ခုနှစ်ရက် သားသ မီးများ အတွက် တစ်ပတ် စာ ဟောစာတမ်း… 26.11.2020 မှ 2.12.2020 အထိ

တနင်္ဂနွေ

ဒီကာလအ တွင်း လက်လွန်ထားတဲ့ ငွေတွေပြန်ရ လိမ့်မယ်။ စပ်တူအလုပ်များ၊ ရှယ်ယာအလုပ်များ တိုးတတ်လာဖွယ်ရှိနေတတ်ပါတယ်။ ကျန်းမာရေး ကတော့ အားနည်းညံ့ဖျင်းပါတယ်။ မိန်းကလေးများ ဓမ္မတာနဲ့ ပတ်သက်သော ရောဂါတွေ ဖြစ်လွယ်ပါတယ်။ ရေချိုး မှားပြီး ချွေးငုပ်၊သွေးငုပ် ဖြစ်ရတတ်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုတွေ တိုးတတ်ပါလိမ့်မယ်။ မိမိရင်ဆိုင်နိုင်ပါ့မလားလို့ သံသယဖြစ်နေတဲ့ ကိစ္စ တစ်ခုကို အောင်မြင်စွာ ရင်ဆိုင်ကျော် ဖြတ်သွားနိုင်ပါလိမ့်မယ်။

အလုပ်ထဲမှာလဲ တာဝန်ကြီးလေ၊အောင်မြင် မှုကြီးလေပါပဲ။တစ်ပါးသူ တွေဆီကအကူ အညီကောင်း၊ အကြံဉာဏ်ကောင်းတွေ အလွန်ပဲရရှိပါလိမ့်မယ်။ မထင်မှတ်ဘဲ မိဘ၊ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲရတတ်ပါတယ်။ ရပ်ဝေးခရီးများခရီးရှည်များလဲစတင်ထွက်ခွာမယ်ဆိုအဆင်ပြေမဲ့ကာလပါပဲ။

အနုပညာ အလုပ်များ၊ အသံနှင့်ရင်းနှီးရသော အလုပ်များ၊ လုံခြုံရေးကိုမြှင့်တင်တဲ့ အလုပ်များအဆင်ပြေ တိုးတတ်လာနိုင်တာ ကိုတွေ့ရပါတယ်။ အချစ်ရေးမှာတော့ သံသယစိတ်တွေက ချစ်သူနှစ်ဦးကြားကြီးထွား လာနိုင်ပါတယ်။ သေချာ ရှင်းပြဖို့ လိုပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး နားလည်မှုတွေ၊ဖေးမမှုတွေ ရှိပါလိမ့်မယ်။ ပညာရေးကံကတော့ မိမိကသင်ယူတတ်မြောက် လွယ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/6

အထူးဟော စီးပွားကောင်းလာမည်။

ယတြာ တရားခွေများ၊ တရားစာအုပ်များ ဓမ္မဒါန လုပ်လိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း ရင်းနှီးမြုပ်နှံထားတဲ့အလုပ် တွေကနေတော့ ငွေပြန်ပေါ်လာတတ်ပါတယ်။ ရှယ်ယာဝင်ထားတဲ့ အလုပ်တွေကနေ အကျိုးအမြတ်တွေ ပိုမိုရရှိလာ ပါလိမ့်မယ်။ မိတ်ဆွေရင်းတွေနဲ့ သဘောထားကွဲလွဲစရာကိစ္စ တွေလဲပေါ်လာတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိကအထက်လူကြီးဆိုရင် မိမိဝန်ထမ်းတွေကိုထိန်းချုပ်ရ ခက်ခဲနေတတ်ပါတယ်။ ကျန်းမာရေးလဲ အညံ့များ နေပါလိမ့်မယ်။ အထူးသဖြင့်အထိုင်များသူများ ဆီး၊ဝမ်း၊လေ မမှန် တာမျိုးတွေသတိထားရပါလိမ့်မယ်။ မိမိအတွက်မိသားစုအတွက် ငွေကုန်စရာ တွေရှိနေလိမ့်မယ်။

ညီအကို မောင်နှမအချင်းချင်း မတည့်တာတွေဖြစ်ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမမျှဘဲ နားလည်မှု တွေလွဲနေရတတ်ပါတယ်။ သူတစ်ပါးဆီကရတဲ့ အကြံဉာဏ်တွေကလဲ မိမိအတွက်အလုပ်မဖြစ်သလိုဖြစ်နေရ တတ်ပါတယ်။အိမ်ထောင် သည်များလိင်ကိစ္စ၊အပျော်အပါး ရှောင်ပါ။ ရုတ်တရက် ခရီးကိစ္စတွေ ပျက်ရတတ်ပါတယ်။ သားသမီးကျန်းမာရေးအတွက် အနည်းငယ် ပူပန်နေရတတ်ပါတယ်။

လူငယ်များရေမှာ ဆော့ကစားခြင်းမျိုး ဒီနေ့ မလုပ်သင့်ပါ။ အချစ်ရေးကံကတော့ အကောင်းများနေပါလိမ့်မယ်။ အိမ်ထောင်ရေးတော့ အဆင်မပြေတာ များပါတယ်။ အိမ်ထောင်ဘက်နဲ့ မျက်နှာချင်းဆိုင်တာနဲ့ စကားများရတတ်ပါတယ်။ ပညာရေးအညံ့မရှိပါဘူး။

အကျိုးပေးဂဏန်း 2/3/0

အထူးဟော အရာရာလက်လွတ်စပယ်မိလုပ်မိပါစေနဲ့။

ယတြာ မှိုနဲ့ကန်စွန်းရွက်ကြော်ပြီးဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလအတွင်း ရင်းနှီးမြုပ်နှံမှုတွေကို ချိန်ဆပြီးမှ လုပ်စေချင်ပါတယ်။ အဆင်မပြေတဲ့ မိတ်ဆွေတွေ အတွက် အကူအညီတွေ ပေးနေရတတ်ပါတယ်။ မထင်မှတ်ဘဲ ခရီးတိုလေးတွေ သွားနေရတတ်ပါတယ် ။တွေးထင်ထားတဲ့ ကိစ္စတွေဖြစ်လာဖို့ မလွယ်သေးပါဘူး။ အကြံကြီးကြီးတွေ ရှိနေရင်တောင် စတင်အကောင် အထည်မဖော် သင့်ပါဘူး။ လုပ်ငန်းခွင်အတွင်း အထက်လူကြီး အပြောင်းအလဲလေးတွေ ဖြစ်ရတတ် ပါတယ်။ ဒါကြောင့်လုပ်ငန်း ပုံစံအသစ်တွေနဲ့လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်တာဝန်တွေကလဲ ပိုလာနိုင်ပါတယ်။

အစားအသောက် အသစ် အဆန်း တွေ မစားသင့်တဲ့နေ့ရက်ပါပဲ။ မိမိရဲ့ကျန်းမာရေးကိုလဲ မမေ့သေ့ဘူး။ ခေါင်းမကြည်တာမျိုး၊ဇက်ကြော တတ်တာမျိုး ဆို သွေးပေါင်လေးချိန်ကြည့်ပါ။ သွေးတိုးလွယ်တဲ့နေ့ရက်တွေဖြစ်နေလို့ပါပဲ။ အိမ်ကိစ္စ၊အမွေကိစ္စတွေ ရှိနေရင် ဒီကာလမှာပိုရှုပ်သွားတတ်ပါတယ်။

ဖခင်နဲ့ သဘောထား မတိုက်ဆိုင်တဲ့ ကိစ္စလေးတွေဖြစ်ရတတ်ပါတယ်။ အလုပ်သစ်ရှာရခက်ခဲနေလိမ့်မယ်။ အလုပ် စာမေးပွဲ၊အင်တာဗျူးမှာ အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ ချစ်သူနဲ့ အဆင်ပြေပေမဲ့ အလုပ်များနေတဲ့ချစ်သူက မိမိကိုဂရုစိုက်နိုင်ဖို့ မလွယ်ပါဘူး။ အိမ်ထောင်ရေး မှာ ကြားလူစကားကို မယုံပါနဲ့။ ပညာရေးကံ မပေးသေးတော့ ဉာဏ်ဝီရိယကို အလေးထားပါ။

အကျိုးပေးဂဏန်း 3/4/8

အထူးဟော အပြောင်းအလဲတွေများနေမည်။

ယတြာ ဘုရားရှင်အားထောပတ်သီးဖျော်ရည်ကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်း စိတ်ကူးကောင်းအကြံ ကောင်းတွေကိုတော့ သူများကိုထုတ်မပြောလိုက်ပါနဲ့။ မိမိအကြံကို သူများဦးသွားပြီး လုပ်တတ်လို့ပါပဲ။ လခစား ဝန်ထမ်းများ လူချစ်လူခင်များပြီး ကူညီမဲ့သူပေါများလိမ့်မယ်။ပွဲစား အလုပ်များ၊ငွေကြေးဝန်ဆောင်မှုအလုပ်များ၊ ရေနဲ့ ပတ်သက် ဆက်နွယ်သော အလုပ်များ အထူးအကျိုးပေးလိမ့်မယ်။

သားသမီးတွေဆီက အကူအညီအထောက်အပံ့ရလွယ်တဲ့နေ့ရက်တွေပါပဲ။ ခြံဝယ်ထားချင်သူများ၊ ကားဝယ်ချင်သူ များ၊ ကား အလဲအထပ် လုပ်ချင် သူများ ဒီကာလမှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အဘက်ဘက်က ကံအားသာချက် ရှိနေတာတော့ အမှန်ပါပဲ။ မိမိရင်ထဲက ဆန္ဒတွေအတိုင်း ဖြစ်လာမဲ့ ကာလပါပဲ။

မိတ်ဆွေသစ်တွေတိုးပါလိမ့် မယ်။ တိုးလာမဲ့ မိတ်ဆွေတွေကလဲ တကယ့်ကို ကလျာဏမိတ္တဖြစ်ပါလိမ့်မယ်။ အဖတ်မတင်ဘဲ အကုန်အကျများနေတဲ့ ငွေတွေ ရပ်တန့်သွားပြီး ငွေစုဆောင်းနိုင်သည်အထိ ပြန်ဝင်လာတတ်ပါတယ်။ အကြွေးတွေ ပြန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုး သိပ်မတွေ့ရပါဘူး။

ဆွတ်ပျံ့ကြည်နူးစရာကောင်းတာက တော့ အချစ်ရေးပါ။ ချစ်သူ နဲ့ရင်ခုန်စရာကောင်းတဲ့အချိန်တွေကိုဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေး ကံကောင်းနေပါလိမ့်မယ်။ အိမ်ထောင်ဘက်ဆီက အကူအညီတွေရတတ်ပါတယ်။ ပညာရေးကတော့ အတတ်ပညာထက် အသိပညာတွေရပါ လိမ့်မယ်။

အကျိုးပေးဂဏန်း 4/5/2

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ ကိတ်မုန့်နဲ့ကွေကာအုပ်ဖျော်ပြီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း တွေးထင်ထားတဲ့ကိစ္စတွေက လက်တွေ့မှာအောင်မြင်မှုတွေကိုဖော်ဆောင်ပေး နိုင်ပါလိမ့် မယ်။ စိတ်ကူးထားတာလေးတွေကို မြေစမ်း ခရမ်းပျိုပဲဖြစ်ဖြစ် ဒီနေ့မှာ စတင်ကြည့်ပါ။ နည်းပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဝယ်ယူလို့ ကောင်းတဲ့နေ့ပါ။ ကျန်းမာရေးအညံ့နည်းပါတယ်။ အထိုင်များသူဆိုရင်တော့ ကိုယ်လက် လှုပ်ရှားမှုများများလုပ်ပေးပါ။ မိမိအတွက် စိတ်ချမ်းသာစရာများပါတယ်။

မိသားစုအတွင်းဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ပျော်စရာလေးတွေရှိနေတတ်ပါတယ်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီတွေအများကြီး ရလိမ့်မယ်။ သားသမီးတွေ ကျေးဇူးသိတတ်မှုကြောင့်ပဲ စိတ်ကြည်နူးရလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ ပိုမိုအဆင်ပြေမည်။ အလုပ်အော် ဒါတွေ ရလိမ့်မယ်။

ဝန်ထမ်းတွေရဲ့စေတနာထားမှုကြောင့်လဲ အရာရာတိုးတတ်နိုင်ပါတယ်။ ခရီးတိုလေးတွေ၊ တစ်ရက်တာအပန်းဖြေခရီးသွားရတာမျိုးလေးတွေလဲ ကြုံရ တတ်တဲ့ကာလပါပဲ။ အလုပ်တွေကို စိတ်နှစ်ပြီးလုပ်နိုင် တာကြောင့်အမှားနည်းပါလိမ့်မယ်။ အချစ်ရေးအတိုင်းထက်အလွန် ကောင်းနေပါလိမ့်မယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ငွေအရမ်းသုံးနေတာကြောင့် ထိန်းသိမ်းနေရပါလိမ့်မယ်။ ပညာရေးအလွန်ကောင်းပါလိမ့်မယ်။မိမိ ကိုယ်တိုင် သိချင်တက်ချင်နေတဲ့ပညာတွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/6

အထူးဟော ပျော်စရာအချိန်တွေပါပဲ။

ယတြာ မိဘတွေကို အားဆေးတစ်ဘူးလှူဒါန်းလိုက်ပါ။

သောကြာ

ဒီကာလမှာ အလှူကိစ္စ ရှိရင် ရက်ရွှေ့ရတာမျိုးတွေကြုံရတတ်ပါတယ်။ နားကပ်ပန်ထားသူများ နောက်ပိတ် လေး တွေပြုတ်ပြီး ကျပျောက် တာမျိုးဖြစ် လွယ်တဲ့အတွက် သေချာစစ်ဆေးပါ။ မိတ်ဆွေတွေ ငွေလာချေးရင်၊ ပစ္စည်းလာငှားရင် သတိထားပါ။

ပြန်မရဘဲ ဆုံးတတ်ပါတယ်။ ကျန်းမာရေး အရမ်းညံ့နေတာမျိုးမရှိပါဘူး။ လေထိုး လေအောက် လောက်ပဲ ဖြစ်တတ်ပါတယ်။ မိမိကိစ္စကိုသာ စိတ်ဝင်စား စေချင်ပါတယ်။ သူတစ်ပါးကိစ္စတွေကို စိတ်ဝင် စားမိတာနဲ့ ပြဿနာတွေအထူးပဲ ကိုယ့်ဆီရောက်လာတတ်ပါတယ်။

လူမှုရေးကိစ္စတွေမှာ ဝင်မပါလိုက်ပါနဲ့။ ဧည့်သည် လာရင်တော့ ပြဿနာတွေ ခေါ်လာသူတွေကိုတော့ လက်မခံလိုက်ပါနဲ့။ လုပ်ငန်းရှင်များ ဝန်ထမ်းတွေ ထဲက ခန့်ထားတာ မကြာသေးတဲ့ ဝန်ထမ်း အသစ်တွေရှိရင် တာဝန်ကြီးကြီး မယူခိုင်းပါနဲ့ဦး။ အိမ်ပြောင်း၊နေရာပြောင်းတွေ ဆောင်ရွက်လို့ မကောင်း သေးပါဘူး။

အလုပ်သစ်လျှောက်တာမျိုး၊ အင်တာဗျူးဖြေတာမျိုးတွေလဲ အခက်အခဲများနေ ပါလိမ့်မယ်။ အချစ်ရေးအတွက် စိတ်ချမ်းသာရပါတယ်။ ချစ်သူခင်သူတွေ ပေါများပြီး စန်းပွင့်နေပါလိမ့်မယ်။ အိမ်ထောင်ရေးကံကတော့ ဒီကာလမှာ အားအနည်းဆုံးလို့မြင်ပါတယ်။ သည်းခံသင့်တာတွေ သည်းခံ ပေးပါ။ ပညာရေးကံ ‘သင့်’ ပါတယ်။ အရမ်း မညံ့ပါဘူး။

အကျိုးပေးဂဏန်း 0/6/7

အထူးဟော ကံအားနည်းနေမည်။

ယတြာ သာကူကျိုပြီးဘုရားကပ်ပါ။

စနေ

ဒီကာလအတွင်း စန်းအားကောင်းပြီး လူချစ်လူခင်များနေရတတ်ပါတယ်။ အခက်အခဲတွေ၊အကြပ်အတည်း တွေကနေရင်ဆိုင်လွတ်မြောက်ပါလိမ့်မယ်။ ကောင်းမဲ့ လမ်း၊အောင်မြင်မဲ့လမ်းကို စတင်ခြေချခွင့်ရမဲ့ကာလလို့ တင်စားချင်ပါတယ်။

ဒါကြောင့် ဒီကာလတွေမှာ မဟုတ်တာလုပ်မိရင် ချက်ချင်းဒုက္ခရောက်ရမယ်။ လောင်းကစားသမားများ သူေဋ္ဌးဖြစ်ခွေးဖြစ်လောင်းရင်း သေချာပေါက်ခွေး ဖြစ်ပါလိမ့်မယ်။ ငွေကို တလွဲမသုံးမိဖို့လိုပါတယ်။ သားသမီးကို ဆိုဆုံးမရခက်ခဲတာမျိုးတွေရှိနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်များ အသွားအလာများ၊ပစ္စည်း သယ်ပိုးခြင်းများ ဆင်ခြင်ပြီးလုပ်ပါ။ အလုပ်တစ်ခုဖြစ်စေ၊ ပညာအသစ်တစ်ခုဖြစ်စေ၊ ရာထူးတာဝန် တစ်ခုကိုဖြစ်စေ တာဝန်ယူပြီး စတင်ကိုင်တွယ်လုပ်ကိုင်လို့အလွန်မှ ကောင်းပါတယ်။ ကျန်းမာရေးအညံ့မရှိပါ။ အစာအိမ်ရောဂါ အခံရှိသူများ အစား မမှားပါစေနဲ့ ။

အရက် လျှော့သောက်ပါ။ ရောဂါဟောင်းပြန်ထတတ်လို့ပါပဲ။ အချစ်ရေးမှာတော့ အညံ့မရှိသလောက်နည်းပါးပါးတယ်။ ချစ်သူနဲ့ သွားလာရပြီး ပျော်စရာ အချိန်တွေကိုရလာတတ်ပါတယ်။ အိမ်ထောင်ရေးကံ အလွန်မှကောင်းပါတယ်။ အိမ်ထောင်ဘက်ရဲ့လုပ်ငန်းစီးပွားပြန်လည်တိုးတတ်လာနိုင်တဲ့ ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ပညာရေးအတွက် စတင်အချိန်ယူ ကြိုးစားလို့အလွန်မှ ကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/5/7

အထူးဟော ကံသင့်ပါတယ်။

ယတြာ စမူဆာ ၃ ခုဘုရားကပ်လှူပြီး ဆုတောင်းပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

တနဂၤေႏြ

ဒီကာလအ တြင္း လက္လြန္ထားတဲ့ ေငြေတြျပန္ရ လိမ့္မယ္။ စပ္တူအလုပ္မ်ား၊ ရွယ္ယာအလုပ္မ်ား တိုးတတ္လာဖြယ္ရွိေနတတ္ပါတယ္။ က်န္းမာေရး ကေတာ့ အားနည္းညံ့ဖ်င္းပါတယ္။ မိန္းကေလးမ်ား ဓမၼတာနဲ႔ ပတ္သက္ေသာ ေရာဂါေတြ ျဖစ္လြယ္ပါတယ္။ ေရခ်ိဳး မွားၿပီး ေခြၽးငုပ္၊ေသြးငုပ္ ျဖစ္ရတတ္ပါတယ္။ မိမိကိုယ္ကိုယုံၾကည္မႈေတြ တိုးတတ္ပါလိမ့္မယ္။ မိမိရင္ဆိုင္ႏိုင္ပါ့မလားလို႔ သံသယျဖစ္ေနတဲ့ ကိစၥ တစ္ခုကို ေအာင္ျမင္စြာ ရင္ဆိုင္ေက်ာ္ ျဖတ္သြားႏိုင္ပါလိမ့္မယ္။

အလုပ္ထဲမွာလဲ တာဝန္ႀကီးေလ၊ေအာင္ျမင္ မႈႀကီးေလပါပဲ။တစ္ပါးသူ ေတြဆီကအကူ အညီေကာင္း၊ အႀကံဉာဏ္ေကာင္းေတြ အလြန္ပဲရရွိပါလိမ့္မယ္။ မထင္မွတ္ဘဲ မိဘ၊ညီအကိုေမာင္ႏွမေတြနဲ႔ စိတ္ဝမ္းကြဲရတတ္ပါတယ္။ ရပ္ေဝးခရီးမ်ားခရီးရွည္မ်ားလဲစတင္ထြက္ခြာမယ္ဆိုအဆင္ေျပမဲ့ကာလပါပဲ။

အႏုပညာ အလုပ္မ်ား၊ အသံႏွင့္ရင္းႏွီးရေသာ အလုပ္မ်ား၊ လုံၿခဳံေရးကိုျမႇင့္တင္တဲ့ အလုပ္မ်ားအဆင္ေျပ တိုးတတ္လာႏိုင္တာ ကိုေတြ႕ရပါတယ္။ အခ်စ္ေရးမွာေတာ့ သံသယစိတ္ေတြက ခ်စ္သူႏွစ္ဦးၾကားႀကီးထြား လာႏိုင္ပါတယ္။ ေသခ်ာ ရွင္းျပဖို႔ လိုပါလိမ့္မယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး နားလည္မႈေတြ၊ေဖးမမႈေတြ ရွိပါလိမ့္မယ္။ ပညာေရးကံကေတာ့ မိမိကသင္ယူတတ္ေျမာက္ လြယ္ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/2/6

အထူးေဟာ စီးပြားေကာင္းလာမည္။

ယၾတာ တရားေခြမ်ား၊ တရားစာအုပ္မ်ား ဓမၼဒါန လုပ္လိုက္ပါ။

တနလၤာ

ဒီကာလအတြင္း ရင္းႏွီးျမဳပ္ႏွံထားတဲ့အလုပ္ ေတြကေနေတာ့ ေငြျပန္ေပၚလာတတ္ပါတယ္။ ရွယ္ယာဝင္ထားတဲ့ အလုပ္ေတြကေန အက်ိဳးအျမတ္ေတြ ပိုမိုရရွိလာ ပါလိမ့္မယ္။ မိတ္ေဆြရင္းေတြနဲ႔ သေဘာထားကြဲလြဲစရာကိစၥ ေတြလဲေပၚလာတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး မိမိကအထက္လူႀကီးဆိုရင္ မိမိဝန္ထမ္းေတြကိုထိန္းခ်ဳပ္ရ ခက္ခဲေနတတ္ပါတယ္။ က်န္းမာေရးလဲ အညံ့မ်ား ေနပါလိမ့္မယ္။ အထူးသျဖင့္အထိုင္မ်ားသူမ်ား ဆီး၊ဝမ္း၊ေလ မမွန္ တာမ်ိဳးေတြသတိထားရပါလိမ့္မယ္။ မိမိအတြက္မိသားစုအတြက္ ေငြကုန္စရာ ေတြရွိေနလိမ့္မယ္။

ညီအကို ေမာင္ႏွမအခ်င္းခ်င္း မတည့္တာေတြျဖစ္ရတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေပးအယူမမွ်ဘဲ နားလည္မႈ ေတြလြဲေနရတတ္ပါတယ္။ သူတစ္ပါးဆီကရတဲ့ အႀကံဉာဏ္ေတြကလဲ မိမိအတြက္အလုပ္မျဖစ္သလိုျဖစ္ေနရ တတ္ပါတယ္။အိမ္ေထာင္ သည္မ်ားလိင္ကိစၥ၊အေပ်ာ္အပါး ေရွာင္ပါ။ ႐ုတ္တရက္ ခရီးကိစၥေတြ ပ်က္ရတတ္ပါတယ္။ သားသမီးက်န္းမာေရးအတြက္ အနည္းငယ္ ပူပန္ေနရတတ္ပါတယ္။

လူငယ္မ်ားေရမွာ ေဆာ့ကစားျခင္းမ်ိဳး ဒီေန႔ မလုပ္သင့္ပါ။ အခ်စ္ေရးကံကေတာ့ အေကာင္းမ်ားေနပါလိမ့္မယ္။ အိမ္ေထာင္ေရးေတာ့ အဆင္မေျပတာ မ်ားပါတယ္။ အိမ္ေထာင္ဘက္နဲ႔ မ်က္ႏွာခ်င္းဆိုင္တာနဲ႔ စကားမ်ားရတတ္ပါတယ္။ ပညာေရးအညံ့မရွိပါဘူး။

အက်ိဳးေပးဂဏန္း 2/3/0

အထူးေဟာ အရာရာလက္လြတ္စပယ္မိလုပ္မိပါေစနဲ႔။

ယၾတာ မႈိနဲ႔ကန္စြန္း႐ြက္ေၾကာ္ၿပီးဘုရားကပ္လႉေပးပါ။

အဂၤါ

ဒီကာလအတြင္း ရင္းႏွီးျမဳပ္ႏွံမႈေတြကို ခ်ိန္ဆၿပီးမွ လုပ္ေစခ်င္ပါတယ္။ အဆင္မေျပတဲ့ မိတ္ေဆြေတြ အတြက္ အကူအညီေတြ ေပးေနရတတ္ပါတယ္။ မထင္မွတ္ဘဲ ခရီးတိုေလးေတြ သြားေနရတတ္ပါတယ္ ။ေတြးထင္ထားတဲ့ ကိစၥေတြျဖစ္လာဖို႔ မလြယ္ေသးပါဘူး။ အႀကံႀကီးႀကီးေတြ ရွိေနရင္ေတာင္ စတင္အေကာင္ အထည္မေဖာ္ သင့္ပါဘူး။ လုပ္ငန္းခြင္အတြင္း အထက္လူႀကီး အေျပာင္းအလဲေလးေတြ ျဖစ္ရတတ္ ပါတယ္။ ဒါေၾကာင့္လုပ္ငန္း ပုံစံအသစ္ေတြနဲ႔လုပ္ကိုင္ရတတ္ပါတယ္။ အလုပ္တာဝန္ေတြကလဲ ပိုလာႏိုင္ပါတယ္။

အစားအေသာက္ အသစ္ အဆန္း ေတြ မစားသင့္တဲ့ေန႔ရက္ပါပဲ။ မိမိရဲ႕က်န္းမာေရးကိုလဲ မေမ့ေသ့ဘူး။ ေခါင္းမၾကည္တာမ်ိဳး၊ဇက္ေၾကာ တတ္တာမ်ိဳး ဆို ေသြးေပါင္ေလးခ်ိန္ၾကည့္ပါ။ ေသြးတိုးလြယ္တဲ့ေန႔ရက္ေတြျဖစ္ေနလို႔ပါပဲ။ အိမ္ကိစၥ၊အေမြကိစၥေတြ ရွိေနရင္ ဒီကာလမွာပိုရႈပ္သြားတတ္ပါတယ္။

ဖခင္နဲ႔ သေဘာထား မတိုက္ဆိုင္တဲ့ ကိစၥေလးေတြျဖစ္ရတတ္ပါတယ္။ အလုပ္သစ္ရွာရခက္ခဲေနလိမ့္မယ္။ အလုပ္ စာေမးပြဲ၊အင္တာဗ်ဴးမွာ ေအာင္ျမင္ဖို႔ ခက္ခဲတတ္ပါတယ္။ ခ်စ္သူနဲ႔ အဆင္ေျပေပမဲ့ အလုပ္မ်ားေနတဲ့ခ်စ္သူက မိမိကိုဂ႐ုစိုက္ႏိုင္ဖို႔ မလြယ္ပါဘူး။ အိမ္ေထာင္ေရး မွာ ျကားလူစကားကို မယုံပါနဲ႔။ ပညာေရးကံ မေပးေသးေတာ့ ဉာဏ္ဝီရိယကို အေလးထားပါ။

အက်ိဳးေပးဂဏန္း 3/4/8

အထူးေဟာ အေျပာင္းအလဲေတြမ်ားေနမည္။

ယၾတာ ဘုရားရွင္အားေထာပတ္သီးေဖ်ာ္ရည္ကပ္လႉလိုက္ပါ။

ဗုဒၶဟူး၊ရာဟု

ဒီကာလအတြင္း စိတ္ကူးေကာင္းအႀကံ ေကာင္းေတြကိုေတာ့ သူမ်ားကိုထုတ္မေျပာလိုက္ပါနဲ႔။ မိမိအႀကံကို သူမ်ားဦးသြားၿပီး လုပ္တတ္လို႔ပါပဲ။ လခစား ဝန္ထမ္းမ်ား လူခ်စ္လူခင္မ်ားၿပီး ကူညီမဲ့သူေပါမ်ားလိမ့္မယ္။ပြဲစား အလုပ္မ်ား၊ေငြေၾကးဝန္ေဆာင္မႈအလုပ္မ်ား၊ ေရနဲ႔ ပတ္သက္ ဆက္ႏြယ္ေသာ အလုပ္မ်ား အထူးအက်ိဳးေပးလိမ့္မယ္။

သားသမီးေတြဆီက အကူအညီအေထာက္အပံ့ရလြယ္တဲ့ေန႔ရက္ေတြပါပဲ။ ၿခံဝယ္ထားခ်င္သူမ်ား၊ ကားဝယ္ခ်င္သူ မ်ား၊ ကား အလဲအထပ္ လုပ္ခ်င္ သူမ်ား ဒီကာလမွာေဆာင္႐ြက္လို႔ အထူးေကာင္းပါတယ္။ အဘက္ဘက္က ကံအားသာခ်က္ ရွိေနတာေတာ့ အမွန္ပါပဲ။ မိမိရင္ထဲက ဆႏၵေတြအတိုင္း ျဖစ္လာမဲ့ ကာလပါပဲ။

မိတ္ေဆြသစ္ေတြတိုးပါလိမ့္ မယ္။ တိုးလာမဲ့ မိတ္ေဆြေတြကလဲ တကယ့္ကို ကလ်ာဏမိတၱျဖစ္ပါလိမ့္မယ္။ အဖတ္မတင္ဘဲ အကုန္အက်မ်ားေနတဲ့ ေငြေတြ ရပ္တန႔္သြားၿပီး ေငြစုေဆာင္းႏိုင္သည္အထိ ျပန္ဝင္လာတတ္ပါတယ္။ အေႂကြးေတြ ျပန္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုး သိပ္မေတြ႕ရပါဘူး။

ဆြတ္ပ်ံ႕ၾကည္ႏူးစရာေကာင္းတာက ေတာ့ အခ်စ္ေရးပါ။ ခ်စ္သူ နဲ႔ရင္ခုန္စရာေကာင္းတဲ့အခ်ိန္ေတြကိုျဖတ္သန္းသြားႏိုင္ပါလိမ့္မယ္။ အိမ္ေထာင္ေရး ကံေကာင္းေနပါလိမ့္မယ္။ အိမ္ေထာင္ဘက္ဆီက အကူအညီေတြရတတ္ပါတယ္။ ပညာေရးကေတာ့ အတတ္ပညာထက္ အသိပညာေတြရပါ လိမ့္မယ္။

အက်ိဳးေပးဂဏန္း 4/5/2

အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ ကိတ္မုန႔္နဲ႔ေကြကာအုပ္ေဖ်ာ္ၿပီးဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း ေတြးထင္ထားတဲ့ကိစၥေတြက လက္ေတြ႕မွာေအာင္ျမင္မႈေတြကိုေဖာ္ေဆာင္ေပး ႏိုင္ပါလိမ့္ မယ္။ စိတ္ကူးထားတာေလးေတြကို ေျမစမ္း ခရမ္းပ်ိဳပဲျဖစ္ျဖစ္ ဒီေန႔မွာ စတင္ၾကည့္ပါ။ နည္းပညာနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြဝယ္ယူလို႔ ေကာင္းတဲ့ေန႔ပါ။ က်န္းမာေရးအညံ့နည္းပါတယ္။ အထိုင္မ်ားသူဆိုရင္ေတာ့ ကိုယ္လက္ လႈပ္ရွားမႈမ်ားမ်ားလုပ္ေပးပါ။ မိမိအတြက္ စိတ္ခ်မ္းသာစရာမ်ားပါတယ္။

မိသားစုအတြင္းျဖစ္ေစ၊ လုပ္ငန္းခြင္မွာျဖစ္ေစ ေပ်ာ္စရာေလးေတြရွိေနတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြရဲ႕ အကူအညီေတြအမ်ားႀကီး ရလိမ့္မယ္။ သားသမီးေတြ ေက်းဇူးသိတတ္မႈေၾကာင့္ပဲ စိတ္ၾကည္ႏူးရလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ား ပိုမိုအဆင္ေျပမည္။ အလုပ္ေအာ္ ဒါေတြ ရလိမ့္မယ္။

ဝန္ထမ္းေတြရဲ႕ေစတနာထားမႈေၾကာင့္လဲ အရာရာတိုးတတ္ႏိုင္ပါတယ္။ ခရီးတိုေလးေတြ၊ တစ္ရက္တာအပန္းေျဖခရီးသြားရတာမ်ိဳးေလးေတြလဲ ႀကဳံရ တတ္တဲ့ကာလပါပဲ။ အလုပ္ေတြကို စိတ္ႏွစ္ၿပီးလုပ္ႏိုင္ တာေၾကာင့္အမွားနည္းပါလိမ့္မယ္။ အခ်စ္ေရးအတိုင္းထက္အလြန္ ေကာင္းေနပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ ေငြအရမ္းသုံးေနတာေၾကာင့္ ထိန္းသိမ္းေနရပါလိမ့္မယ္။ ပညာေရးအလြန္ေကာင္းပါလိမ့္မယ္။မိမိ ကိုယ္တိုင္ သိခ်င္တက္ခ်င္ေနတဲ့ပညာေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/5/6

အထူးေဟာ ေပ်ာ္စရာအခ်ိန္ေတြပါပဲ။

ယၾတာ မိဘေတြကို အားေဆးတစ္ဘူးလႉဒါန္းလိုက္ပါ။

ေသာၾကာ

ဒီကာလမွာ အလႉကိစၥ ရွိရင္ ရက္ေ႐ႊ႕ရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ နားကပ္ပန္ထားသူမ်ား ေနာက္ပိတ္ ေလး ေတြျပဳတ္ၿပီး က်ေပ်ာက္ တာမ်ိဳးျဖစ္ လြယ္တဲ့အတြက္ ေသခ်ာစစ္ေဆးပါ။ မိတ္ေဆြေတြ ေငြလာေခ်းရင္၊ ပစၥည္းလာငွားရင္ သတိထားပါ။

ျပန္မရဘဲ ဆုံးတတ္ပါတယ္။ က်န္းမာေရး အရမ္းညံ့ေနတာမ်ိဳးမရွိပါဘူး။ ေလထိုး ေလေအာက္ ေလာက္ပဲ ျဖစ္တတ္ပါတယ္။ မိမိကိစၥကိုသာ စိတ္ဝင္စား ေစခ်င္ပါတယ္။ သူတစ္ပါးကိစၥေတြကို စိတ္ဝင္ စားမိတာနဲ႔ ျပႆနာေတြအထူးပဲ ကိုယ့္ဆီေရာက္လာတတ္ပါတယ္။

လူမႈေရးကိစၥေတြမွာ ဝင္မပါလိုက္ပါနဲ႔။ ဧည့္သည္ လာရင္ေတာ့ ျပႆနာေတြ ေခၚလာသူေတြကိုေတာ့ လက္မခံလိုက္ပါနဲ႔။ လုပ္ငန္းရွင္မ်ား ဝန္ထမ္းေတြ ထဲက ခန႔္ထားတာ မၾကာေသးတဲ့ ဝန္ထမ္း အသစ္ေတြရွိရင္ တာဝန္ႀကီးႀကီး မယူခိုင္းပါနဲ႔ဦး။ အိမ္ေျပာင္း၊ေနရာေျပာင္းေတြ ေဆာင္႐ြက္လို႔ မေကာင္း ေသးပါဘူး။

အလုပ္သစ္ေလွ်ာက္တာမ်ိဳး၊ အင္တာဗ်ဴးေျဖတာမ်ိဳးေတြလဲ အခက္အခဲမ်ားေန ပါလိမ့္မယ္။ အခ်စ္ေရးအတြက္ စိတ္ခ်မ္းသာရပါတယ္။ ခ်စ္သူခင္သူေတြ ေပါမ်ားၿပီး စန္းပြင့္ေနပါလိမ့္မယ္။ အိမ္ေထာင္ေရးကံကေတာ့ ဒီကာလမွာ အားအနည္းဆုံးလို႔ျမင္ပါတယ္။ သည္းခံသင့္တာေတြ သည္းခံ ေပးပါ။ ပညာေရးကံ ‘သင့္’ ပါတယ္။ အရမ္း မညံ့ပါဘူး။

အက်ိဳးေပးဂဏန္း 0/6/7

အထူးေဟာ ကံအားနည္းေနမည္။

ယၾတာ သာကူက်ိဳၿပီးဘုရားကပ္ပါ။

စေန

ဒီကာလအတြင္း စန္းအားေကာင္းၿပီး လူခ်စ္လူခင္မ်ားေနရတတ္ပါတယ္။ အခက္အခဲေတြ၊အၾကပ္အတည္း ေတြကေနရင္ဆိုင္လြတ္ေျမာက္ပါလိမ့္မယ္။ ေကာင္းမဲ့ လမ္း၊ေအာင္ျမင္မဲ့လမ္းကို စတင္ေျခခ်ခြင့္ရမဲ့ကာလလို႔ တင္စားခ်င္ပါတယ္။

ဒါေၾကာင့္ ဒီကာလေတြမွာ မဟုတ္တာလုပ္မိရင္ ခ်က္ခ်င္းဒုကၡေရာက္ရမယ္။ ေလာင္းကစားသမားမ်ား သူေ႒းျဖစ္ေခြးျဖစ္ေလာင္းရင္း ေသခ်ာေပါက္ေခြး ျဖစ္ပါလိမ့္မယ္။ ေငြကို တလြဲမသုံးမိဖို႔လိုပါတယ္။ သားသမီးကို ဆိုဆုံးမရခက္ခဲတာမ်ိဳးေတြရွိေနတတ္ပါတယ္။

ကိုယ္ဝန္ေဆာင္သည္မ်ား အသြားအလာမ်ား၊ပစၥည္း သယ္ပိုးျခင္းမ်ား ဆင္ျခင္ၿပီးလုပ္ပါ။ အလုပ္တစ္ခုျဖစ္ေစ၊ ပညာအသစ္တစ္ခုျဖစ္ေစ၊ ရာထူးတာဝန္ တစ္ခုကိုျဖစ္ေစ တာဝန္ယူၿပီး စတင္ကိုင္တြယ္လုပ္ကိုင္လို႔အလြန္မွ ေကာင္းပါတယ္။ က်န္းမာေရးအညံ့မရွိပါ။ အစာအိမ္ေရာဂါ အခံရွိသူမ်ား အစား မမွားပါေစနဲ႔ ။

အရက္ ေလွ်ာ့ေသာက္ပါ။ ေရာဂါေဟာင္းျပန္ထတတ္လို႔ပါပဲ။ အခ်စ္ေရးမွာေတာ့ အညံ့မရွိသေလာက္နည္းပါးပါးတယ္။ ခ်စ္သူနဲ႔ သြားလာရၿပီး ေပ်ာ္စရာ အခ်ိန္ေတြကိုရလာတတ္ပါတယ္။ အိမ္ေထာင္ေရးကံ အလြန္မွေကာင္းပါတယ္။ အိမ္ေထာင္ဘက္ရဲ႕လုပ္ငန္းစီးပြားျပန္လည္တိုးတတ္လာႏိုင္တဲ့ ကာလ တစ္ခုပဲ ျဖစ္ပါတယ္။ ပညာေရးအတြက္ စတင္အခ်ိန္ယူ ျကိဳးစားလို႔အလြန္မွ ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 1/5/7

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ စမူဆာ ၃ ခုဘုရားကပ္လႉၿပီး ဆုေတာင္းပါ။

၇ ရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695

Add a Comment

Your email address will not be published. Required fields are marked *