ခေတ်အဆက်ဆက် ပန်းရံဆရာတွေ ဘယ်လိုပြင်ပြင် မရတဲ့ မြသလွန်ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

ပန်းရံဆ ရာတွေ ဘယ်လိုပြင်ပြင် မရတဲ့ မြသလွန်ဘု ရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြော င်းမကွေးမြသလွန် ဘုရားတွင် ဘီလူးရယ်နေတဲ့ပုံရဲ့ သမိုင်းကြောင်း ကတော့ ဘီလူး က ၆ကောင်ပါ ဘီလူးမနှ စ်ကောင် ကိုချန်လှပ်ထား ပါတယ်။

သမိုင်းမှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ ဘီးလူးလေးကောင် တို့သည် ဘုရားထံမှရတဲ့ မြသပိတ်နဲ့ မြသလွန်ဘုရား ဗျာဒိတ်ပေးတဲ့ နေရာမှာ မတည်ပဲ ဘုရားပြိုအရပ်မှာတ ည်တာကို သိကြား မင်းသိတော့ ဝရဇိန်လက်နက်နဲ့ ဖြိုခွင်းပြီး မြသလွန်နဲ့ မြသိပိတ် ကိုယူကာ ဘုရားသုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံ အပ်တယ်။ ဘီလူး ဘောကျော် လူဝင်စားဖြစ်မှ ဘုရား တည်ခွင့်ပေးဖို့မှာကြားလေ တယ်။

မြသလွန်ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

ဘီလူး ဘဝမှာ စုတေကြပြီး ဘောကျော် လူဝင်စားဖြစ်လာတဲ့အချိန် မကွေးမြို့မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေးမြို့ သူဌေးကြီး ဦးဘောဂရဲ့သမီး ပုဏ္ဏဝတီမင်းသမီးလေး နဲ့ လက်ထပ်ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိ သွားတယ်။ ရသေ့ ညီနောင် သုံးပါးကလဲ ဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။

သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း ဘောကျော်လူဝင်စားကို မြသလွန်နဲ့မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမ တောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့်ပေးလိုက်သည်။

မြသလွန်ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

ဘုရားတည်နေစဉ်အချိန်အတွင်းမှာဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီး တည်ပေးကြတယ်။ ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဓါကြည်နူး ပီတိထောပနာဖြစ်ပြီး သောပန်တည်သွားခဲ့တယ်။

သောတပန်ပြီးနောက် ၇ ဘဝမြောက်ရင် အမှန်ဧကန် နိဗ္ဗာန်စံဝင်ရမယ် ဆိုတာကို သိရှိသွားပြီး ဝမ်းသာ လွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။

မြသလွန်ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

ထိုသို့ပြုံးရယ်ခြင်းသည် မြသလွန် စေတီတော်ကြီး၏ အလယ် ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်းထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။

ပန်းရံဆရာတွေ အကြိမ်ကြိမ် ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍ မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။ ထို့ကြောင့် နိဗ္ဗာန်ဝင်ရမယ့် ဘီလူးပြုံးရယ်နေပုံဖြစ်ပါသည်။

Credit;









Credit;

Add a Comment

Your email address will not be published. Required fields are marked *