ကိုဗစ် အစ အိန္ဒိယက ’ဖြစ်ကြောင်း တရုတ် ပညာရှင်များ အချက်အလက်များဖြင့် ထုတ်ပြန်
|WHO ဟာ မကြာသေး ခင်က ကိုဗစ်အစ ဘယ်ကဖြစ် နိုင်မလဲဆိုတာကို အဖြေ ရှာဖို့အတွက် တရားဝ င်စီမံကိန်း စတင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ သာမန်အားဖြင့် အလွန်နောက် ကျနေပြီ ဖြစ်ပြီး၊ WHO ကိုယ်တိုင်က အခုအချိန်ထိ ဘယ်နိုင်ငံကစတ ယ်ဆိုတာ တရားဝင် မကြေညာသေးဘဲ ဟိုလူ့ကြောက်ရသလိုလို ဖြစ်နေတာဟာ တာဝန်မဲ့ရာ ကျလွန်း တယ်လို့ သတင်းေ တွက ဝေဖန်နေပါတယ်။
WHO ရဲ့ ကိုဗစ်ဘယ် ကစလဲ တရားဝင်သုေ တသနလုပ်ငန်းများ မစတင်မီမှာ တရုတ်သုတေသနပညာရှင်တွေက သူတို့နိုင်ငံဟာ ကိုဗစ်အစမဟုတ်ဘဲ၊ ဝူဟန်ကို ဒီရောဂါရောက်မ လာခင်ကတည်းက တိုက်ကြီးေ လးခုမှာ စတင်ပျံ့နှံ့နေခဲ့ပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံဟာ မြင်သာစေတဲ့ ဥပမာဖြစ်ပြီး သူတို့မှာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတ ယ်လို့ ဆိုပါတယ်။

သတင်းတွေမှာ အမျာစု ဖော်ပြခဲ့တဲ့အတိုင်း ဝူဟန်ဟာ ကိုဗစ်စတင်ရာနေရာတစ်ခုအဖြစ် အများပြည်သူက သိရှိထားပြီး၊ အခဆိုရင် ကမ္ဘာကြီးဟာ ဒီကပ်ဆိုးကြီးကြောင့် အတော်လေးကို ရုန်းကန်နေရသလို၊ ပုံမှန်အနေအထား ပြန်ရောက်ဖို့ နှစ်နဲ့ချီ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်ကတော့ ဒီကိစ္စ သူတို့ကို လက်ညှိုးမထိုးဖို့ ငြင်းဆန်ထားပြီး၊ အိန္ဒိယမှာ ဒီရောဂါ စတင်ခဲ့တာလို့ ဆိုနေတာပါ။

ကမ္ဘာကြီးဟာ အခုဆိုရင် ပြူတင်းတံခါးတွေ ပိတ်ထားရတာ (၉)လကျော် ဆယ်လတွင်းကို ချဉ်းကပ်လာပြီဖြစ်ပါတယ်။ WHO ကတော့ ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကတစ်ဆင့် လူကို ကူးစက်တာဖြစ်ကြောင်း၊ သို့သော်လည်း အခုအခါမှာတော့ ဒီရောဂါပိုး ဘယ်နေရာက စတယ်ဆိုတာကို တိတိကျကျ အဖြေထုတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။

တရုတ်တာဝန်ရှိသူတွေအပိုင်းက ဒီရောဂါဟာ ဒီဇင်ဘာလတုန်းက တရုတ်ဝူဟန်မှာ စတင်ပျံ့နှံ့ခဲ့တယ်ဆိုသော်လည်း ဒီမတိုင်ခင် ပေါ်ပေါ်ထင်ထင် သတင်းကွန်ရက်ထက် ဖော်ပြခြင်းမရှိခဲ့သော၊ ကမ္ဘာ့နေရာကြီး(၄)ခုမှာ ဒီရောဂါစတင်ပြီးမှ သူတို့ဆီရောက်လာခဲ့တာလို့ ပြောခဲ့ပါတယ်။ တရုတ်ရဲ့သုတေသနစာတမ်းကို Shanghai Institute for Biological Sciences မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Shen Libing က ဦးဆောင်နေပါတယ်။

၎င်းတို့ပြုစုနေတဲ့စာတမ်းအမည်ကို Early Cryptic Transmission and Evolution of Sars-CoV-2 in Human Hosts လို့ ပေးထားပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၇)ရက်က ၎င်းစာတမ်းကို အများပြည်သူသိအောင်ဆိုပြီး The Lancet အမည်ရ ဆေးပညာဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာမှာ တင်ကြိုဖော်ပြခြင်း ပြုလုပ်ခဲ့ပါတယ်။
အဆိုပါစာတမ်းအတွင်းမှာ နိုင်ငံနှင့် နယ်မြေ စုစုပေါင်း (၁၇)ခုထံကနေ ရရှိတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်များဆိုပြီး စာရင်းပုံစံ ပြုစုထားကာ အဓိက စတင်ရာမှာ အိန္ဒိယသို့တည်းမဟုတ် ဘင်္ဂလားဒေ့ရှ်ဖြစ်နိုင်တယ်လို့လည်း ကောက်ချက်ချထားပါတယ်။ နောက်ပြီး ဒေါက်တာ Shen ခေါင်းဆောင်တဲ့အဖွဲ့ဟာ ကိုဗစ်ကို လူလုပ်ဇီဝလက်နက်လို့ဆိုထားတဲ့ စွပ်စွဲချက်တွေကလည်း မမှန်ကန်ဘူးလို့ ငြင်းဆန်ထားပါတယ်။
လင်းဇော်ကို
Ref ; DailyStar
Ref ; DailyStar