ဂုဏ်သိက္ခာ….( စကားလုံးတွေ အများကြီးတော့ မပါဘူး…ဒါပေမယ့် )

ကင်ညာ အပြေးသမား မူတိုင်းဟာ ပန်းတိုင်ရော က်ဖို့ မီတာအနည်း ငယ်ေ လာက်အလိုမှာ သူ့ရှေ့က မျဉ်းတခုကို ကြည့်ပြီး ပန်းတိုင်ရောက်ပြီ အထင်နဲ့ ရပ်လိုက်ပါတယ်။ ဒါကို သူ့နောက် ကပ်လျက်မှာ လိုက်လာနေတဲ့ စပိန်နိုင်ငံသား အပြေးသမားက သူ့ကို ပန်းတိုင် မရောက်သေးကြောင်း၊ ဆက်ပြေးရမည်ဖြစ်ကြောင်း သူတတ်တဲ့ စပိန်ဘာသာစကားနဲ့ အော်ဟစ်သတိပေးလိုက်ပါတယ်။

ဒါပေမယ့် မူတိုင်းဟာ စပိန်စကားနားမလည်တာကြောင့် ဒီအတိုင်းပဲ ဆက်ရပ်နေမိတယ်။ ဒါကို စပိန်အပြေးသမားက သဘောပေါက်မိလိုက်တာနဲ့ ကင်ညာအပြေးသမား မူတိုင်းကို နောက်ကနေ တွန်းပေးလိုက်ခြင်းအားဖြင့် ပန်းဝင်အောင် ကူညီပေးလိုက်တယ်။ တကယ်တော့ သူဟာ ကင်ညာအပြေးသမားကို ကျော်တက်ပြီး ပန်းဝင်သွားရင် ရပါတယ်။ ဒါပေမယ့် သူ မလုပ်ခဲ့ပါ။

နောက်ပိုင်း ပြိုင်ပွဲအပြီးမှာ စပိန်အပြေးသမားကို သတင်းသမားတွေက ဘာကြောင့် အခုလိုလုပ်လိုက်တာလဲဆိုပြီးမေးကြတော့ စပိန်အပြေးသမားက ” ကျွန်တော် စိတ်ကူးထားတဲ့လူအဖွဲ့အစည်းဆိုတာ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးကြရင်း တယောက်ကိုတယောက် ကူညီဖေးမခြင်းဖြင့် အောင်မြင်မှု ရစေဖို့ပါ ” ဆိုပြီး ဖြေကြားတယ်။

နောက်သတင်းထောက်တယောက်က ” ဘာကြောင့် ခင်ဗျားက အနိုင်ယူလိုက်ရင်ရရဲ့သားနဲ့ ကင်ညာကစားသမားကို နိုင်အောင် လုပ်ပေးလိုက်တာလဲ ” ဆိုပြီးမေးပြန်တယ်။

စပိန်ကစားသမားက ” ကျွန်တော်က သူ့ကို နိုင်အောင်လုပ်ပေးလိုက်တာ မဟုတ်ဘူး။ တကယ်တော့ သူ အစကတည်းက နိုင်ပြီးသား။ ဒါကို ကျွန်တော်က သူ့ကို ကျော်ပြီး အနိုင်ရသွားလို့ ဘာအဓိပ္ပာယ်ရှိပါတော့မလဲ။ ပြီးတော့ ကျွန်တော့်ဂုဏ်သိက္ခာပါ အလကားဖြစ်သွားမှာပေါ့။ ပိုဆိုးတာက ကျွန်တော့်အမေ၊ ကျွန်တော့်သားသမီးတွေကရော သူတို့သား၊ သူတို့အဖေဟာ သူတပါးရဲ့အားနည်းချက်ကို အသုံးချပြီး ဆုလာဒ်ရယူနိုင်ခဲ့ပါတယ်ဆိုတဲ့ သမိုင်းမျိုးကို ကျွန်တော် မလိုလားဆုံးနဲ့ အစိုးရိမ်ဆုံးပဲ ” ဆိုပြီး ဖြေကြားတယ်။

သူတပါးရဲ့အားနည်းချက်ကို အသုံးချမည့်အစား ထိုသူကို ကူညီဖေးမပေးလိုက်နိုင်တာက အကောင်းဆုံးသော အားသာချက်ပါ။ ကျွန်တော်တို့ကိုယ်စီရဲ့ တန်ဖိုးဟာ အောင်မြင်မှုထက် အဆများစွာ ပိုအရေးကြိးပါတယ်။

Narz Vhel Oyamat

ဇာနည်ဆွေထက်







Narz Vhel Oyamat

ဇာနည်ဆွေထက်

Add a Comment

Your email address will not be published. Required fields are marked *