ခုနှစ်ရက် သားသမီး တစ်ပတ်စာဟောစာတမ်း(29.10.2020 မှ 4.11.2020 အထိ)
၇ ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ…ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
တနင်္ဂနွေ
ဒီကာလ မှာ လက်တေ လာဆောင်ရွ က်နေသော ကိစ္စကြောင့် ဝင်ငွေေ ကာင်းများ ရရှိတတ်ပါသည်။ လုပ်ငန်း သစ်တစ်ခု ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ ဉာဏ်နှင့် ယှဉ်သော ကြိုးစားအားထု တ်မှုများကြောင့် ဘဝအောင်မြင်မှု အသီးအ ပွင့်များကို ဆွတ်ခူးနို င်ဖွယ်မြင်သည်။ ရိုးသားစွာ ကြိုးစားပါ။ တစ်မူထူးခြားသော ကံတရားကောင်းနှင့် ကြုံရဆုံရတတ်ချိန်ပါ။ မိသားစုကို ဦးဆောင် တာဝန် ယူခွင့်ကြုံမည်။ လက်တလော ဆောင်ရွ က်သောကိစ္စတို့အတွက် ကူညီသူ၊ လမ်းညွှန်သူများစွာ တွေ့ရတတ်သည်။ ပြောသင့်ပြောထိုက်သော စကားတို့ကို ချိုချိုသာသာ အေးအေး ဆေးဆေး ပြောဆိုပါ။
တတ်နိုင် သရွေ့ သည်းခံလျှက် ညှိနှိုင်းဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ပေးပါ။ လုပ်ရည် ကိုင်ရည် အစွမ်းအစသစ်များ ပြသခွင့် ရရှိတတ်ချိန်ပါ။ မိသားစုအိမ်တွင်းရေးကိစ္စ ထူးခြားသော ပြောင်းလဲမှု မကြုံ နိုင် ပါ။ ကျန်းမာရေး စိတ်အေးရစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပေးရခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ပေးပါ။ သွေးတိုးသမားများသတိထားပါ။ မနက်ခင်းနေရောင်ကို ခဏဖြစ်ဖြစ်ထိတွေ့ပေးပါ။အချစ်ရေးတွင် စကားကမ်းလှမ်းသူပေါများ၍ အရွေးရခက်နေမည်။ စန်းပွင့်နေတတ်၍ ချစ်သူထံမှလက်ဆောင်ကောင်းတွေရရှိ တတ်ပါတယ်။ပညာရေးတော့ အထူးသတိ ထားပါ။ အခက်အခဲအနှောက် အယှက်များ ရှိနေပါသည်။
အကျိုးပေးဂဏန်း ၂/၉/၅
အထူးဟော အထိုင်နေခြင်းထက် လှုပ်ရှားသွားလာရတဲ့အလုပ်တွေပိုကောင်းချိန်ပါ။
ယတြာ မိမိထက်နွမ်းပါးသူကိုမုန့်ဟင်းခါးဝယ်ကျွေးလိုက်ပါ။
တနင်္လာ
ဒီကာလအတွင်းအကောင်းတွေကြားကနေအဆိုးလေးတွေကပ်ပါလာတတ်ပါတယ်။အတွေးသစ်၊ အမြင်သစ် ကြောင့် လက်တလော ဆောင်ရွက်ဆဲကိစ္စအချို့အောင်မြင်မည်။ လွယ်မယောင်နှင့်ခက်သော စီးပွားရေး ကိစ္စများ အဆင်ပြေစေရန် မိတ်ဆွေ အချို့က ကူညီပါလိမ့်မည်။ ကျန်းမာရေးဂရုစိုက်ပါ။အထူးသဖြင့် ဝမ်းဗိုက်၊အစာအိမ်၊ အူလမ်းကြောင်းအားနည်းတတ် ချိန်ဖြစ်ပါတယ်။ လောလောဆယ် ဆောင်ရွက်နေသောကိစ္စများတွင် လိုအပ်နေတဲ့ နည်းပညာ အကူအညီများ စွာရရှိ တတ်ပါသည်။ ငွေကြေး ချေးငှား၊ ပေါင်နှံမှု၊ ရင်းနှီးမြှပ်နှံသည့်ကိစ္စများ ဆန္ဒမစော ပါနှင့်။
နားလည်တတ်ကျွမ်း သူ၊ လူကြီးမိဘတို့နှင့် ညှိနှိုင်းဆွေးနွေးပြီးမှ လုပ်ကိုင်သင့်၏။ မွေးနေ့တူသူကို သတိ ထားပါ။ ကူညီသလိုလိုနှင့် နှောက် ယှက် ဖျက်ဆီးမှု ပြုတတ်ပါသည်။ ခုန်ပျံကျော်လွှားဆောင်ရွက်မှုများကို သဘော တွေ့နေ ချိန် ဖြစ်ပါသည်။ မိသားစု၊ အိမ်တွင်းရေးကိစ္စအညံ့မရှိ အဆင်ပြေပျော်ရွင်စရာများကြုံမည်။ အချစ်ရေးတွင် ရည်စားလုဘက် ပြိုင်ဘက်တိုင်း ကို အနိုင်ယူခွင့်ကြုံမည်။ ငွေချေးငှားမှုကိစ္စ အလိမ္မာသုံး၍ရှောင်ပါ။ပုံမှန်ငွေကြေးကံ အားနည်းပေမယ့် ထီကံနှင့် ကံစမ်းမဲကံများအားကောင်းနေတာတွေ့ရပါတယ်။ပညာရေးကအစပိုင်းတွင် အဆင်ပြေ သလိုလိုနှင့် နောက်ပိုင်းတွင် အဖျားရူးသွားတတ်ခြင်း၊ စိတ်လေလွင့် ပျံ့လွင့်နေခြင်းများရှိနေမည်။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော ထီကံကောင်းမည်။
ယတြာ ယိုစုံ တစ်ထုပ်ကို ပန်းကန်ထဲဖောက်ထည့်ပြီး ဘုရားကပ်လှူပါ။
အင်္ဂါ
ဒီကာလအတွင်းကံကောင်းနေချိန်ဖြစ်၍ အခွင့်အရေးကို အမိအရဖမ်းယူပါ။ ထိုင်နေသရွေ့ ဘာမှဖြစ်မလာ နိုင်ပါ။ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းသော အောင်မြင်မှုအပြုံးပန်း ဆင်မြန်းရမည်။ လုပ်ငန်းကိစ္စရပ်တိုင်း အဆင်ပြေ လွယ်ကူ တတ်သည်။ သင်နှင့် သင့်မိသားစုအတွက် သုခချမ်းသာပြည့်စုံစေမည့် သတင်းကောင်းကြားရတတ်၏။ အောင်မြင်ခြင်းပန်းဥယျာဉ်အတွင်းမှ ပျော်မြူးခွင့်ရတတ်ချိန်ပါ။ စီးပွားရေးကိစ္စရပ် တို့တွင် တွက်ချက်ပြီး စွန့်စား တတ်သဖြင့် ပြိုင်ဘက်အားလုံးထက် ခြေလှမ်းများစွာ သာနေလိမ့်မည်။
မမျှော်လင့်ထားသော ငွေကြေးများစွာ ရရှိတတ်သည်။ ယခုကာလတွင် သင့်ကျန်းမာရေးထက် မိသားစုကျန်းမာရေး ကို ပိုပြီး ဂရုစိုက်ပါ။မိသားစုအတွင်း ကျန်းမာရေးခြူခြာ သူတွေများနေ တတ်ပါ တယ်။ အချစ်ရေးတွင် ဘဝတစ် သက်စာ လက်တွဲဖေါ် အဖေါ်မွန်နဲ့ ဆုံတွေ့ ရမည်။ ပညာသင်ကြားနေသူများ ထူးခြားနက်နဲသောပညာရပ်များ သင်ကြားရခြင်း၊ အိုင်တီပညာများနှင့် အွန်လိုင်း စီးပွားရေးပညာများ သင်ယူခွင့်ရမည်။ ပညာရေးကံလည်း အထူးကောင်းနေပါတယ်။ လုပ်သမျှ အောင်မြင်ဖို့ အမိအဘတွေကို အမြဲတမ်းဂရုစိုက် ထောက်ပံ့ပေးဖို့လိုပါတယ်။အိမ်ထောင်ဘက်ရဲ့ ရာထူးတိုး၊လစာတိုးတဲ့ သတင်း ကောင်းမျိုးကြားသိရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၇/၃
အထူးဟော အောက်လက်ငယ်သားတွေကို အရာရာမျက်နှာလွှဲ မထားပါနဲ့။
ယတြာ မြေပဲယိုဘုရားကပ်လှူဆုတောင်းပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွ င်းစီးပွားရေးဆို င်ရာစိတ် ကူးသစ်၊ အကြံအစည် သစ်များကို လက်တွေ့ အကောင်အထည်ဖေါ် ခွင့်ရမည်။ တန်ဖိုးကြီးသောပစ္စည်းများ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်ရှတတ် သည်။ အိမ်တွင် အဝင် အထွက်ပြုတတ်သော အင်္ဂါသားသမီးများကို သတိပြုပါ။ အစွန်းရောက်လုပ်တတ်၍ စေတနာက ဝေဒနာဖြစ်သွား နိုင်ပါသည်။ မနိုင်ဝန်များ မထမ်းသင့်ပါ။ ငြင်းပယ်သင့်သည်ကို ငြင်းပယ်ပါ။ စိတ်မြန်လက်မြန် လက်တွေ့ဆန်နေ တတ်ချိန်မျိုး ဖြစ်သည်။ မိသားစုအတွက် အကျိုးရှိမည့် နည်းလမ်းကောင်းများ ရှာဖွေ့တွေ့ရှိလာလိမ့်မည်။
လက်တလောဆောင်ရွ က်သည့်ကိ စ္စတွင် အားပြိုင်ခြင်း၊ ယှဉ်ပြိုင်ခြင်းများစွာ ကြုံရတတ်၏။ ကျန်းမာရေး မဆိုး လှပါ။ဒါပေမယ့်လူပင်ပန်းလွန်း၊စိတ်ပင်ပန်းလွန်းရင်တော့ ရောဂါရတတ်ပါတယ်။ အချစ်ရေးမှာ အတ္တ၊မာနကြီးသူ လေး ကိုမှ ချစ်နေမိမည်။ အတွေးအိပ်မက်များက ကြည်နူးပျော်ရွှင် စရာများနှင့် ပြီးပြည့်စုံ နေပါလိမ့်မည်။ ဘာသာ ရေးတော့များများလုပ်ပေးပါ။ ပညာသင်ကြားနေသူများအင်တာဗျူး၊ သင်တန်း၊ဘဝအ တွက်အရေးပါသော စာမေး ပွဲတိုင်းကို အမှတ်ကောင်းဖြင့် ဖြေဆိုအောင်မြင်နိုင်ပါသည်။ သို့သော် အနှောက် အယှက် များ ရှိနိုင်၍ မပေါ့ဆသင့်ပါ။ အရာရာသတိထား၍ ကြိုးစားလုပ်ဆောင်မှ အောင်မြင်တတ်ချိန်မျိုးပါ။
အကျိုးပေးဂဏန်း ၁/၅/၈
အထူးဟော အရမ်းစိတ်ပင်ပန်းမခံလိုက်ပါနဲ့။
ယတြာ အုန်းနို့ဆန်ပြုတ် ဘုရားကပ်လှူလိုက်ပါ။
ကြာသပတေး
ဒီကာလအတွင်းစိတ်ရှည်သည်း ခံ အောင်ပွဲခံရတတ်ချိန်မျိုးပါ။ တပည့်ကောင်း၊ အခြွေအရံကောင်းများ ရ မည်။ လိမ္မာပါးနပ်စွာ ဆောင်ရွက်မှုကြောင့် စီးပွားဥစ္စာဖွံ့ဖြိုးတိုးတတ်မည်။ လောဘကြောင့် သောကကြုံရတတ် သည်။ အရာရာကို သင့်တင့်မျှတစွာ နှလုံးသွင်း လုပ်ကိုင်ပါ။ မသိမသာလေး ပြောင်းလဲမှုကြုံမည်။ ပျော်ရွှင် ကြည်နူး မှုများ ပြည့်ဝနေမည့် အချိန်ဖြစ်ပါသည်။ တည်ငြိမ်အေးဆေးစွာ ပြောဆိုတတ်မှုကြောင့် မိသားစု၏ ယုံကြည်အားကိုး ချစ်ခင်မှုကို ခံရမည်။ လောလောဆယ်ဆောင်ရွက်ဆဲကိစ္စ အတွက် ဆရာကောင်းနှင့် ကြုံတွေ့ရ နိုင်ပါသည်။
စီးပွားရေးကိစ္စရပ်များ အဆင်ပြေလွန်းနေသောကြောင့် မိမိကိုယ် မိမိ အံ့ဩနေ လိမ့်မည်။ စဉ်းစားထားသည့်အတိုင်း လုပ်ကိုင်မှု၊ ပြောဆိုမှုတို့နှင့် အဆင်ပြေမည်။ အကွက်ကျော်၍ ကြည့်မြင်သုံးသပ်လုပ်ကိုင်မှုတို့ကြောင့် အောင်မြင် မှုများ ရရှိမည်။ ကျန်းမာရေးကောင်းသည်ထက်ကောင်းစေရန် ဆေးလိပ်၊ အရက်ရှောင်ကြဉ်ပါ။ နားလည် မှု တူညီသော ချစ်သူကြောင့်စိတ်ချမ်းသာရမည်။ ပညာသင်ကြားနေသူများ အဆင့်မြင့်ပညာများ သင်ကြားခွင့်ရခြင်း၊ ပညာရေးအတွက်အစစ အရာရာ အဆင်ပြေအောင်မြင်ခြင်း ရှိနေမည်။ အိမ်တွင်းရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စတွေ မှာမိမိကသာအရာရာဦးဆောင်နေရလိမ့်မယ်။
အကျိုးပေးဂဏန်း ၂/၆/၅
အထူးဟော ကံမြင့်မားနေမည်။
ယတြာ ငှက်ပျောသီးမှည့်သုံးလုံးကို သကြားဖြူးပြီးဘုရားကပ်ပါ။
သောကြာ
ဒီကာလ အတွင်း ခင်မင်ရင်းနှီးသူတစ်ဦး၏ အပြောအချို့ကို ယုံကြည်မိသဖြင့် လက်တလော ဆောင်ရွက်ဆဲ ကိစ္စ ကမောက်ကမဖြစ်ရတတ်သည်။ ယှဉ်ပြိုင်အနိုင်ယူရသော စီးပွားရေးကိစ္စများ ပြုလုပ်ရတတ်သည်။ နေမင်း ထွက်လာသောအခါ မိုးတိမ်မည်းမည်းတို့ လွင့်ပြယ်ရစမြဲပါ။ ကံတရား ရောင်ခြည်သစ် ထွန်းလင်းမှုကြောင့် အခက် အခဲတို့သည် လွင့်ပါးပျောက်ကွယ်သွားလိမ့်မည်။ စီးပွားရေးလုပ်ငန်းသစ် ကို စနစ်သစ်၊ အတွေးသစ်ဖြင့် လှုပ်ရှား ဖန်တီးခွင့် ကြုံရပါလိမ့်မည်။ ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာဖွယ်ရာများစွာ ကြုံရမည်။ အချိန်အခါမဲ့ သွားလာခြင်း၊ လုပ်ကိုင်ပြောဆိုခြင်းတို့ကို အထူးရှောင်ကြဉ်ပါ။
ညဘက်မိတ်ဆွေတွေနဲ့အရက်စုမသောက်ပါနဲ့။ ပတ်ဝန်းကျင်ကို ဥပေက္ခာပြု ပြောဆိုခြင်းကို ဆင်ခြင်ပါ။ အဆန်းတကြယ်အိပ်မက်တွေလဲမြင်မက်ရတတ်ချိန်ပါ။ မိသားစုဝင်တစ်ဦး ရာထူးတိုးမြင့်ခြင်း၊ ဂုဏ်သိက္ခာမြင့်မားခြင်း ကြုံမည်။ ကျန်းမာရေး စိတ်အေးရမည်ဖြစ်သော်လည်း အချစ်ရေး စိတ်မအေးရပါ။ကြားအနှောက်အယှက်များမည်။ အချင်းချင်း နားလည်မှုနှင့် ဘဝအသစ်စတင်နိုင်ရန် အထူးကြိုးစား သင့်ပါတယ်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်သင့် ပါတယ်။အငန်လျှော့စားပါ။ အရမ်းငန်တဲ့ငါးခြောက်တွေကို အထူးရှောင်လိုက်ပါ။ ပညာရေးတွင် အချစ်ရေးကြောင့် အနှောက်အယှက် များ ရှိနိုင်ပါသည်။
အကျိုးပေးဂဏန်း ၃/ဝ/၇
အထူးဟော အတွေးကောင်း၊စိတ်ကူးကောင်းတွေရလာမည်။
ယတြာ နှင်းဆီပန်း ဘုရားလှူခြင်း၊အလှပန်းထိုးခြင်းများဆောင်ရွက်ပါ။
စနေ
ဒီကာလအတွင်း အရှိကိုအရှိ၊ အမှန်ကို အမှန်အတိုင်း ပြောဆိုခြင်းပြုပါ။ လိမ်လည်လှည့်ဖြားမှု မပြုမိပါ စေနှင့်။ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသွား ရတတ်သည်။ရော ဂါတွေကိုမွေး မထားမိပါေ စနှင့် လောလော ဆယ် ဆောင်ရွက်နေဆဲ ကိစ္စရပ်များကြောင့် ရပ်ဝေးဒေသများသို့ သွားရောက်ရတတ်သည်။ ပြိုင်ဘက်တို့ထက် သင့်ဘက် က ခြေတစ်လှမ်းနောက်ကျနေလိမ့်မည်။ သို့သော် ပန်းတိုင်မရောက်မီ လက်မမြှောက်သင့်ပါ။ တစ်ကယ် အောင်မြင် ဖို့အကြံကောင်းတွေလိုအပ်ပါတယ်။အမှုရှုပ်တွေ၊လူမှုရေးပြဿနာတွေကြောင့်ရုံးဂတ်ရောက်ရှိတတ်ချိန်ပါ။
ဘာသာ တရားကို ပိုမိုကိုင်းရှိုင်းဖို့လိုအပ်ပါတယ်။ အဓိပ္ပာယ်ခန့်မှန်းရခက်သော စီးပွားပြိုင်ဘက်တစ်ဦးနှင့် ကြုံရတတ်ပါ သည်။ စပ်တူအလုပ်များရှယ်ယာဝင်တွေနှင့်ဆွေးနွေးတိုင်ပင်ပြတ်သားမှု ရှိပါစေ။ အွန်လိုင်းကတဆင့်ချောမော လှပသော ချစ်ရသူလေးနှင့် ဆုံတွေ့ရတတ်ပါသည်။ ကြည်နူးစရာကောင်းသော အချစ်ရေးဖြစ်လိမ့်မည်။ ရည်ရွယ် ထားသူလေးထံမှ ဝမ်းသာစရာ သတင်းကောင်းများ ကြားသိရမည်။ ပညာရေးတွင် အစစအရာရာ အဆင်ပြေနေ၍ သင်သမျှ သိလွယ်၊ တတ်လွယ်သောကြောင့် ဆရာသမား၊ မိဘများ၏ အားကိုးယုံကြည် ချစ်ခင်မှု ကိုလည်း ပိုင်ဆိုင်ခွင့်ရလိမ့်မည်။ အိမ်ထောင်ရေးကံညံ့ဖျင်းချိန်ပါပဲ။ အိမ်ထောင်ဘက်နှင့်ဆန့်ကျင်ဘက် မလုပ်မိပါစေနှင့်
အကျိုးပေးဂဏန်း ၁/၄/၈
အထူးဟော ကံညံ့နေသည်။
ယတြာ အာလူးကြော်ဘုရားကပ်လှူပေးပါ။
တနင်္ဂနွေ
အကျိုးပေးဂဏန်း ၂/၉/၅
တနင်္လာ
အကျိုးပေးဂဏန်း ၃/၆/၉
အင်္ဂါ
အကျိုးပေးဂဏန်း ၄/၇/၃
ဗုဒ္ဓဟူး/ရာဟု
အကျိုးပေးဂဏန်း ၁/၅/၈
ကြာသပတေး
အကျိုးပေးဂဏန်း ၂/၆/၅
သောကြာ
အကျိုးပေးဂဏန်း ၃/၀/၇
စနေ
အကျိုးပေးဂဏန်း ၁/၄/၈
အထူးဟော ကံညံ့နေသည်။
Add a Comment
Your email address will not be published. Required fields are marked *