ခုလို အကုန်လုံးကျပ်တည်းနေတဲ့ ကာလအတွင်းမှာ ပစ္စည်းတွေ မလှူနိုင်ရင် အဲဒါလေးတွေတော့ လှူနိုင်ပါတယ်

အရပ်စကားနဲ့ ပြောရရင် ကောသလမင်းကြီးက သူ့မိန်းမ မလ္လိကာကို မေးတယ် “မိန်းမ၊ လောကမှာ မင်း ဘယ်သူ့ကို အချစ်ဆုံးလဲ” တဲ့၊ ဒါနဲ့ မိဖုရားကြီးက “အိုတော်၊ ကိုယ့်ကိုယ်ကို အချစ်ဆုံးပေါ့တော့” တဲ့။

မင်းကြီးထင်တာက “ဘယ်သူ ရှိရဦးမှာလဲ မောင်ရယ်၊ မောင့်ကို အချ စ်ဆုံးပေါ့လို့”၊ အဲလို ပြောမယ်ထင်တာ။ သူကြားချင်တာကလည်း အဲလိုပဲ ရိုမန့်တစ်ဆန်ဆန် ကြားချင်တာ။ ဒါပေမယ့် ဟိုက ဖြေလိုက်တာက သူ့အာဘော် မမိဘူး။

ဒါနဲ့ မျက်နှာကြီး ချက်ချင်း ပျက်သွားတယ်။ သူ့ကို အချစ်ဆုံးလို့ မပြောလို့ တင်းသွားတယ်။ ယောက်ျားအထာကို နပ်နေတဲ့ မလ္လိကာ သူ့ကို စိတ်ခုသွားပြီဆိုတာ သိလိုက်တယ်။ ဒါနဲ့ နောက်နေ့မှာ သူ့စကား မှန်တယ်ဆိုတဲ့ အကြောင်း မြတ်စွာဘုရား တရားတော်တွေနဲ့ သက်သေထူလိုက်ရတယ်။

ဒီနေရာမှာ တစ်ခု သိရမှာက မလ္လိကာရဲ့ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောလိုက်တာဟာ သူ့ယောက်ျား ကောသလကို သူ့ရဲ့ ချစ်ရသူ စာရင်းထဲက ထုတ်ပြီး ပစ်ပယ်လိုက်တာ မဟုတ်ဘူး ဆိုတာပါပဲ။ ယောက်ျားကိုလည်း မပစ်ပယ်နိုင်ပါဘူး၊

ချစ်ဆဲ၊ သံယောဇဉ်ရှိဆဲ၊ ငြိတွယ်ဆဲ၊ စွဲလန်းဆဲ၊ ဝတ္တရားမပျက် နေထိုင်ဆဲပါပဲ။ ဒါ့အပြင် ဆွေမျိုး အသိုင်းအဝိုင်း၊ အနီးနေ ဝန်ထမ်းတွေ၊ နိုင်ငံသူ နိုင်ငံသားတွေကိုလည်း မလ္လိကာအချစ် မပျက်ပါဘူး။ ဘာလို့ ဒီလိုပြောနိုင်တာလဲဆိုရင် ကောသလမင်းကြီး စီစဉ်ထားတဲ့ လူတွေ တိရစ္ဆာန်တွေရဲ့ အသက်ပေါင်းများစွာ သေမည့် ယဇ်ပူဇော်ပွဲကြီး ပျက်အောင် လုပ်လိုက်တာက သက်သေပါပဲ။

ဒီအကြောင်းလေးတွေကို လေ့လာလိုက်တော့ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးလို့ သတ်မှတ်လို့ ရပါတယ်၊ ဒါပေမယ့် တစ်ခြား ချစ်ရမည့်သူတွေကိုလည်း စာရင်းကနေ မပစ်ပယ်ပါနဲ့ ဆိုတဲ့ သဘောလေးကို သိရတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်တာ၊ ချစ်တာ မှန်တယ်ဆိုပြီး အခြားတစ်ဖက်ကို ဂရုမစိုက်တော့ဘူးဆိုရင်တော့ အကောင်းဘက်ကို ဦးမတည်တော့ပါဘူး။ ကမ္ဘာမှာ ကပ်ရောဂါကြီးဖြစ်လာတော့ တစ်ခြားဒေသ၊ တစ်ခြားနိုင်ငံ ၊ တစ်ခြားမြို့ စသည်ဖြင့် အနယ်နယ် အရပ်ရပ် ရောက်နေတဲ့သူတွေက ကိုယ့်မိသားစုရှိရာ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်အိမ်ကို ပြန်ချင်ကြတယ်။

အဲဒါကို နားလည်တဲ့သူတွေက စနစ်တကျနဲ့ အိမ်ကို ကျန်းကျန်းမာမာနဲ့ အရောက်ပြန်နိုင်ဖို့ စီစဉ်‌ပေးကြတယ်။ အဖေ အမေစတဲ့ မိသားစုဝင်တွေကလည်း ကိုယ့်အိမ်ကလူ ကိုယ့်မျက်စိရှေ့ ရောက်လာမှပဲ စိတ်ချမ်းသာတော့တာပါပဲ။

ခက်တာက အချို့ပုဂ္ဂိုလ်တွေဟာ ကိုယ့်မိသားစုဝင်တွေကျတော့ ပြန်ခေါ်ပြီး တစ်ခြား မိသားစုဝင်တွေ ပြန်လာမှာကိုကျတော့ ရောဂါတွေ သယ်လာမှာစိုးရတယ်ဆိုပြီး မလိုလားကြဘူး။ မပြန်ခဲ့စေချင်ဘူး။

ပြန်လာတဲ့သူတွေက သူတို့အိမ်ကို လာနေမှာလည်း မဟုတ်။ တကယ် ပြန်လာပြီဆို သူတို့လည်း စနစ်တကျနဲ့ သီးသန့်နေပြီးမှ သူတို့ရဲ့ ဆိုင်ရာ ဆိုင်ရာ အိမ်ကို ဝင်ရမှာပါပဲ။ အဲလို စည်းကမ်း မလိုက်နာရင်တော့ တစ်မျိုးပေါ့။

စည်းကမ်းတကျ အဲလိုနေကြရင်းနဲ့ အမှတ်မထင် ရောဂါပိုး ရှိလာပြီဆိုရင်လည်း အဲဒီနေရာကို သက်ဆိုင်ရာတွေက ရောဂါပြန့်မှာစိုးလို့ အဝင်အထွက် မပြုဖို့ တားမြစ်လိုက်တယ်။ အဲဒီမှာ နောက်ပြဿနာက တစ်ခြားနေရာက လူတွေက အဲဒီနေရာကို ပြစ်မှုကျူးလွန်ထားတဲ့ နေရာတစ်ခုလို သဘောထားလာတယ်။ အဲဒီနေရာက လူတွေကိုလည်း ရောဂါရှိသူရော မရှိသူတွေရော အားလုံးကို ရာဇဝတ်သားတွေလို သဘောထားလာတယ်။ ရောဂါရှိသူတွေကို အပြစ်မြင်တယ်။

တကယ်တော့ သူတို့လည်း ဒီရောဂါပိုးကြီးကို ကြောက်ကြတာပါပဲ။ မဖြစ်ချင်တဲ့အထဲက ဖြစ်လာရတော့ စိတ်ဓာတ်‌တွေကျ၊ အားတွေငယ်။ ဒါကို ကျန်တဲ့သူတွေက အပြစ်ဖို့လိုက်တော့ သူ့မှာ နေစရာ မရှိတော့ဘူး။ ရေနစ်ရာ ဝါးကူလိုက်သလိုပါပဲ၊ဒုက္ခရောက်နေသူကို ပိုပြီး ဆိုးအောင် လုပ်လိုက်တဲ့သဘောဖြစ်သွားတယ်။ ကိုယ်သာ သူ့နေရာမှာဆိုရင်- ဆိုတဲ့ စိတ်ထားလေးများ ဝင်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် တစ်ခြားသူတွေကို မုန်းတာ၊ ပစ်ပယ်တာကတော့ မမှန်ပါဘူး။ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ ကျင်နာမှုဟာ လူတိုင်းလိုချင်နေကြတဲ့ အရာတွေပါပဲ။ ဒီကာလအတွင်းမှာ ပစ္စည်းတွေ မလှူနိုင်ရင် အဲဒါလေးတွေကို လှူနိုင်ပါတယ်။ အင်း အဲဒါတွေကို ပစ္စည်းထက် ပေးဖို့ခက်နေရင်တော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့လေ

သီတရံသီ

Credit

အရပ္စကားနဲ႕ ေျပာရရင္ ေကာသလမင္းႀကီးက သူ႕မိန္းမ မလႅိကာကို ေမးတယ္ “မိန္းမ၊ ေလာကမွာ မင္း ဘယ္သူ႕ကို အခ်စ္ဆုံးလဲ” တဲ့၊ ဒါနဲ႕ မိဖုရားႀကီးက “အိုေတာ္၊ ကိုယ့္ကိုယ္ကို အခ်စ္ဆုံးေပါ့ေတာ့” တဲ့။

မင္းႀကီးထင္တာက “ဘယ္သူ ရွိရဦးမွာလဲ ေမာင္ရယ္၊ ေမာင့္ကို အခ် စ္ဆုံးေပါ့လို႔”၊ အဲလို ေျပာမယ္ထင္တာ။ သူၾကားခ်င္တာကလည္း အဲလိုပဲ ရိုမန့္တစ္ဆန္ဆန္ ၾကားခ်င္တာ။ ဒါေပမယ့္ ဟိုက ေျဖလိုက္တာက သူ႕အာေဘာ္ မမိဘူး။

ဒါနဲ႕ မ်က္ႏွာႀကီး ခ်က္ခ်င္း ပ်က္သြားတယ္။ သူ႕ကို အခ်စ္ဆုံးလို႔ မေျပာလို႔ တင္းသြားတယ္။ ေယာက္်ားအထာကို နပ္ေနတဲ့ မလႅိကာ သူ႕ကို စိတ္ခုသြားၿပီဆိုတာ သိလိုက္တယ္။ ဒါနဲ႕ ေနာက္ေန႕မွာ သူ႕စကား မွန္တယ္ဆိုတဲ့ အေၾကာင္း ျမတ္စြာဘုရား တရားေတာ္ေတြနဲ႕ သက္ေသထူလိုက္ရတယ္။

ဒီေနရာမွာ တစ္ခု သိရမွာက မလႅိကာရဲ႕ ကိုယ့္ကိုယ္ကို အခ်စ္ဆုံးလို႔ ေျပာလိုက္တာဟာ သူ႕ေယာက္်ား ေကာသလကို သူ႕ရဲ႕ ခ်စ္ရသူ စာရင္းထဲက ထုတ္ၿပီး ပစ္ပယ္လိုက္တာ မဟုတ္ဘူး ဆိုတာပါပဲ။ ေယာက္်ားကိုလည္း မပစ္ပယ္နိုင္ပါဘူး၊

ခ်စ္ဆဲ၊ သံေယာဇဥ္ရွိဆဲ၊ ၿငိတြယ္ဆဲ၊ စြဲလန္းဆဲ၊ ဝတၱရားမပ်က္ ေနထိုင္ဆဲပါပဲ။ ဒါ့အျပင္ ေဆြမ်ိဳး အသိုင္းအဝိုင္း၊ အနီးေန ဝန္ထမ္းေတြ၊ နိုင္ငံသူ နိုင္ငံသားေတြကိုလည္း မလႅိကာအခ်စ္ မပ်က္ပါဘူး။ ဘာလို႔ ဒီလိုေျပာနိုင္တာလဲဆိုရင္ ေကာသလမင္းႀကီး စီစဥ္ထားတဲ့ လူေတြ တိရစာၦန္ေတြရဲ႕ အသက္ေပါင္းမ်ားစြာ ေသမည့္ ယဇ္ပူေဇာ္ပြဲႀကီး ပ်က္ေအာင္ လုပ္လိုက္တာက သက္ေသပါပဲ။

ဒီအေၾကာင္းေလးေတြကို ေလ့လာလိုက္ေတာ့ ကိုယ့္ကိုယ္ကိုယ္ အခ်စ္ဆုံးလို႔ သတ္မွတ္လို႔ ရပါတယ္၊ ဒါေပမယ့္ တစ္ျခား ခ်စ္ရမည့္သူေတြကိုလည္း စာရင္းကေန မပစ္ပယ္ပါနဲ႕ ဆိုတဲ့ သေဘာေလးကို သိရတယ္။

ကိုယ့္ကိုယ္ကို ဂ႐ုစိုက္တာ၊ ခ်စ္တာ မွန္တယ္ဆိုၿပီး အျခားတစ္ဖက္ကို ဂ႐ုမစိုက္ေတာ့ဘူးဆိုရင္ေတာ့ အေကာင္းဘက္ကို ဦးမတည္ေတာ့ပါဘူး။ ကမာၻမွာ ကပ္ေရာဂါႀကီးျဖစ္လာေတာ့ တစ္ျခားေဒသ၊ တစ္ျခားနိုင္ငံ ၊ တစ္ျခားၿမိဳ႕ စသည္ျဖင့္ အနယ္နယ္ အရပ္ရပ္ ေရာက္ေနတဲ့သူေတြက ကိုယ့္မိသားစုရွိရာ ကိုယ့္နိုင္ငံ၊ ကိုယ့္ေဒသ၊ ကိုယ့္အိမ္ကို ျပန္ခ်င္ၾကတယ္။

အဲဒါကို နားလည္တဲ့သူေတြက စနစ္တက်နဲ႕ အိမ္ကို က်န္းက်န္းမာမာနဲ႕ အေရာက္ျပန္နိုင္ဖို႔ စီစဥ္‌ေပးၾကတယ္။ အေဖ အေမစတဲ့ မိသားစုဝင္ေတြကလည္း ကိုယ့္အိမ္ကလူ ကိုယ့္မ်က္စိေရွ႕ ေရာက္လာမွပဲ စိတ္ခ်မ္းသာေတာ့တာပါပဲ။

ခက္တာက အခ်ိဳ႕ပုဂၢိဳလ္ေတြဟာ ကိုယ့္မိသားစုဝင္ေတြက်ေတာ့ ျပန္ေခၚၿပီး တစ္ျခား မိသားစုဝင္ေတြ ျပန္လာမွာကိုက်ေတာ့ ေရာဂါေတြ သယ္လာမွာစိုးရတယ္ဆိုၿပီး မလိုလားၾကဘူး။ မျပန္ခဲ့ေစခ်င္ဘူး။

ျပန္လာတဲ့သူေတြက သူတို႔အိမ္ကို လာေနမွာလည္း မဟုတ္။ တကယ္ ျပန္လာၿပီဆို သူတို႔လည္း စနစ္တက်နဲ႕ သီးသန့္ေနၿပီးမွ သူတို႔ရဲ႕ ဆိုင္ရာ ဆိုင္ရာ အိမ္ကို ဝင္ရမွာပါပဲ။ အဲလို စည္းကမ္း မလိုက္နာရင္ေတာ့ တစ္မ်ိဳးေပါ့။

စည္းကမ္းတက် အဲလိုေနၾကရင္းနဲ႕ အမွတ္မထင္ ေရာဂါပိုး ရွိလာၿပီဆိုရင္လည္း အဲဒီေနရာကို သက္ဆိုင္ရာေတြက ေရာဂါျပန့္မွာစိုးလို႔ အဝင္အထြက္ မျပဳဖို႔ တားျမစ္လိုက္တယ္။ အဲဒီမွာ ေနာက္ျပႆနာက တစ္ျခားေနရာက လူေတြက အဲဒီေနရာကို ျပစ္မႈက်ဴးလြန္ထားတဲ့ ေနရာတစ္ခုလို သေဘာထားလာတယ္။ အဲဒီေနရာက လူေတြကိုလည္း ေရာဂါရွိသူေရာ မရွိသူေတြေရာ အားလုံးကို ရာဇဝတ္သားေတြလို သေဘာထားလာတယ္။ ေရာဂါရွိသူေတြကို အျပစ္ျမင္တယ္။

တကယ္ေတာ့ သူတို႔လည္း ဒီေရာဂါပိုးႀကီးကို ေၾကာက္ၾကတာပါပဲ။ မျဖစ္ခ်င္တဲ့အထဲက ျဖစ္လာရေတာ့ စိတ္ဓာတ္‌ေတြက်၊ အားေတြငယ္။ ဒါကို က်န္တဲ့သူေတြက အျပစ္ဖို႔လိုက္ေတာ့ သူ႕မွာ ေနစရာ မရွိေတာ့ဘူး။ ေရနစ္ရာ ဝါးကူလိုက္သလိုပါပဲ၊ဒုကၡေရာက္ေနသူကို ပိုၿပီး ဆိုးေအာင္ လုပ္လိုက္တဲ့သေဘာျဖစ္သြားတယ္။ ကိုယ္သာ သူ႕ေနရာမွာဆိုရင္- ဆိုတဲ့ စိတ္ထားေလးမ်ား ဝင္လိုက္ရင္ ဘယ္ေလာက္ေကာင္းမလဲ။

ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အခ်စ္ဆုံးဆိုတာကေတာ့ အမွန္ပါ။ ဒါေပမယ့္ တစ္ျခားသူေတြကို မုန္းတာ၊ ပစ္ပယ္တာကေတာ့ မမွန္ပါဘူး။ ခ်စ္ခင္မႈ၊ ဂ႐ုစိုက္မႈ၊ က်င္နာမႈဟာ လူတိုင္းလိုခ်င္ေနၾကတဲ့ အရာေတြပါပဲ။ ဒီကာလအတြင္းမွာ ပစၥည္းေတြ မလႉနိုင္ရင္ အဲဒါေလးေတြကို လႉနိုင္ပါတယ္။ အင္း အဲဒါေတြကို ပစၥည္းထက္ ေပးဖို႔ခက္ေနရင္ေတာ့ ဆိုဖြယ္ရာ မရွိေတာ့ဘူးေပါ့ေလ

သီတရံသီ

Credit

Add a Comment

Your email address will not be published. Required fields are marked *