ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

ရန်ကုန် မြို့ Strand ဟိုတယ်မှာ အနေ များတဲ့သူ…‌ငွေကို‌လေ လိုသုံးနိုင်‌ပေမဲ့လ ည်းမ‌ေ ပျာ်ရွှင်ခဲ့တဲ့ သူ..သူဌေးြ ကီးမိုးကု တ်ဦးမြမောင်

စာရေးဆ ရာသော်တာဆွေက သူငယ်ချင်းြ ဖစ်သူ မိုးကုတ်မြို့သား ကိုမြမောင်အား ငွေကိုလေလို သုံးသူ ဟူ၍ တင်စားခေါ်ဝေါ်ခဲ့သည်။ မိုးကုတ်မြို့နေ ဦးကြာညွ န့်ဒေါ်သန်း တို့ ဇနီးမောင်နှံသ ည် မောင်မြမောင်လေး မွေးဖွားပြီး နောက်ပိုင်း သိသာစွာ စီးပွားတက်ေ လတော့သ ည်။ကျောက်ကြီးကျောက်ကောင်းများ အောင်ခဲ့ကြ၏။

ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

ကိုမြမောင်က တစ်သိ န်းသုံးလျှင် သူ၏ မိဘများ ကျေက်တွင်းတွင် နှစ်သိန်းတန်ကျောက် အောင်လေ၏။ ကိုမြမောင် တစ်နေ့တစ်သောင်းသာ သုံးစွဲပါက နှစ်သောင်းတ န်ကျောက်သာ အောင်၏။ ကိုမြမောင်က ရန်ကုန်တွင်နေထိုင်ပြီး ငွေကိုလေလို သုံးစွဲလေ၏ ။

စာရေးဆရာေ သာ်တာဆွေ စသော သူငယ်ချင်းများနှင့် အရက်သောက်၏ ကြက်တိုက်၏ ဟော်တယ် တက်ကြ၏။ သုံးကြ၏ ဖြုန်းကြ၏။ ရန်ကုန်မြို့တွင် ခြံဧကပေါင်းများစွာ ဝယ်ထား၏။

ဖက်လိပ်စိ န်(ရွှေကို ဖက်ကဲ့သို့ ကတော့ထိုး၍ ထိပ်တွင် တစ်ပွင့်စိန် တပ်ကာ နားဋောင်းအဖြစ် ဝတ်ဆင်ခဲ့ခြင်းl နဂါးဒေါ်ဥ ကဲ့သို့ ရှေးက သူဋ္ဌေးမကြီးများသာ ဝတ်ဆင်ခဲ့ကြသည်) များစွာရှိလေ၏။

ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

အရည်အသွေးကောင်းသော ပတ္တမြားများ ဆိုလျှင်ကား ပြောဘွယ် မရှိတော့ပါ ။ စာရေးဆရာသော်တာဆွေက ကိုမြမောင် ခင်ဗျား ဘယ်လောက်ချမ်းသာလဲဟု မေးရာ “မသိဘူးဗျ”ဟူ၍ အဖြေပေးခဲ့၏။ မိုးကုတ်ကနေ မန္တလေးအထိ တစ်ရာတ န်တွေကို ကားလမ်းအပြည့် ခင်းနိုင်တယ် ဟူ၍ ပြောပြ၏။ ဦးမြမောင် မိုးကုတ်မှမန္တလေးသို့ ကားဖြင့်ဆင်းလာရာ လမ်းတွင် ဂျစ်ကား တစ်စီးက သူ၏ကားကို ကျော်တက်သွား၏။

ထိုအခါ ကိုမြမောင်က ဒရိုင်ဘာအား အဆိုပါဂျစ်ကားကို အမီလိုက်ခိုင်း၏။ မီလာသောအခါ နောက်ကနေ ဝင်တိုက်ခိုင်းလိုက်၏။ ဂျစ်ကားပေါ်က လူများ မျက်ကလူးဆန်ပျာဖြင့် ဆင်းလာသောအခါ

” ခင်ဗျားတို့ကား ဝယ်စဉ်က ဘယ်လောက်ပေးရသလဲ? ”

“၅၀၀၀ ကျပ် ပေးရတယ်”

“ရော့ ၅၀၀၀ ” ဟူ၍ အလျော်ပေးလိုက်၏။

ငွေကို လေလိုသုံးသူ ( သို့မဟုတ် ) ဘဝ၏ အလုပ်လက်မဲ့

ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

ရှမ်းစော်ဘွားများ တန်ခိုးအာဏာ ကြီးထွားစဉ်ကာလ တချိန်သောအခါ၌ မိုးမိတ်မြို့နယ် သစ်တောကြိုးဝင်းထဲတွင် မိုးမိတ်စော်ဘွား၏ ဆင်တစ်ကောင်ကိ လူတစ်ေ ယာက်က သေနတ်နှင့် ပစ်သတ်လိုက်လေ၏။ မကြာမီ ခေါင်းပေါင်းနီနှင့် ရှမ်းပုလိပ်များ ရောက်လာကာ ဆင်သတ်သူကို ဖမ်းဆီးမည်ပြုသော် ထိုလူက

” ဟေ့ ဒါ တောဆင် မဟုတ်လား ၊ ဘယ်သူ့ဆင် မို့လဲကွ ”

” တောဆင် မဟုတ်ပါဘူး ၊စော်ဘွားရဲ့ စီးတော်ဆင်ပါ ခင်ဗျ ”

” မင်းတို့စော်ဘွားနာမည်က ဘယ်သူလဲ ”

” စောခွန်ချို ”

” ဟေ့ ငါ့နာမည်က မိုးကုတ်မြမောင် စောခွန်ချို ကို ပြောလိုက် ၊ ငါက သူကိုယ်တိုင် ဝေါနဲ့လာခေါ်မှ လိုက်မယ် ”

ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

ကျွန်တော်တို့ မြန်မာစကားတွင် `ဆင်သတ်အရပ်ဝေတယ် ဟု ဆိုကြသည် ။ သူတို့ကား ဆင်သတ်၍ ညီအစ်ကိုချင်း ကျီစယ်ကြခြင်း ဖြစ်သည် ။ အကြောင်းမှာ ကျွန်တော့်မိတ်ဆွေ ကိုမြမောင်နှင့် စောခွန်ချို သည် မအေညီအစ်မအရင်း ညီအစ်ကိုတစ်ဝမ်းကွဲ ဖြစ်သည် ။ စောခွန်ချိုက တကယ်ပဲ ကိုမြမောင်အား ဝေါနှင့်လာကြို ရသည်တဲ့ ။

” ဆရာ့သူငယ်ချင်းက အတော်ဆိုးတဲ့လူဗျာ ” ဟု စောခွန်ချို က ကျွန်တော့်ကို ပြောပါသည် ။

ဟုတ်ကဲ့ ။ ကိုမြမောင်ကား တော်တော်ဆိုးတဲ့ လူပါ ။ ဖဆပလ အစိုးရလက်ထက်ကလည်း ဝန်ကြီးတွေ မာစီဒီးကား စီးရသည်၌ ဝန်ကြီး သခင်သာခင်သည် မိုးကုတ်သားဖြစ်၍ ထိုမာစီဒီးကားနှင့် မိုးကုတ်သို့ ရောက်သွားသည် ရှိသော် ယင်းအချိန်၌ ကိုမြမောင် ကားလည်း မာစီဒီး ဖြစ်နေသောကြောင့်

” ဟာ သခင်သာခင်တောင် ဒီကားမျိုးစီးတယ်ဆိုရင် ငါမစီးတော့ဘူး ”ဟု ဆို၍ သူ့ကားသူ ချောက်ထဲ မောင်းချပစ်လိုက်သည် ဟူသတည်း ။ ကဲ … မယုံလျှင် ပုံပြင်သာ မှတ်ကြပေရော ။အမှန်တော့ ကိုမြမောင်သည် တကယ်ပင် ရှိခဲ့ပါ၏ ။ 1968 ,ဇန္နဝါရီ 18 ရက် နေ့ကမှ အသက် ၄၁ နှစ်နှင့် ဦးနှောက်အာရုံကြော ပြတ်၍ သေဆုံးသွားပါသည်။သူ့အကြောင်းကို ကျွန်တော်သည်

”ငွေကို လေလိုသုံးသူ ” ဟူသော ဝတ္ထုတို ရေးခဲ့ပါ၏။ ဝမ်းတွင်းပါ သူဋ္ဌေး စင်စစ် ကိုမြမောင်ကို ဝမ်းတွင်းပါသူဋ္ဌေးဟု ခေါ်ရမည် ဖြစ်၏။ သူ့မိဘများသည် မိုးကုတ်မြို့တွင် ကံအကောင်းဆုံး ၊ ကျောက် အအောင်ဆုံး ဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက သူ့အဖေသည် ပြင်သစ်ပြည်ပဲရစ်မြို့တွင် ပတ္တမြားဆိုင် သွားဖွင့်ထား၍ မြန်မာပြည်မှ ကျောက်မျက် ရတနာများကို ကမ္ဘာ့ဈေး ထိပ်တန်းမှ ရောင်းခဲ့သူ ဖြစ်သည်။

ငွေတစ်သိန်း သုံးလိုက်ရင် (၂) သိန်းတန် ကျောက်အောင်သူ…

ကိုမြမောင်သည် ပဲရစ်မြို့မှာ သွားနေ၍ ပဲရစ်နှင့်လန်ဒန်ကို အိမ်ဦးကြမ်းပြင် ကူးကာ အမေရိကန် ၊ အင်္ဂလန် မီလျှံနာများ ကဲ့သို့ သုံးဖြုန်းခဲ့သူ ဖြစ်သည် ။ နောက် သူ့ဖခင်ကွယ်လွန်၍ ပဲရစ်မှာ ပတ္တမြားဆိုင် မရှိတော့သော်လည်း ကိုမြမောင်အဖို့ မြန်မာပြည်မှာ သူ့တသက် ဘယ်လောက်သုံးသုံး၊ ဖြုန်းဖြုန်း မကုန်နှိုင်။

သူ့မိခင်ကလည်း တစ်ဦးတည်းသော သားကြီးအား သုံးပါစေ၊ဖြုန်းပါစေ။ မသုံးမှာ၊မဖြုန်းမှာကိုသာ ပူရသည်။ မြမောင် တစ်သောင်းဖြု န်းလျှင်၊ တစ်သိန်းဝင်ငွေရသည်ဟု ပြောစမှတ် ပြုသတဲ့။ ကဲသည်လူမျိုး ကမ္ဘာတွင် မရှားပါလော ။

သို့သော် ငွေချမ်းသာရုံနှင့် ဘဝမှာ ပြည့်စုံပါ သလော ? ? ?

တနေ့သ၌ ကိုမြမောင်သည် အရက်အမူးလွန်၍ ကျွန်တော့အိမ်တွင် လဲပြီး တရေးအနိုးမှာ ထပ်သောက်ရင်း ဘာတွေများ တွေးမိ၍ ဝမ်းနည်းလေသည် မသိ၊ မျက်ရည်တွေစို့လျှက် ကျွန်တော့အား ပြောဖူးပါသည်။

” ကိုဆွေ …ကျွန်တော့်မှာ ငွေတွေသိပ်ချမ်းသာတော့ သဘောရှိ သုံးဖြုန်းပြီး စိတ်ထင်သလိုနေရ၊ စားရတာ ပျော်တယ်၊ကိုယ့်ဘဝကိုယ် ကျေနပ်နေတယ်များ ထင်သလား။

မထင်နဲ့ ကိုဆွေ၊ ကျွန်တော့်ဘဝနဲ့ ခင်ဗျားဘဝ လဲရရင် လဲလိုက်ချင်တယ် သိရဲ့လား ” ထန်းရည်မူး၍ ကျွဲခိုးပေါ်သည်။ သူ့အသည်းနှလုံးထဲက ပြောသောစကား ဖြစ်သည်။ ယင်းကို ကျွန်တော် အလေးအနက် စဉ်းစားသည်။ ရန်ကုန်မြို့ကြီးသည် လောကနိဗ္ဗာန်ဖြစ်သည် ဆိုသောခေတ်၊ ငွေရှိ လိုတရသော ခေတ်ကပင် သူနှင့်ကျွန်တော် ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါသည် ။

ကိုမြမောင်သည် သူ၏ဇာတိ မိုးကုတ်မြို့နှင့် သူ့မိခင်နေသော မန္တလေးမြို့မှာထက် မြန်မာပြည်တွင် အကြီးဆုံး၊ သုံးလို့ဖြုန်းလို့ အကောင်းဆုံးသော ရန်ကုန်မြို့ကြီးမှာ အနေများပါသည်။ စထရင်းဟိုတယ်မှာ လပေးနှင့် တည်းပါသည်။

ဟိုတယ်အောက်မှာ သူ့ကားကြီးတစ်စီး ထားပါသည်။ သူလိုသမျှ ခိုင်းရန် လက်စွဲတော် တစ်ယောက်နှစ်ယောက်၊ လခပေး၍ ထားပါသည်။ နံနက်မိုးသောက်လျှင် သူတို့သည် သူ့ဆီသို့ ရောက်လာရသည်။ ကိုမြမောင်သည် နံက် ၈ နာရီလောက်မှာ အိပ်ယာက ထတတ်ပါသည်။

ဟိုတယ်က ပေးသော ဘရိတ်ဖတ်စ်ခေါ် ကော်ဖီတစ်အိုး ၊ပေါင်မုန့်ထောပတ်သုပ် နှစ်ချပ်၊ဝက်မလွတ်ငှက်ပျောသီး ၂ လုံးကို စားလိုက စားပါသည်။ ရေချိုးအဝတ်လဲပါသည်။ရောက် လာ မည့်မိတ်ဆွေများကို မျှော်ပါသည် ။

ဘာလုပ်ရအောင်နည်း။ ဟိုတယ်ကြီးတစ်ခုခုမှာ နံက်စာ စားရအောင်ပါ ။ ဟိုတယ်မှာစားတာ လူများပါမှ ဟင်းလျှာများများနှင့် စားလို့ မြိုင်သည် ၊မြိန်သည် မဟုတ်ပါလား ။ ၁၁ နာရီလောက်ထိအောင် စောင့်သည် ရောက်သင့်သလောက် ရောက်မလာပါက ဖုန်းရှိသောအိမ်ကို ဖုန်းဆက်၍ ခေါ်သည်။ ကားမရှိသော ဖုန်းမရှိသောသူကို သူ့လက်စွဲတော်နှင့် ကားလွှတ်၍ ခေါ်သည်။

အဲ သူ့စိတ်ကြိုက်လူ ပြည့်စုံပါက သူကိုယ်တိုင်ကားမောင်း၍ ထွက်ခဲ့ပြီး ခုမနက်စာ ရွေးချယ်သော ဟိုတယ်သို့ လာခဲ့ကြသည် ။ ကိုမြမောင်၏ ထမင်းစားပွဲတိုင်းမှာ အကောင်းဆုံးေ သာ ဝီစကီကို အရင်မှာသည်။ အစားကို ကိုယ်ကြိုက်ရာ မှာနှိုင်သည် ။ ဤသို့ အသီးသီး မမှာလိုပါက ”ဟေ့ တို့ လူ ၆ ယောက်စာ ၊ ဟင်း ၁၀ မျိုး ” စသည်ဖြင့် အော်ဒါ မှာသည် ။

ထမင်းတစ်နပ် ၅၀၀ နှင့် ၁၀၀၀ ကြားမှာ ရှိသည်။ (1989 ငွေတန်ဖိုး ) ယင်းသို့ နံက်စာကို ၁၁ နာရီလောက်က စတင်သောက်ကြ ၊ စားကြပြီး နာရီပြန် ၁ ချက် လောက်မှာ ပြီးသည် ။ လူစုခွဲကြသည် ။ ကိုမြမောင်က လိုက်ပို့သင့်တဲ့လူ ပို့စေပြီး ”ကျွန်တော်တော့ ဟိုတယ်ပြန် မှိန်းဦးမယ်ဗျာ ” ဟု စထရင်းသို့ ပြန်၏။

သူ ယင်းသို့ မှိန်းပြီး နေ့လည် ၃ နာရီလောက် အိပ်ယာက ထ၏။ ရေချိုး၏။အဝတ်လဲ၏။ ကဲ လူတစ်ယောက်(ကျွန်တော်တို့ မြန်မာလူမျိုးထုံးစံ ) တစ်နေ့ ထမင်းနှစ်ခါ စားရသည်မှာ တစ်ခါ ကျန်သေး၏။ သူ့စားဖေါ်များကို မျှော်ပြန် ၊ ခေါ်ပြန်၏။ ရောက်လာကြ၏။ ညနေ ၅ နာရီ ၊ ၆ နာရီ လောက်မှာ ကားနှင့်လျှောက်၍ လေညင်းခံကြပြီး နာမည်ကြီးစားသောက်ဆိုင် တစ်ခုသို့ ရောက်ကြပြန်၏။

ကောင်းတာတွေ သောက်ကြစားကြ ပြန်၏။ ည ၁၁ နာရီလောက် လူစုခွဲပြီး စထရင်းဟိုတယ်သို့ ကိုမြမောင် ပြန်အိပ်၏။ နံက် ၈ နာရီလောက် အိပ်ယာက နိုးပြန်၏။ရေချိုးအဝတ်လဲပြန်၏။ မိတ်ဆွေတွေ ဆုံကြပြန်၏ ။ ဘဲအဲယား သို့မဟုတ် မာစီဒီးဘင့်ဇ်ကားကြီးနှင့် စိတ်ကြိုက်ဟိုတယ်ရွေးပြီး သွားကြ ၊ သောက်ကြ ၊စားကြပြန်၏။

နာရီပြန် ၁ ချက်လောက် လူစုခွဲကြ ပြန်၏။ စထရင်းဟိုတယ်၌ နေ့လယ် ၃ နာရီလောက် ကိုမြမောင် မှိန်းရာက ထပြန်၏။ ရေမိုးချိုး၏။အဝတ်အစားလဲ၏။ သောက်ဖေါ် စားဖေါ် မိတ်ဆွေတွေမျှော် ပြန်ခေါ်ပြန်၏။ စုမိကြပြန်၏။ သွားပြီး သောက်ကြ၊စားကြပြန်၏။ သန်းခေါင်ကျော် ကိုမြမောင် ဟိုတယ်ပြန်ရောက်ပြီး အိပ်ပြန်၏။

နောက်တစ်နေ့ တစ်မိုးသောက်ပြန်၏။ ကိုမြမောင်သည် သူ၏ နိစ္စဓူဝအတိုင်း တစ်နေ့တာ ပဋိစ္စသမုပ္ပာဒ်ကို လည်ရပြန်၏။

အို .. စာဖတ်သူ ၊

သင့်စိတ်ကူးဖြင့် သီတင်းတစ်ပတ်လောက် ၊ သို့မဟုတ် ၁ လလောက်၊ သို့မဟုတ် သင့် စိတ်ကြိုက်သလောက် ကိုမြမောင် နေရာမှာ ဝင်ပြီး နေကြည့်စမ်းပါ။ဘဝ၏အဓိပ္ပာယ် ဘာရှိတော့ သနည်း ။

( ၁ ) လောကကြီးတွင် ကောင်းကောင်းစား ၊ကောင်းကောင်းအိပ် ၊ ကောင်းကောင်းနေရုံနှင့် မပြီးသေး တကား ။

( ၂ ) သို့သော် ကျွန်တော်တို့သည် ကောင်းကောင်းစား ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းနေကြရန် ကြိုးစားနေကြရသည် မဟုတ်ပါလား ။

ဤ အကြောင်း ၂ ရပ် ပေါင်းစပ်ပြီး စဉ်းစားလိုက်သောအခါ ဘဝ၏အဓိပ္ပာယ် ပေါ်လာပေလိမ့်မည်။ စင်စစ် ဘဝကို လန်းဆန်းစိုပြေစေရန်၊ ဘဝကို မငြီးငွေ့ရန်မှာ အလုပ်လုပ်ရန်ပင် ဖြစ်ချေသည်။ ကိုယ်လုပ်သောအလုပ်၌ အောင်မြင်သည်လည်း ရှိမည် ၊ မအောင်မြင်သည်လည်း ရှိ၏။

ကျေနပ်မှုလည်း ရှိမည် ။ မကျေနပ်မှုလည်း ရှိမည်။ ဝမ်းသာမှုလည်း ရှိမည်၊ ဝမ်းနည်းမှုလည်း ရှိမည်။ ယင်းသည်ပင် ဘဝ၏အဓိပ္ပာယ်နှင့် အနှစ်သာရ ဖြစ်တော့သည် ။ သို့သော် ကိုမြမောင်၌ မွေးကတည်းက အစစအရာရာ ပြည့်စုံနေသဖြင့် ဘာမျှလုပ်စရာ မလို၊ဘာမျှကြိုးစားစရာ အကြောင်းမရှိ ။

သူသည် ဘဝ၏ အလုပ်လက်မဲ့ ဖြစ်နေသည်။ သူ့အခြေအနေက လောကီစည်းစိမ်ဥစ္စာကို လိုတရနေသည်။ ယင်းသည်ပင် ဘဝ၏မပြည့်စုံခြင်း ဖြစ်သည်ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။ စင်စစ်ကား ဘဝဟူသည်မှာ ဆင်းရဲချမ်းသာမရွေး ၊တက်ကျ နိမ့်မြင့် မခြား၊ ဘယ်တော့မှပြည့်စုံသည် မရှိချေ။

ယင်းမပြည့်စုံသည်ကို ပြည့်စုံလိမ့်နိုး ကြိုးစားနေရခြင်း သည်ပင် ဘဝမည်ပါ၏။ ကိုမြမောင်၌ကား ယင်းသို့ ကြိုးစားစရာအကြောင်း မရှိလေ၍ ဘဝ၏ အလုပ်လက်မဲ့ဟု ကျွန်တော် ဆိုပါ၏။

xxxxxxxxx The End xxxxxxxxx

သော်တာဆွေ ( သောင်းပြောင်းထွေလာ ၊ 1989 , June ) crea- H.M.H

မူရင်း ပို့စ်တင် သူများနှင့် မူရင်းဓာတ်ပုံတင် သူကိုထင်လင်း ၊ ကိုထွန်းဦး တို့ကို Credit ပေးပါ၏ ။

via: ဦးလေးအောင်

ရန္ကုန္ ၿမိဳ႕ Strand ဟိုတယ္မွာ အေန မ်ားတဲ့သူ…‌ေငြကို‌ေလ လိုသုံးနိုင္‌ေပမဲ့လ ည္းမ‌ေ ပ်ာ္႐ႊင္ခဲ့တဲ့ သူ..သူေဌးႀ ကီးမိုးကု တ္ဦးျမေမာင္

စာေရးဆ ရာေသာ္တာေဆြက သူငယ္ခ်င္းျ ဖစ္သူ မိုးကုတ္ၿမိဳ႕သား ကိုျမေမာင္အား ေငြကိုေလလို သုံးသူ ဟူ၍ တင္စားေခၚေဝၚခဲ့သည္။ မိုးကုတ္ၿမိဳ႕ေန ဦးၾကာၫြ န႔္ေဒၚသန္း တို႔ ဇနီးေမာင္ႏွံသ ည္ ေမာင္ျမေမာင္ေလး ေမြးဖြားၿပီး ေနာက္ပိုင္း သိသာစြာ စီးပြားတက္ေ လေတာ့သ ည္။ေက်ာက္ႀကီးေက်ာက္ေကာင္းမ်ား ေအာင္ခဲ့ၾက၏။

ကိုျမေမာင္က တစ္သိ န္းသုံးလွ်င္ သူ၏ မိဘမ်ား ေက်က္တြင္းတြင္ ႏွစ္သိန္းတန္ေက်ာက္ ေအာင္ေလ၏။ ကိုျမေမာင္ တစ္ေန႕တစ္ေသာင္းသာ သုံးစြဲပါက ႏွစ္ေသာင္းတ န္ေက်ာက္သာ ေအာင္၏။ ကိုျမေမာင္က ရန္ကုန္တြင္ေနထိုင္ၿပီး ေငြကိုေလလို သုံးစြဲေလ၏ ။

စာေရးဆရာေ သာ္တာေဆြ စေသာ သူငယ္ခ်င္းမ်ားႏွင့္ အရက္ေသာက္၏ ၾကက္တိုက္၏ ေဟာ္တယ္ တက္ၾက၏။ သုံးၾက၏ ျဖဳန္းၾက၏။ ရန္ကုန္ၿမိဳ႕တြင္ ၿခံဧကေပါင္းမ်ားစြာ ဝယ္ထား၏။

ဖက္လိပ္စိ န္(ေ႐ႊကို ဖက္ကဲ့သို႔ ကေတာ့ထိုး၍ ထိပ္တြင္ တစ္ပြင့္စိန္ တပ္ကာ နားေဋာင္းအျဖစ္ ဝတ္ဆင္ခဲ့ျခင္းl နဂါးေဒၚဥ ကဲ့သို႔ ေရွးက သူ႒ေးမႀကီးမ်ားသာ ဝတ္ဆင္ခဲ့ၾကသည္) မ်ားစြာရွိေလ၏။

အရည္အေသြးေကာင္းေသာ ပတၱျမားမ်ား ဆိုလွ်င္ကား ေျပာဘြယ္ မရွိေတာ့ပါ ။ စာေရးဆရာေသာ္တာေဆြက ကိုျမေမာင္ ခင္ဗ်ား ဘယ္ေလာက္ခ်မ္းသာလဲဟု ေမးရာ “မသိဘူးဗ်”ဟူ၍ အေျဖေပးခဲ့၏။ မိုးကုတ္ကေန မႏၲေလးအထိ တစ္ရာတ န္ေတြကို ကားလမ္းအျပည့္ ခင္းနိုင္တယ္ ဟူ၍ ေျပာျပ၏။ ဦးျမေမာင္ မိုးကုတ္မွမႏၲေလးသို႔ ကားျဖင့္ဆင္းလာရာ လမ္းတြင္ ဂ်စ္ကား တစ္စီးက သူ၏ကားကို ေက်ာ္တက္သြား၏။

ထိုအခါ ကိုျမေမာင္က ဒရိုင္ဘာအား အဆိုပါဂ်စ္ကားကို အမီလိုက္ခိုင္း၏။ မီလာေသာအခါ ေနာက္ကေန ဝင္တိုက္ခိုင္းလိုက္၏။ ဂ်စ္ကားေပၚက လူမ်ား မ်က္ကလူးဆန္ပ်ာျဖင့္ ဆင္းလာေသာအခါ

” ခင္ဗ်ားတို႔ကား ဝယ္စဥ္က ဘယ္ေလာက္ေပးရသလဲ? ”

“၅၀၀၀ က်ပ္ ေပးရတယ္”

“ေရာ့ ၅၀၀၀ ” ဟူ၍ အေလ်ာ္ေပးလိုက္၏။

ေငြကို ေလလိုသုံးသူ ( သို႔မဟုတ္ ) ဘဝ၏ အလုပ္လက္မဲ့

ရွမ္းေစာ္ဘြားမ်ား တန္ခိုးအာဏာ ႀကီးထြားစဥ္ကာလ တခ်ိန္ေသာအခါ၌ မိုးမိတ္ၿမိဳ႕နယ္ သစ္ေတာႀကိဳးဝင္းထဲတြင္ မိုးမိတ္ေစာ္ဘြား၏ ဆင္တစ္ေကာင္ကိ လူတစ္ေ ယာက္က ေသနတ္ႏွင့္ ပစ္သတ္လိုက္ေလ၏။ မၾကာမီ ေခါင္းေပါင္းနီႏွင့္ ရွမ္းပုလိပ္မ်ား ေရာက္လာကာ ဆင္သတ္သူကို ဖမ္းဆီးမည္ျပဳေသာ္ ထိုလူက

” ေဟ့ ဒါ ေတာဆင္ မဟုတ္လား ၊ ဘယ္သူ႕ဆင္ မို႔လဲကြ ”

” ေတာဆင္ မဟုတ္ပါဘူး ၊ေစာ္ဘြားရဲ႕ စီးေတာ္ဆင္ပါ ခင္ဗ် ”

” မင္းတို႔ေစာ္ဘြားနာမည္က ဘယ္သူလဲ ”

” ေစာခြန္ခ်ိဳ ”

” ေဟ့ ငါ့နာမည္က မိုးကုတ္ျမေမာင္ ေစာခြန္ခ်ိဳ ကို ေျပာလိုက္ ၊ ငါက သူကိုယ္တိုင္ ေဝါနဲ႕လာေခၚမွ လိုက္မယ္ ”

ကြၽန္ေတာ္တို႔ ျမန္မာစကားတြင္ `ဆင္သတ္အရပ္ေဝတယ္ ဟု ဆိုၾကသည္ ။ သူတို႔ကား ဆင္သတ္၍ ညီအစ္ကိုခ်င္း က်ီစယ္ၾကျခင္း ျဖစ္သည္ ။ အေၾကာင္းမွာ ကြၽန္ေတာ့္မိတ္ေဆြ ကိုျမေမာင္ႏွင့္ ေစာခြန္ခ်ိဳ သည္ မေအညီအစ္မအရင္း ညီအစ္ကိုတစ္ဝမ္းကြဲ ျဖစ္သည္ ။ ေစာခြန္ခ်ိဳက တကယ္ပဲ ကိုျမေမာင္အား ေဝါႏွင့္လာႀကိဳ ရသည္တဲ့ ။

” ဆရာ့သူငယ္ခ်င္းက အေတာ္ဆိုးတဲ့လူဗ်ာ ” ဟု ေစာခြန္ခ်ိဳ က ကြၽန္ေတာ့္ကို ေျပာပါသည္ ။

ဟုတ္ကဲ့ ။ ကိုျမေမာင္ကား ေတာ္ေတာ္ဆိုးတဲ့ လူပါ ။ ဖဆပလ အစိုးရလက္ထက္ကလည္း ဝန္ႀကီးေတြ မာစီဒီးကား စီးရသည္၌ ဝန္ႀကီး သခင္သာခင္သည္ မိုးကုတ္သားျဖစ္၍ ထိုမာစီဒီးကားႏွင့္ မိုးကုတ္သို႔ ေရာက္သြားသည္ ရွိေသာ္ ယင္းအခ်ိန္၌ ကိုျမေမာင္ ကားလည္း မာစီဒီး ျဖစ္ေနေသာေၾကာင့္

” ဟာ သခင္သာခင္ေတာင္ ဒီကားမ်ိဳးစီးတယ္ဆိုရင္ ငါမစီးေတာ့ဘူး ”ဟု ဆို၍ သူ႕ကားသူ ေခ်ာက္ထဲ ေမာင္းခ်ပစ္လိုက္သည္ ဟူသတည္း ။ ကဲ … မယုံလွ်င္ ပုံျပင္သာ မွတ္ၾကေပေရာ ။အမွန္ေတာ့ ကိုျမေမာင္သည္ တကယ္ပင္ ရွိခဲ့ပါ၏ ။ 1968 ,ဇႏၷဝါရီ 18 ရက္ ေန႕ကမွ အသက္ ၄၁ ႏွစ္ႏွင့္ ဦးေႏွာက္အာ႐ုံေၾကာ ျပတ္၍ ေသဆုံးသြားပါသည္။သူ႕အေၾကာင္းကို ကြၽန္ေတာ္သည္

”ေငြကို ေလလိုသုံးသူ ” ဟူေသာ ဝတၳဳတို ေရးခဲ့ပါ၏။ ဝမ္းတြင္းပါ သူ႒ေး စင္စစ္ ကိုျမေမာင္ကို ဝမ္းတြင္းပါသူ႒ေးဟု ေခၚရမည္ ျဖစ္၏။ သူ႕မိဘမ်ားသည္ မိုးကုတ္ၿမိဳ႕တြင္ ကံအေကာင္းဆုံး ၊ ေက်ာက္ အေအာင္ဆုံး ျဖစ္၏။ ဒုတိယကမာၻစစ္ႀကီးမျဖစ္မီက သူ႕အေဖသည္ ျပင္သစ္ျပည္ပဲရစ္ၿမိဳ႕တြင္ ပတၱျမားဆိုင္ သြားဖြင့္ထား၍ ျမန္မာျပည္မွ ေက်ာက္မ်က္ ရတနာမ်ားကို ကမာၻ႔ေဈး ထိပ္တန္းမွ ေရာင္းခဲ့သူ ျဖစ္သည္။

ကိုျမေမာင္သည္ ပဲရစ္ၿမိဳ႕မွာ သြားေန၍ ပဲရစ္ႏွင့္လန္ဒန္ကို အိမ္ဦးၾကမ္းျပင္ ကူးကာ အေမရိကန္ ၊ အဂၤလန္ မီလွ်ံနာမ်ား ကဲ့သို႔ သုံးျဖဳန္းခဲ့သူ ျဖစ္သည္ ။ ေနာက္ သူ႕ဖခင္ကြယ္လြန္၍ ပဲရစ္မွာ ပတၱျမားဆိုင္ မရွိေတာ့ေသာ္လည္း ကိုျမေမာင္အဖို႔ ျမန္မာျပည္မွာ သူ႕တသက္ ဘယ္ေလာက္သုံးသုံး၊ ျဖဳန္းျဖဳန္း မကုန္ႏွိုင္။

သူ႕မိခင္ကလည္း တစ္ဦးတည္းေသာ သားႀကီးအား သုံးပါေစ၊ျဖဳန္းပါေစ။ မသုံးမွာ၊မျဖဳန္းမွာကိုသာ ပူရသည္။ ျမေမာင္ တစ္ေသာင္းျဖဳ န္းလွ်င္၊ တစ္သိန္းဝင္ေငြရသည္ဟု ေျပာစမွတ္ ျပဳသတဲ့။ ကဲသည္လူမ်ိဳး ကမာၻတြင္ မရွားပါေလာ ။

သို႔ေသာ္ ေငြခ်မ္းသာ႐ုံႏွင့္ ဘဝမွာ ျပည့္စုံပါ သေလာ ? ? ?

တေန႕သ၌ ကိုျမေမာင္သည္ အရက္အမူးလြန္၍ ကြၽန္ေတာ့အိမ္တြင္ လဲၿပီး တေရးအနိုးမွာ ထပ္ေသာက္ရင္း ဘာေတြမ်ား ေတြးမိ၍ ဝမ္းနည္းေလသည္ မသိ၊ မ်က္ရည္ေတြစို႔လွ်က္ ကြၽန္ေတာ့အား ေျပာဖူးပါသည္။

” ကိုေဆြ …ကြၽန္ေတာ့္မွာ ေငြေတြသိပ္ခ်မ္းသာေတာ့ သေဘာရွိ သုံးျဖဳန္းၿပီး စိတ္ထင္သလိုေနရ၊ စားရတာ ေပ်ာ္တယ္၊ကိုယ့္ဘဝကိုယ္ ေက်နပ္ေနတယ္မ်ား ထင္သလား။

မထင္နဲ႕ ကိုေဆြ၊ ကြၽန္ေတာ့္ဘဝနဲ႕ ခင္ဗ်ားဘဝ လဲရရင္ လဲလိုက္ခ်င္တယ္ သိရဲ႕လား ” ထန္းရည္မူး၍ ကြၽဲခိုးေပၚသည္။ သူ႕အသည္းႏွလုံးထဲက ေျပာေသာစကား ျဖစ္သည္။ ယင္းကို ကြၽန္ေတာ္ အေလးအနက္ စဥ္းစားသည္။ ရန္ကုန္ၿမိဳ႕ႀကီးသည္ ေလာကနိဗၺာန္ျဖစ္သည္ ဆိုေသာေခတ္၊ ေငြရွိ လိုတရေသာ ေခတ္ကပင္ သူႏွင့္ကြၽန္ေတာ္ ရင္းႏွီးစြာ ေပါင္းသင္းခဲ့ပါသည္ ။

ကိုျမေမာင္သည္ သူ၏ဇာတိ မိုးကုတ္ၿမိဳ႕ႏွင့္ သူ႕မိခင္ေနေသာ မႏၲေလးၿမိဳ႕မွာထက္ ျမန္မာျပည္တြင္ အႀကီးဆုံး၊ သုံးလို႔ျဖဳန္းလို႔ အေကာင္းဆုံးေသာ ရန္ကုန္ၿမိဳ႕ႀကီးမွာ အေနမ်ားပါသည္။ စထရင္းဟိုတယ္မွာ လေပးႏွင့္ တည္းပါသည္။

ဟိုတယ္ေအာက္မွာ သူ႕ကားႀကီးတစ္စီး ထားပါသည္။ သူလိုသမွ် ခိုင္းရန္ လက္စြဲေတာ္ တစ္ေယာက္ႏွစ္ေယာက္၊ လခေပး၍ ထားပါသည္။ နံနက္မိုးေသာက္လွ်င္ သူတို႔သည္ သူ႕ဆီသို႔ ေရာက္လာရသည္။ ကိုျမေမာင္သည္ နံက္ ၈ နာရီေလာက္မွာ အိပ္ယာက ထတတ္ပါသည္။

ဟိုတယ္က ေပးေသာ ဘရိတ္ဖတ္စ္ေခၚ ေကာ္ဖီတစ္အိုး ၊ေပါင္မုန႔္ေထာပတ္သုပ္ ႏွစ္ခ်ပ္၊ဝက္မလြတ္ငွက္ေပ်ာသီး ၂ လုံးကို စားလိုက စားပါသည္။ ေရခ်ိဳးအဝတ္လဲပါသည္။ေရာက္ လာ မည့္မိတ္ေဆြမ်ားကို ေမွ်ာ္ပါသည္ ။

ဘာလုပ္ရေအာင္နည္း။ ဟိုတယ္ႀကီးတစ္ခုခုမွာ နံက္စာ စားရေအာင္ပါ ။ ဟိုတယ္မွာစားတာ လူမ်ားပါမွ ဟင္းလွ်ာမ်ားမ်ားႏွင့္ စားလို႔ ၿမိဳင္သည္ ၊ၿမိန္သည္ မဟုတ္ပါလား ။ ၁၁ နာရီေလာက္ထိေအာင္ ေစာင့္သည္ ေရာက္သင့္သေလာက္ ေရာက္မလာပါက ဖုန္းရွိေသာအိမ္ကို ဖုန္းဆက္၍ ေခၚသည္။ ကားမရွိေသာ ဖုန္းမရွိေသာသူကို သူ႕လက္စြဲေတာ္ႏွင့္ ကားလႊတ္၍ ေခၚသည္။

အဲ သူ႕စိတ္ႀကိဳက္လူ ျပည့္စုံပါက သူကိုယ္တိုင္ကားေမာင္း၍ ထြက္ခဲ့ၿပီး ခုမနက္စာ ေ႐ြးခ်ယ္ေသာ ဟိုတယ္သို႔ လာခဲ့ၾကသည္ ။ ကိုျမေမာင္၏ ထမင္းစားပြဲတိုင္းမွာ အေကာင္းဆုံးေ သာ ဝီစကီကို အရင္မွာသည္။ အစားကို ကိုယ္ႀကိဳက္ရာ မွာႏွိုင္သည္ ။ ဤသို႔ အသီးသီး မမွာလိုပါက ”ေဟ့ တို႔ လူ ၆ ေယာက္စာ ၊ ဟင္း ၁၀ မ်ိဳး ” စသည္ျဖင့္ ေအာ္ဒါ မွာသည္ ။

ထမင္းတစ္နပ္ ၅၀၀ ႏွင့္ ၁၀၀၀ ၾကားမွာ ရွိသည္။ (1989 ေငြတန္ဖိုး ) ယင္းသို႔ နံက္စာကို ၁၁ နာရီေလာက္က စတင္ေသာက္ၾက ၊ စားၾကၿပီး နာရီျပန္ ၁ ခ်က္ ေလာက္မွာ ၿပီးသည္ ။ လူစုခြဲၾကသည္ ။ ကိုျမေမာင္က လိုက္ပို႔သင့္တဲ့လူ ပို႔ေစၿပီး ”ကြၽန္ေတာ္ေတာ့ ဟိုတယ္ျပန္ မွိန္းဦးမယ္ဗ်ာ ” ဟု စထရင္းသို႔ ျပန္၏။

သူ ယင္းသို႔ မွိန္းၿပီး ေန႕လည္ ၃ နာရီေလာက္ အိပ္ယာက ထ၏။ ေရခ်ိဳး၏။အဝတ္လဲ၏။ ကဲ လူတစ္ေယာက္(ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးထုံးစံ ) တစ္ေန႕ ထမင္းႏွစ္ခါ စားရသည္မွာ တစ္ခါ က်န္ေသး၏။ သူ႕စားေဖၚမ်ားကို ေမွ်ာ္ျပန္ ၊ ေခၚျပန္၏။ ေရာက္လာၾက၏။ ညေန ၅ နာရီ ၊ ၆ နာရီ ေလာက္မွာ ကားႏွင့္ေလွ်ာက္၍ ေလညင္းခံၾကၿပီး နာမည္ႀကီးစားေသာက္ဆိုင္ တစ္ခုသို႔ ေရာက္ၾကျပန္၏။

ေကာင္းတာေတြ ေသာက္ၾကစားၾက ျပန္၏။ ည ၁၁ နာရီေလာက္ လူစုခြဲၿပီး စထရင္းဟိုတယ္သို႔ ကိုျမေမာင္ ျပန္အိပ္၏။ နံက္ ၈ နာရီေလာက္ အိပ္ယာက နိုးျပန္၏။ေရခ်ိဳးအဝတ္လဲျပန္၏။ မိတ္ေဆြေတြ ဆုံၾကျပန္၏ ။ ဘဲအဲယား သို႔မဟုတ္ မာစီဒီးဘင့္ဇ္ကားႀကီးႏွင့္ စိတ္ႀကိဳက္ဟိုတယ္ေ႐ြးၿပီး သြားၾက ၊ ေသာက္ၾက ၊စားၾကျပန္၏။

နာရီျပန္ ၁ ခ်က္ေလာက္ လူစုခြဲၾက ျပန္၏။ စထရင္းဟိုတယ္၌ ေန႕လယ္ ၃ နာရီေလာက္ ကိုျမေမာင္ မွိန္းရာက ထျပန္၏။ ေရမိုးခ်ိဳး၏။အဝတ္အစားလဲ၏။ ေသာက္ေဖၚ စားေဖၚ မိတ္ေဆြေတြေမွ်ာ္ ျပန္ေခၚျပန္၏။ စုမိၾကျပန္၏။ သြားၿပီး ေသာက္ၾက၊စားၾကျပန္၏။ သန္းေခါင္ေက်ာ္ ကိုျမေမာင္ ဟိုတယ္ျပန္ေရာက္ၿပီး အိပ္ျပန္၏။

ေနာက္တစ္ေန႕ တစ္မိုးေသာက္ျပန္၏။ ကိုျမေမာင္သည္ သူ၏ နိစၥဓူဝအတိုင္း တစ္ေန႕တာ ပဋိစၥသမုပၸာဒ္ကို လည္ရျပန္၏။

အို .. စာဖတ္သူ ၊

သင့္စိတ္ကူးျဖင့္ သီတင္းတစ္ပတ္ေလာက္ ၊ သို႔မဟုတ္ ၁ လေလာက္၊ သို႔မဟုတ္ သင့္ စိတ္ႀကိဳက္သေလာက္ ကိုျမေမာင္ ေနရာမွာ ဝင္ၿပီး ေနၾကည့္စမ္းပါ။ဘဝ၏အဓိပၸာယ္ ဘာရွိေတာ့ သနည္း ။

( ၁ ) ေလာကႀကီးတြင္ ေကာင္းေကာင္းစား ၊ေကာင္းေကာင္းအိပ္ ၊ ေကာင္းေကာင္းေန႐ုံႏွင့္ မၿပီးေသး တကား ။

( ၂ ) သို႔ေသာ္ ကြၽန္ေတာ္တို႔သည္ ေကာင္းေကာင္းစား ၊ ေကာင္းေကာင္းအိပ္၊ ေကာင္းေကာင္းေနၾကရန္ ႀကိဳးစားေနၾကရသည္ မဟုတ္ပါလား ။

ဤ အေၾကာင္း ၂ ရပ္ ေပါင္းစပ္ၿပီး စဥ္းစားလိုက္ေသာအခါ ဘဝ၏အဓိပၸာယ္ ေပၚလာေပလိမ့္မည္။ စင္စစ္ ဘဝကို လန္းဆန္းစိုေျပေစရန္၊ ဘဝကို မၿငီးေငြ႕ရန္မွာ အလုပ္လုပ္ရန္ပင္ ျဖစ္ေခ်သည္။ ကိုယ္လုပ္ေသာအလုပ္၌ ေအာင္ျမင္သည္လည္း ရွိမည္ ၊ မေအာင္ျမင္သည္လည္း ရွိ၏။

ေက်နပ္မႈလည္း ရွိမည္ ။ မေက်နပ္မႈလည္း ရွိမည္။ ဝမ္းသာမႈလည္း ရွိမည္၊ ဝမ္းနည္းမႈလည္း ရွိမည္။ ယင္းသည္ပင္ ဘဝ၏အဓိပၸာယ္ႏွင့္ အႏွစ္သာရ ျဖစ္ေတာ့သည္ ။ သို႔ေသာ္ ကိုျမေမာင္၌ ေမြးကတည္းက အစစအရာရာ ျပည့္စုံေနသျဖင့္ ဘာမွ်လုပ္စရာ မလို၊ဘာမွ်ႀကိဳးစားစရာ အေၾကာင္းမရွိ ။

သူသည္ ဘဝ၏ အလုပ္လက္မဲ့ ျဖစ္ေနသည္။ သူ႕အေျခအေနက ေလာကီစည္းစိမ္ဥစၥာကို လိုတရေနသည္။ ယင္းသည္ပင္ ဘဝ၏မျပည့္စုံျခင္း ျဖစ္သည္ကို အေလးအနက္ စဥ္းစားတတ္သူတို႔ နားလည္ေပမည္။ စင္စစ္ကား ဘဝဟူသည္မွာ ဆင္းရဲခ်မ္းသာမေ႐ြး ၊တက္က် နိမ့္ျမင့္ မျခား၊ ဘယ္ေတာ့မွျပည့္စုံသည္ မရွိေခ်။

ယင္းမျပည့္စုံသည္ကို ျပည့္စုံလိမ့္နိုး ႀကိဳးစားေနရျခင္း သည္ပင္ ဘဝမည္ပါ၏။ ကိုျမေမာင္၌ကား ယင္းသို႔ ႀကိဳးစားစရာအေၾကာင္း မရွိေလ၍ ဘဝ၏ အလုပ္လက္မဲ့ဟု ကြၽန္ေတာ္ ဆိုပါ၏။

xxxxxxxxx The End xxxxxxxxx

ေသာ္တာေဆြ ( ေသာင္းေျပာင္းေထြလာ ၊ 1989 , June ) crea- H.M.H

မူရင္း ပို႔စ္တင္ သူမ်ားႏွင့္ မူရင္းဓာတ္ပုံတင္ သူကိုထင္လင္း ၊ ကိုထြန္းဦး တို႔ကို Credit ေပးပါ၏ ။

via: ဦးေလးေအာင္

Add a Comment

Your email address will not be published. Required fields are marked *