စိတ်ညစ်စရာတွေ စိတ်မကောင်းစရာတွေ ကြုံလာရင် သက်သာအောင်လုပ်နည်း

ကိုယ့်ကို surprise တိုက်တာဆိုလို့ ပြဿနာတွေနဲ့ စိတ်ညစ်စရာတွေပဲရှိတယ်ဆိုရင် ဒီလိုစိတ်ညစ်စရာတွေကို ဖြေရှင်းဖို့ လိုပါတယ်နော်။ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်စိတ်အေးချမ်းအောင် တည်တည်ငြိမ်ငြိမ် ဖြစ်အောင် နာရီဝက်လောက်နဲ့ လုပ်ကြည့်ပါ။ စိတ်ညစ်စရာ ကိစ္စကြီးကနေ လုံးဝမရှောင်လွှဲနိုင်ရင်တောင် စိတ်ညစ်စရာကြီးကိုပဲ တောက်လျှောက်တွေးမိနေတာမျိုး မဖြစ်တော့ဘူးပေါ့။

စိတ်ညစ်စရာတွေ ကြုံလာတယ်ဆိုရင် ကိုယ့်အကြိုက်ဆုံး သီချင်း နားထောင်ပြီး လိုက်ဆိုတာမျိုး လုပ်ပါ။ သီချင်းနားထောင်တာက ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါနော်။ သီချင်းတွေ အော်ဆိုပစ်လိုက်တာက ကိုယ့်ရဲ့စိတ်ညစ်စရာတွေကို ခဏတာ မေ့စေတယ်လေ။ အရမ်းမွန်းကြပ်လာရင် ဒါတွေ လုပ်ပါ။

စိတ်ညစ်စရာတွေ ကြုံလာပြီဆိုရင် အိပ်ရာထဲ ခွေအိပ်ပြီး တွေးတော ပူပန်နေတာထက် ကိုယ်လက်လှုပ်ရှားလေး လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားလေး လုပ်တယ်ဆိုတာက လမ်းလျှောက်တာ၊ ပြေးတာ၊ ဇက်လေ့ကျင့်ခန်း လုပ်တာ စတဲ့ ပေါ့ပေါ့ပါးပါးလေးတွေပေါ့။

အရမ်းမွန်းကြပ်လာပြီး စိတ်ဖိစီးလာရင် အသံအားလုံး တိတ်တဲ့နေရာ၊ လူတွေနဲ့ ဝေးတဲ့နေရာတွေမှာ ခဏလောက် ငြိမ်ငြိမ် တိတ်တိတ်လေး နေကြည့်ပါ။ ကိုယ့်ရဲ့ အာရုံကိုစုစည်းပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ကြည့်ပါ။ ဒါက ချစ်တို့အတွက် စိတ်ညစ်စရာတွေ လွှင့်ပျောက်စေနိုင်ပါတယ်။

စိတ်ညစ်စရာကတော့ တကယ်စိတ်ညစ်စရာပေါ့လို့ ပြန်ပြောလို့ ရပေမယ့် တချို့က တွေးတောပြီး စိတ်ညစ်နေတတ်ကြတာပါ။ တကယ်ကြီး အကြီးအကျယ် စိတ်ညစ်ရမယ့် ကိစ္စမျိုး မဟုတ်ဘဲ အသေးအဖွဲလေးတွေကို ပုံကြီးချဲ့ စိတ်ညစ်စရာလို့ တွေးနေမိတတ်တာမျိုးပေါ့။ ဒါတွေက တကယ့်ကို ရှောင်ရမှာတွေနော်။ တကယ်ကြီး စိတ်ညစ်ရမယ့် ကိစ္စ ဟုတ်ရဲ့လားလို့ ပြန်ဆန်းစစ်ပါဦး။

စိတ်ညစ်နေပါတယ်ဆိုမှ အိပ်ခိုင်းတာလားလို့တော့ မဟုတ်ပါဘူးနော်။ စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေကနေ ခဏလောက် ရုန်းထွက်ပြီး သက်သာဖို့ဆိုရင် အိပ်လိုက်တာက အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ အိပ်တာက စိတ်ညစ်တာ ပြေပျောက်စေတဲ့အပြင် ခန္ဓာကိုယ်လည်း အားရှိသလို ခံစားစေတာမလို့ ပြဿနာတွေ ဖြေရှင်းဖို့ အတွေးသစ်၊ အားအင်သစ် ရလာနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *