စိတ်ပျော်ရွှင်စေဖို့ ဒါလေးတွေ ရှောင်ရှားရန်လိုအပ်ပါတယ်

ချစ်တို့ရေ အပြင်ပန်းမှာ ဘယ်လောက်ပဲ ပျော်အောင် ဟန်ဆောင်နေနေ ကိုယ့်စိတ်ထဲကမှ မပျော်နေရင် ဘယ်လိုနည်းနဲ့မှ နေရထိုင်ရတာ အဆင်မပြေပါဘူးနော်။ ကိုယ့်စိတ်ထဲမှာ အဆင်မပြေဘူးဆိုတာကလည်း ကိုယ့်စိတ်ရဲ့ စိတ်ထားတတ်မှုနဲ့ ဆိုင်ပါတယ်။ ကိုယ့်စိတ်ကို မပျော်စေမယ့် အရာတွေ မလုပ်မိမှသာ အဆင်ပြေမှာမလို့ ကိုယ့်စိတ်ပျော်အောင် ဘာတွေ မလုပ်သင့်ဘူးလဲ ဘာတွေကို ဆင်ခြင်စွန့်လွှတ်ရမလဲဆိုတာ ပြောပြလိုက်ပါတယ်နော်။

ကိုယ့်စိတ်ထဲမှာ တကယ်ပျော်ရွှင်စေဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှ နေရတဲ့အချိန်ခဏလေးမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်မှာပါ။

ချစ်တို့ ကိုယ့်ရဲ့နယ်ပယ်မှာ ပေါင်းသင်းဆက်ဆံရေး ဘယ်လိုမှ အဆင်မပြေတဲ့သူတွေ ရှိကောင်းရှိမှာပါ။ ကိုယ်က ဘယ်လောက်ကောင်းအောင် နေပေးနေပေး၊ ဘယ်လောက်ပဲ သည်းခံပြီး ဆက်ဆံဆက်ဆံ အဆင်မပြေတဲ့သူတွေ ရှိမှာပါ။ ဒီလူတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင် စွန့်လွှတ်လိုက်ဖို့ လိုပါပြီ။

ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဘူးတဲ့နော်။ သူတစ်ပါးအပေါ်မှာ ယုံကြည်မှုတွေ လွန်ကဲနေတာမျိုး၊ တစ်ယောက်ယောက်ကတော့ ကိုယ့်ကို သစ္စာရှိမှာပါလို့ ယုံနေတဲ့ အကျင့်တွေ စွန့်လွှတ်လိုက်ပါတော့။ ယုံကြည်မှုတွေ အပြည့်အဝ ထားပြီးမှ ကိုယ်ထင်သလို ဖြစ်မလာရင် ပင်ပန်းမှာ ကိုယ်ပါပဲ။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ကိုယ့်ကို နာကျင်စေတဲ့သူတွေကိုလည်း စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ အလုပ်မှာပဲ ဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ကိုယ့်အပေါ် မကောင်းတဲ့သူတွေ ရှိမှာပါ။ အဲဒီလိုလူတွေကို ကိုယ့်ဘဝထဲကနေ ထုတ်ပစ်ဖို့ လိုပါတယ်။ ကိုယ့်ကို မကောင်းတာတွေကို မေ့ထားပြီး ကောင်းတဲ့သူတွေ ရှာဖို့ပဲ တွေးထားပါ။ ဒါမှ ကိုယ့်စိတ်ပျော်နိုင်ပါတယ်နော်။

ကိုယ့်ရဲ့ စိတ်ပျော်ရွှင်နေဖို့ဆိုတာ ကျန်းမာရေး ကောင်းခြင်းနဲ့လည်း ဆိုင်ပါတယ်။ ကျန်းမာရေး မကောင်းဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ မပျော်နိုင်ဘူးလေ။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေ အားလုံး စွန့်လွှတ်လိုက်ပါ။
ပေါင်းသင်းဆက်ဆံရေး

အတိတ်တွေကြောင့် ပင်ပန်းနေရတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ လုပ်ခဲ့မိလေခြင်း၊ မလုပ်ခဲ့ရင် ကောင်းသားဆိုပြီး တချိန်လုံး ကိုယ့်ကိုယ်ကို ဒဏ်ခတ်ပြီး အတွေးတွေ တွေးနေတာမျိုးလည်း ရှိပြန်ပါတယ်။ အဲဒီလို အတိတ်တွေ တောက်လျှောက်ပြန်တွေးနေတာကြောင့်လည်း ပင်ပန်းတယ်လေ။ ဒီတော့ ဖြစ်ပြီးသားတွေကို ပြန်မတွေးဘဲ စွန့်လွှတ်လိုက်ပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။

ချစ်တို့ရေ ကိုယ့်စိတ်ထဲမှာ တကယ်ပျော်ရွှင်စေဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှ နေရတဲ့အချိန်ခဏလေးမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်မှာပါ။

Add a Comment

Your email address will not be published. Required fields are marked *