ကိုဗစ် လူနာတွေကို မနားမနေပြုစုရတဲ့ ၈ လ အတွင်း ရုပ်ရည်သွင်ပြင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ သူနာပြုဆရာမလေး

အသ က် ၂၇ နှစ် အရွယ် သာရှိသေးတဲ့ အမေရိကန် သူနာပြုဆ ရာမတစ် ဦးဖြစ်တဲ့ ကက်သရင်းဟာ ကိုရိုနာဗို င်းရပ်စ်လူနာတွေကို ကုသ စောင့်ရှောက်ပေးမှု ၈ လ ကြာမြင့်ခဲ့ပြီးနောက် သူမရဲ့ရုပ် ဆင်းအင်္ဂါဘ ယ်လောက်ထိ ပြောင်းလဲေ နပြီလဲဆိုတာကို အားလုံးသိေ အာင်ထု တ်ဖော်ပြသခဲ့ပြီး ရှေ့တန်းကကျန်းမာေ ရးဝန်ထ မ်းတွေရဲ့ အနစ်နာခံမှုနဲ့ကူညီပေးနေ မှုတွေကို အားလုံးသိေ အာင် ထုတ်ေ ဖာ်သွားခဲ့ပါတယ်။

ဧပြီလ အတွင်းက စတင်ကာ ကိုရိုနာဗိုင်း ရပ်စ်လူနာတွေကို ပြုစုစော င့်ရှောက်ေ နခဲ့တာဖြစ်ပြီး သူမရဲ့မျက်နှာသွင်ပြင်ဟာ မယုံကြည်နိုင် လောက်အောင် ပြောင်းလဲသွား ခဲ့ရပါတယ်။ သူနာပြုကျော င်းဆ င်းဆင်းချင်း ရိုက်ကူး ထားတဲ့ ဓာတ်ပုံနဲ့ လက်ရှိသူမရဲ့ ရုပ်ရည်သွင်ပြင်ဟာ အကွာခြားကြီး ကွာခြားနေခဲ့ကာ သူမရဲ့ဖော်ပြမှုကို တွစ်တာမှာ အကြိမ်ပေါင်း ငါးသိန်းနှစ်ေ သာင်းကျော်အထိ ပြန်လည်မျှဝေခဲ့ကြပါတယ်။

ကိုဗစ် လူနာတွေကို မနားမနေပြုစုရတဲ့ ၈ လ အတွင်း ရုပ်ရည်သွင်ပြင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ သူနာပြုဆရာမလေး

Tennessee ပြည်နယ်အ တွင်းက ဆေးရုံတစ်ခုမှာ က က်သရင်းက တာဝန်ကျနေတာဖြစ်ပြီး PPE ဝတ်ဆင်ထားရမှု၊ နှာခေါင်းစည်း တပ်ဆင်ထားရမှု ဒဏ်တွေကြောင့် သူမရဲ့ မျက်နှာပေါ်မှာ အနီရောင် အသားစိမ်း အနာတွေ ထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်။ သူမရဲ့ တာဝ န်ချိန်က တစ်ရက်ကို ၁၂ နာရီရှိနေပြီး အနားရချိန်မှာတော့ အဆိုပါအ နာတွေက ပျောက် ကွယ်လေ့ရှိကာ တာဝန်ချိန်စတင်ယူပြီး ပြန်လည်ထွက်လာ ချိန်မှာတော့ ပြန်လည်ပေါ်လေ့ရှိနေတယ်လို့ သိရပါတယ်။

” စနေနေ့ ညက ကျွန်မက ညလယ် ပိုင်းအဆိုင်း တာဝန်ယူ ခဲ့ရပါတယ်၊ လူနာခန်းကနေ ထွက်လာခဲ့ပြီးတော့ ကျွန်မPPE ဝတ်စုံကို ချွတ်ခဲ့ပါတယ်၊ ကျွန်မကျောင်းပြီးပြီးချင်းရိုက်ကူုးခဲ့တဲ့ ဓာတ်ပုံရှိခဲ့ပြီး လအနည်းငယ်အတွင်းမှာ ကျွန်မဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ပြသဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ဒါက ကပ်ရောဂါ ကာလ အတွင်း သူနာပြုတွေ ရင်ဆိုင်နေရမှုတွေပါ ”

ကိုဗစ် လူနာတွေကို မနားမနေပြုစုရတဲ့ ၈ လ အတွင်း ရုပ်ရည်သွင်ပြင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ သူနာပြုဆရာမလေး

” ကျွန်မမျက်နှာပေါ်မှာ ဆိုရင် အနီရောင် အသားစိမ်းအနာတွေ ရှိနေပြီး နာရီအနည်းငယ် အတွင်းမှာတော့ ပျောက်သွားပါတယ်၊ ဒါပေမယ့် နှာခေါင်းပေါ်က အနာတွေကတော့ နောက်တဆိုင်း ဝင်ခါနီးမှပဲ ပျောက်ပါတော့တယ်” လို့ ကက်သရင်းကဆိုပါတယ်။ သူမတာဝန်ကျရာ ဆေးရုံမှာဆိုရင်လည်း လူနာအရေအတွက်က ပြည့်နှက်နေခဲ့ပြီဖြစ်ကာ အပိုကုတင်များ ထပ်မံထည့်သွင်းထားရပြီးတော့ လူနာတွေ မနိုင်မနင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်းမှာ အလှအပနဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့လစ်ဟင်း ခဲ့ရပြီး လူနာကိုဦးစားပေးရမယ်ဆိုတာက သူမတို့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း ကက်သရင်းက ပြောခဲ့ပါတယ်။ ကက်သရင်းကတော့ ၁၂ နာရီခွဲကြာ အချိန်တဆိုင်းနဲ့ သုံးညကြာ တာဝန်ကျပြီး သုံးညကြာပြန်လည်ပြီး အနားယူခွင့်ရတယ်လို့ သရပါတယ်။

အားလပ်ချိန် တွေမှာတော့ ချစ်သူနဲ့အတူ ပန်းချီသွားဆွဲလေ့ရှိပေမယ့် အတတ်နိုင်ဆုံးတော့ အန္တရာယ် မဖြစ်ရလေအောင် သတိထားရတယ်လို့လည်း သိရပါတယ်။ သူမတာဝန်ကျနေရာ ပြည်နယ်မှာတော့ ကူးစက်ခံရသူပေါင်း သုံးသိန်း သုံးသောင်းနဲ့လေးထောင် ရှိပြီး သေဆုံးသူ လေးထောင်ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

Credit;

အသ က် ၂၇ နှစ် အရွယ် သာရှိသေးတဲ့ အမေရိကန် သူနာပြုဆ ရာမတစ် ဦးဖြစ်တဲ့ ကက်သရင်းဟာ ကိုရိုနာဗို င်းရပ်စ်လူနာတွေကို ကုသ စောင့်ရှောက်ပေးမှု ၈ လ ကြာမြင့်ခဲ့ပြီးနောက် သူမရဲ့ရုပ် ဆင်းအင်္ဂါဘ ယ်လောက်ထိ ပြောင်းလဲေ နပြီလဲဆိုတာကို အားလုံးသိေ အာင်ထု တ်ဖော်ပြသခဲ့ပြီး ရှေ့တန်းကကျန်းမာေ ရးဝန်ထ မ်းတွေရဲ့ အနစ်နာခံမှုနဲ့ကူညီပေးနေ မှုတွေကို အားလုံးသိေ အာင် ထုတ်ေ ဖ်ာသွားခဲ့ပါတယ်။







Credit;

Add a Comment

Your email address will not be published. Required fields are marked *