ကိုဗစ် နဲ့ တုပ်ကွေး၊ အအေးမိ လက္ခဏာ များ ကွဲပြားပုံ (တခုခု ဖြစ်ရင် ခွဲခြားနိုင်အောင် သိထားသင့်ပါတယ်)
ကျနော်တို့ ဆိုတာလည်း လည်ချောင်း ထဲနာသလို လိုဆို ကိုဗစ်ကြီးကို ပြေးမြင်ေ တာ့တာကိုး။ အကိုရေ ကိုဗစ် ဖြစ်နေသ လားမသိဘူး စိတ်ပူတယ် ဆိုသူတွေအ တွက် ယူကေနိုင်ငံ National Health Service ရဲ့ ရောဂါ လက္ခဏာ အကြမ်းဖျင်းခွဲခြား ပုံကိုတင်ပြပါ့မယ်။
ကိုဗစ် ဖြစ်ခဲ့ရင် အများ ဆုံးတွေ့ရတာက ကိုယ်ပူတ က်တာ ((37.8 C (သို့) 100 F ရဲ့အထက်) ကို ကိုယ်ပူတာ။ အပူချိန်ဂန်းနဲ့တိုင်းရင် မတိကျတတ်ဘူး။ ချောင်းအခြောက်ကို ရက်အတန်ကြာဆိုးတာ။ တခါတေ လ ကိုယ်လက်နာ ကျဉ် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ေ ချာင်းနာတာ၊ အသက်ရှုရခက်တာတွေဖြစ်တတ်တယ်။
ကိုဗစ် နဲ့ တုပ်ကွေး၊ အအေးမိ လက္ခဏာ များ ကွဲပြားပုံ
မှတ်သားစရာက နှာပိတ်တာနဲ့နှာစေးတာဖြစ်ခဲတယ်။ နှာမချေတတ်ပါတဲ့။ ဝမ်းလျှောတာဖြစ်တ တ်ပေမယ့် ရှားတယ်။ ကိုဗစ်မှာ အနံ့အရသာေ ပျာက်တာဖြစ်တတ်တယ်။ အသက် ၄၀ အောက်တွေမှာ ပိုတွေ့လာရတယ်။ သိထား ဖို့တစ်ခုက ကိုဗစ်ဟာ လူပေါ်မူတည်ပြီး အပျော့ဆုံး ရောဂါလက္ခဏာလုံး ဝမပြတာကနေ အတော်ပြင်းထ န်တာနဲ့ ICU အထူးကုသဆောင်ပို့ပြီး အသက်လုရ တာလောက်အထိ ရောဂါပြင်းထန်တတ်တယ်။
ယူကေ ကျန်းမာရေးဌာနက အနံ့ပျောက်တာကို ရောဂါလက္ခ ဏာထဲမထ ည့်ပေမယ့် သူတို့ဆီဖုန်းဆက်ပြီး အနံ့ပျောက် တဲ့လူတစ်ယော က်ကို ကိုဗစ် မဖြစ်နိုင်ဘူးပြောရာက အဲ့ဒီလူက အိမ်မှာမိဘေ တွနဲ့ သီးသန့်ခွဲခြားေ နထိုင်ပြီး ကြိုတင်ကာကွယ်ရာမှ ကိုဗစ် positive လို့တွေ့ဖူးပါ တယ်။ ဒါကြောင့် အနံ့ပျောက်တာကို ကျနော်ထည့်ပြောပါတယ်။
“ရိုးရိုးေ အအးမိတာ” (Colds)
အဖြစ်အများဆုံးက နှာချေတာ၊ မျက်နှာပြင်က နှာရိုးတွေနာ လာမယ်။ နှာရည်တွေ ယိုလာမယ်။ နှာညှစ်လို့ရလာမယ်။ နှာပိတ်မယ်။ လည်ချောင်း နာချင်လာမယ်။ ချောင်းပျော့ပျော့ဆိုးတတ်တယ်။ ပင်ပန်းနွမ်းနယ် တတ်တယ်။ ဒါပေမယ့်မှ တ်သားစရာက ကိုယ်ပူတက်ခဲတယ်။ ခေါင်းကိုက်ခဲတယ်။ ပြီးတော့ အအေးမိရင် ရောဂါလက္ခဏာ တစ်ခုပြီးမှတ စ်ခုဖြေးဖြေးချင်းပြတယ်။
ကိုဗစ် နဲ့ တုပ်ကွေး၊ အအေးမိ လက္ခဏာ များ ကွဲပြားပုံ
ဥပမာ – ဟတ်ချိုးစချေတယ်၊ နောက်တော့နှာရ ည်ယိုလာတယ်၊ နှာပိတ် လာတယ်၊ အဲ့ဒီနှာရ ည်တွေ nasal cavity ထဲစုလာရာကနေ နှာရိုးတွေနာလာ ကိုက်လာပါတယ်။
ကျနော်ဆိုရင် ရေနွေးအိုး အသေးနဲ့ nasal cavity ကိုဆေးပ စ်ပါတယ်။ ရေနွေးခံနိုင်ရုံလောက်မှာ သူ့မှာပါတဲ့ဆားထည့်ပြီးဆေးပစ်တာနဲ့ အတော်သန့်ပြီးနေလို့ကောင်းသွားပါတယ်။ အအေးမိတာ (Colds) က ဝမ်းမလျှောပါ။ အသက်ရှုရမခက်ပါ။
“တုပ်ကွေး” (Flu)
ကိုယ်ပူပါတယ်။ ပင်ပန်းနွမ်း နယ်မယ်။ ခေါင်းကိုက်မယ်။ ချောင်းခြောက်ဆိုးမယ်။ ကိုယ်လက်နာကျဉ်ကိုက်ခဲမယ်။ တခါတရံ နှာစေးမယ်၊ နှာပိတ်မယ်၊ လည်ချောင်းနာမယ်။
ကလေးတွေမှာ တုပ်ကွေးနဲ့ ဝမ်းလျှောတာတွဲဖြစ်တတ်ပါတယ်။ မှတ်သားစရာက တုပ်ကွေးက နှာခဏခဏချေတာဖြစ်လေ့မရှိဘူး။ အထူးသဖြင့် အသက်ရှုရခက်တာမဖြစ်ဘူး။ တုပ်ကွေးက အအေးမိတာလိုတဖြေးဖြေးမလာပဲ ရောဂါလက္ခဏာတွေစုပြုံပြီးချက်ခြင်းပြတယ်။
ကိုဗစ် နဲ့ တုပ်ကွေး၊ အအေးမိ လက္ခဏာ များ ကွဲပြားပုံ
အပေါ်ကရေးခဲ့တာက အိမ်ထဲမှာတစ်ခုခုဆို ကိုဗစ် ဖြစ်လားဆိုပြီး ကူးမှာစိုးလို့ ဆေးခန်းလည်းမသွားရဲတဲ့လူတွေအတွက် အကြမ်းဖျင်းရှင်းပြတာသာဖြစ်ပါတယ်။ ဘယ်ရောဂါလက္ခဏာမှ ရာနှုန်းပြည့်ပုံသေပြောမရပါ။ ကိုဗစ် ဆိုတဲ့အသံကြားရင်တောင် လည်ချောင်းထဲက နာချင်ချင်ဖြစ်တတ်တာပါ။
နှာချေရင်တောင် အကြောင်းအမျိုး မျိုးရှိတတ်ေ သးတာမလား။
Source;Richard Myo Thant
“တုပ်ကွေး” (Flu)
Add a Comment
Your email address will not be published. Required fields are marked *