စိတ်ဖိစီးနေပြီဆိုရင် ဆက်လုပ်မယ့် အချက်တွေ

စိတ်ဖိစီးနေပြီလား ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို အကြိမ်များများ ပြန်မေးကြည့်ပါ။ အဖြေက ဘာဖြစ်နေမလဲဆိုတာလည်း သေချာတွေးပါ။ စိတ်ဖိစီးနေပြီလို့ ဖြေမိတယ်ဆိုရင်တော့ ဒီစာကို ဆက်ဖတ်ဖို့ လိုပါတယ်နော်။ စိတ်ဖိစီးနေပြီဆိုရင် ဘာတွေဆက်လုပ်ရမလဲပေါ့။

ဘယ်အချက်က ကိုယ့်ကိုစိတ်ဖိစီးနေစေတာလဲ

စိတ်ဖိစီးနေတယ်ဆိုရင် ဘယ်အချက်က ကိုယ့်ကို စိတ်ဖိစီးစေတာလဲဆိုတာ သေချာ သိထားဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ကျော်ဖြတ်နိုင်ဖို့ အတွေးသစ်တွေ ရမှာလေ။ ကိုယ့်စိတ်ကို ဖိစီးစေတဲ့ အရာတွေကို ချရေးကြည့်ပါ။ ဒါဆိုရင် ရောနှောပြီး စိတ်ဖိစီးနေတာမျိုး မဟုတ်တော့ဘဲ ဘယ်အရာကပဲ ဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာမှာမလို့ ဖြေရှင်းရ ပိုမြန်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်ပါ

စိတ်ဖိစီးတယ်ဆိုတာက ရေရှည်ကိုယ့်စိတ်မှာ ခံစားနေရတဲ့ ခံစားချက်ဆိုတော့ ဖြေရှင်းဖို့လည်း အချိန်ယူဖို့ လိုပါတယ်။ ဖြေရှင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဘယ်လိုစိတ်ဖိစီးမှုတွေပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဖြေရှင်းနိုင်မယ်လို့ တွေးပါ။

ကိုယ့်ကိုယ်ကို ချစ်တတ်ပါစေ

စိတ်ဖိစီးမှု တော်တော်များများက တခြားသူတွေရဲ့ အကြောင်းကိစ္စတွေကြောင့် ဖြစ်နေတတ်ပါတယ်။ သူများကိစ္စတွေကြောင့် စိတ်ဖိစီးနေတာတွေ လျော့နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။ ကိုယ့်အတွက်ကိုယ် အရင်ဦးစားပေးပြီး စဥ◌်းစားလိုက်ပါ။ ကိုယ်အဆင်ပြေမှ တခြားသူတွေအတွက် တွေးပေးကြည့်ပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေ နည်းလာမှာပါ။ ကိုယ်နဲ့ ရာနှုန်းပြည့်မဆိုင်ရင် ကျန်တဲ့ကိစ္စတွေ မစဥ◌်းစားပါနဲ့။

ကိုယ့်စိတ်ကနေ ချဲ့တွေးတာတွေ လျှော့ပါ

တစ်ခါတစ်လေမှာ စိတ်ဖိစီးမှုတွေက ကိုယ့်ဘက်က ချဲ့ကားတွေးလွန်းတာကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ လူတွေငါ့ကို ဒီလိုများတွေးနေမလားဆိုပြီး စိတ်ဖိစီးနေတတ်ကြတာမျိုးပေါ့။ မဟုတ်ရင်လည်း ပြဿနာတစ်ခုခုကို ချဲ့ကားပြီး တွေးပူနေတာမျိုးပေါ့။ ဒါတွေက စိတ်ဖိစီးမှု ဖြစ်စေနေတာမလို့ ချဲ့ကားတွေးနေတာတွေ လျှော့ပါ။

Add a Comment

Your email address will not be published. Required fields are marked *