရာဂါအ ခံေတြက ရွိတယ္။ အေျခအေနေတြ ကေတာ့ မစိုးရိမ္ရပါဘူး ေနရထိုင္ရတာလည္း သက္သာပါတယ္။ ေအာက္စီဂ်င္လည္းေ ကာင္းတယ္ လို႔ေျပာတယ္။ စိတ္ကေတာ့ ပူရတယ္။ အေဖက တစ္ေယာက္တည္း သိပ္မေန တတ္ဘူး။ ဒါေပမယ့္ သတ္မွတ္ခ်က္အရ အေဖ့နားမွာ ကြၽန္ေတာ္တို႔ ေနေပးလို႔ မရဘူးေလ ဒီကေနပဲ ဖုန္းဆက္ ၿပီးေတာ့ အားေပးစ ကားေျပာေနရတာ ၊ က်န္းမာဖို႔ အားေပးစကားေျပာ။ ကြၽန္ေတာ္တို႔လည္း စိတ္ပူေနၾကတာဆိုေတာ့ အေျခအေနေကာ င္းတာဖို႔ပဲ ဆုေတာင္းေ နၾကရတာ၊ ပရိသတ္ေတြလည္း အေဖအေျခအေ နေကာင္းလာဖို႔ ဆုေတာင္းေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္။ က်န္းက်န္းမာ မာျပန္လာခဲ့ပါေ နာ္လို႔ ေျပာေတာ့ ေအးပါေအး ပါ သားရယ္လို႔ေတာ့ သူက ျပန္ေျပာတယ္”လို႔ သူက ဆက္လက္ေျပာျပခဲ့ပါတယ္။

မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ရိုက္ကူးလာခဲ့ရၿပီးတီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ရိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႕ရဲ႕ အႏုပညာမ်ိဳးစက္အေနနဲ႕ သားျဖစ္သူ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေကာင္းစံ ကလည္း ပရိသတ္အားေပးမႈေတြ ရရွိထားတဲ့ ဟာသပညာရွင္ တစ္ေယာက္ပါ။

Credit;Cele Yatkwat

Add a Comment

Your email address will not be published. Required fields are marked *