စင်္ကာပူနိုင်ငံ ထက် (၂) ဆ ကျယ်ဝန်း မည့် ရန်ကုန် အနောက်ဘက်ကမ်း မြို့သစ် စီမံကိန်း

ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီမှ အမှုဆောင် အရာရှိ ချုပ် ဖြစ်သူ၏ ပြောကြားချ က်အရ ရန်ကုန်မြို့၏ အနောက်ဘက်ကမ်းတွင် မြို့သစ်စီမံကိန်းတစ်ခု စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပြီး အဆိုပါ မြို့သစ်၏ အကျ ယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက် (၂) ဆခန့် ကျယ်ဝန်းမည်ဟု သိရသည်။

၎င်းမြို့သစ် စီမံကိန်းအတွက် ပထမအဆင့် လုပ်င န်းစဉ်များအား အောက်တိုဘာ (၂၀) ရက်နေ့ မှစ၍ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး စီမံကိန်း လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုလွှာ တင်သွင်းရေးကို အောက်တိုဘာ (၁၅) ရက်နေ့တွင် Swiss Challenge တင်ဒါကော်မတီမှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် စက်မှုဇုန်များ၊ အဆင့်မြင့် အိမ်ရာများ၊ အပန်းဖြေ အိမ်ရာများ၊ ဈေးဝယ်စင်တာများ၊ မြို့တွင်း ပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေး လမ်းကြောင်းများ စသည့် မြို့တစ်မြို့၏ အင်္ဂါရပ်များကို အစုံအလင် ထည့်သွင်းကာ စက်မှုမြို့သစ် စီမံကိန်းအဖြစ် လုပ်ဆောင်မည် ဖြစ်သည်။

စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ (၅) ဘီလီယံ နှင့်အထက် ရှိနိုင်ပြီး စီမံကိန်း လုပ်ဆောင်စဉ် ကာလအတွင်း လုပ်သားဦးရေ နှစ်သန်းကျော် အတွက် အလုပ်အကိုင်များ ဖန်တီး ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

စီမံကိန်းကို ပထမအဆင့်နှင့် ဒုတိယအဆင့် ဟူ၍ ခွဲခြား သတ်မှတ်ထားပြီး စီမံကိန်း နှစ်ခုပေါင်း အကျယ်အဝန်းမှာ (၁,၅၀၀) စတုရန်း ကီလိုမီတာ ရှိမည်ဟု တွက်ချက်ထားသည်။ ပထမအဆင့်၏ မဟာ အစီအစဉ်ကို စင်္ကာပူနိုင်ငံ အခြေစိုက် AECOM ကုမ္ပဏီက ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း၏ ပထမအဆင့်တွင် (၈၈) စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော စီမံကိန်း ဧရိယာပေါ်၌

ကျေးရွာ (၅) ခု၊ တံတား (၂) စင်း၊ (၂၆) ကီလိုမီတာ အရှည်ရှိ ပင်မ လမ်းကြောင်းများ၊ (၁၀) စတုရန်း ကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများနှင့် အခြားဆက်စပ် အဆောက်အဦးများ စသဖြင့် တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို စက်မှုဇုန်နှင့် အခြေခံ အဆောက်အဦများ တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက (၂၀,၀၀၀) တွင် ပထမအဆင့် အဖြစ် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။

Yangon Directory

ရန္ကုန္ၿမိဳ ႕သစ္ ဖြံ႕ၿဖိဳးေရး ကုမၸဏီမွ အမႈေဆာင္ အရာရွိ ခ်ဳပ္ ျဖစ္သူ၏ ေျပာၾကားခ် က္အရ ရန္ကုန္ၿမိဳ႕၏ အေနာက္ဘက္ကမ္းတြင္ ၿမိဳ႕သစ္စီမံကိန္းတစ္ခု စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေတာ့မည္ ျဖစ္ၿပီး အဆိုပါ ၿမိဳ႕သစ္၏ အက် ယ္အဝန္းမွာ စကၤာပူႏိုင္ငံထက္ (၂) ဆခန႔္ က်ယ္ဝန္းမည္ဟု သိရသည္။

၎ၿမိဳ႕သစ္ စီမံကိန္းအတြက္ ပထမအဆင့္ လုပ္င န္းစဥ္မ်ားအား ေအာက္တိုဘာ (၂၀) ရက္ေန႔ မွစ၍ စတင္ ေဆာင္႐ြက္ေနၿပီ ျဖစ္ၿပီး စီမံကိန္း လုပ္ငန္းစဥ္မ်ား အေကာင္အထည္ ေဖာ္ရန္ စိတ္ဝင္စားသည့္ ကုမၸဏီမ်ား အေနျဖင့္ အဆိုျပဳလႊာ တင္သြင္းေရးကို ေအာက္တိုဘာ (၁၅) ရက္ေန႔တြင္ Swiss Challenge တင္ဒါေကာ္မတီမွ ဖိတ္ေခၚခဲ့ေၾကာင္း သိရသည္။

ယင္းစီမံကိန္းတြင္ စက္မႈဇုန္မ်ား၊ အဆင့္ျမင့္ အိမ္ရာမ်ား၊ အပန္းေျဖ အိမ္ရာမ်ား၊ ေဈးဝယ္စင္တာမ်ား၊ ၿမိဳ႕တြင္း ေျပးဆြဲမည့္ အျမန္ရထား၊ ဘတ္စ္ကား ဆက္သြယ္ေရး လမ္းေၾကာင္းမ်ား စသည့္ ၿမိဳ႕တစ္ၿမိဳ႕၏ အဂၤါရပ္မ်ားကို အစုံအလင္ ထည့္သြင္းကာ စက္မႈၿမိဳ႕သစ္ စီမံကိန္းအျဖစ္ လုပ္ေဆာင္မည္ ျဖစ္သည္။

စီမံကိန္း တစ္ခုလုံးအတြက္ ကုန္က်ေငြမွာ အေမရိကန္ ေဒၚလာ (၅) ဘီလီယံ ႏွင့္အထက္ ရွိႏိုင္ၿပီး စီမံကိန္း လုပ္ေဆာင္စဥ္ ကာလအတြင္း လုပ္သားဦးေရ ႏွစ္သန္းေက်ာ္ အတြက္ အလုပ္အကိုင္မ်ား ဖန္တီး ေပးႏိုင္လိမ့္မည္ဟု ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားထားသည္။

စီမံကိန္းကို ပထမအဆင့္ႏွင့္ ဒုတိယအဆင့္ ဟူ၍ ခြဲျခား သတ္မွတ္ထားၿပီး စီမံကိန္း ႏွစ္ခုေပါင္း အက်ယ္အဝန္းမွာ (၁,၅၀၀) စတုရန္း ကီလိုမီတာ ရွိမည္ဟု တြက္ခ်က္ထားသည္။ ပထမအဆင့္၏ မဟာ အစီအစဥ္ကို စကၤာပူႏိုင္ငံ အေျခစိုက္ AECOM ကုမၸဏီက ေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

စီမံကိန္း၏ ပထမအဆင့္တြင္ (၈၈) စတုရန္း ကီလိုမီတာ က်ယ္ဝန္းေသာ စီမံကိန္း ဧရိယာေပၚ၌

ေက်း႐ြာ (၅) ခု၊ တံတား (၂) စင္း၊ (၂၆) ကီလိုမီတာ အရွည္ရွိ ပင္မ လမ္းေၾကာင္းမ်ား၊ (၁၀) စတုရန္း ကီလိုမီတာရွိ စက္မႈဇုန္၊ ဓာတ္အားေပးစက္႐ုံ၊ ကုန္ထုတ္လုပ္မႈႏွင့္ ျဖန႔္ျဖဴးေရး အေဆာက္အအုံမ်ား၊ ေရသန႔္ႏွင့္ ေရဆိုးထုတ္ စက္႐ုံမ်ားႏွင့္ အျခားဆက္စပ္ အေဆာက္အဦးမ်ား စသျဖင့္ တည္ေဆာက္သြားရန္ ရည္မွန္းထားေၾကာင္း သိရသည္။

အဆိုပါ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကို စက္မႈဇုန္ႏွင့္ အေျခခံ အေဆာက္အဦမ်ား တည္ေဆာက္ေရး ရည္႐ြယ္ခ်က္ျဖင့္ စီစဥ္ခဲ့ျခင္း ျဖစ္ၿပီး စီမံကိန္း စတင္ခဲ့သည့္ ေျမေနရာရွိ ေျမ ဧက (၂၀,၀၀၀) တြင္ ပထမအဆင့္ အျဖစ္ စတင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕မွ သတင္းထုတ္ ျပန္ထားသည္။

Yangon Directory

Add a Comment

Your email address will not be published. Required fields are marked *