ကိုဗစ်ကူးစက်မှုအြေ ခအေ နပေါ်မူ တည်ပြီး STAY AT HOME မြို့နယ်များကို လိုတိုးပိုလျော့ လုပ်သွား မယ်
|နိုဝင် ဘာ ၂၁
ကိုဗစ်ကူး စက်မှုအခြေ အနေပေါ်မူ တည်ပြီး Stay at Home မြို့နယ်များ ကို လိုတိုးပိုလျော့ လုပ်သွား မယ်လို့ နိုင်ငံတော်အ တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။ နိုင်ငံတော်အ တိုင်ပင်ခံ ဒေါ်အောင်ဆ န်းစုကြည်က “ ရောဂါ ပြန့်ပွားမှုနှုန်းတက်နေတဲ့ နေရာတွေမှာတော့ Stay at Home ကြေညာရပါ လိမ့်မယ်။ ဒါက ထိန်းဖို့ ပိုပြီးတော့ ပြန့်ပွားမှုမရှိအောင် ထိန်းဖို့ပေါ့။ လျော့ကျသွားတဲ့ နေရာတွေကိုကြည့်ပြီးတော့ ဖြေလျော့ပေးသွားပါမယ်။
ကိုဗစ်နဲ့ပတ်သက်လို့ အချိန်ကလည်း နည်းနည်း ကြာလာပြီ တော်တော်အတွေ့အကြုံများလာပြီဆိုတော့ ဘယ်ကဏ္ဍတွေမှာ လျော့ပေးလို့ရမလဲ၊ ဘယ်ကဏ္ဍေ တွမှာဆက်ပြီး ခပ်တင်း တင်းကျပ်ကျပ် စ ည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ထားရမလဲ။ ဘယ်ကဏ္ဍတွေမှာ နည်းနည်းပိုပြီးတော့ စည်းမျဉ်းစည်းကမ်း တင်းတင်းကျပ်ကျပ် လုပ်ဖို့လိုတယ်ဆို တာကို မြင်လာပါတယ်။ ဒါကြောင့် အခြေအနေကောင်းလာတာနဲ့ အမျှ ဖြေလျော့ ပေးမှာ ဖြစ်ပါတယ်။ နောက်အခြေအနေ နည်းနည်းပိုပြီးတော့ သတိထားရမယ့် နေရာတွေမှာဆိုရင် လည်း ပိုပြီးတော့ တင်းကျပ်ရပါလိမ့်မယ်။ လိုတိုး ပိုလျော့ပေါ့။
ဒါကလည်းတစ်ချိန်လုံး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကျန်တဲ့ သက်ဆိုင်ရာ ဌာနတွေက လေ့လာပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်” လို့ ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ( ကိုကိုးကျွန်းမြို့နယ်မပါ) ကျန်မြို့နယ်များအားလုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းအေးသာစံ၊ အမရပူရ နှင့် မဟာအောင်မြေမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ သနပင်နှင့် ကဝမြို့နယ်၊ မွန်ပြည်နယ် တွင် မော်လမြိုင်နှင့် ဘီးလင်း မြို့နယ်၊ ကချင်ပြည်နယ်တွင် မိုးညှင်းနှင့် ဖားကန့်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်၊ဖျာပုံ၊ မအူပင် နှင့် ကျိုက်လတ်မြို့နယ်တို့ကို သတ်မှတ်ထားတာဖြစ်ပါတယ်။
Credit;MyanmaPlatform
နိုဝင္ ဘာ ၂၁
ကိုဗစ္ကူး စက္မႈအေျခ အေနေပၚမူ တည္ၿပီး Stay at Home ၿမိဳ႕နယ္မ်ား ကို လိုတိုးပိုေလ်ာ့ လုပ္သြား မယ္လို႔ နိုင္ငံေတာ္အ တိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ ပါတယ္။ နိုင္ငံေတာ္အ တိုင္ပင္ခံ ေဒၚေအာင္ဆ န္းစုၾကည္က “ ေရာဂါ ျပန႔္ပြားမႈႏႈန္းတက္ေနတဲ့ ေနရာေတြမွာေတာ့ Stay at Home ေၾကညာရပါ လိမ့္မယ္။ ဒါက ထိန္းဖို႔ ပိုၿပီးေတာ့ ျပန႔္ပြားမႈမရွိေအာင္ ထိန္းဖို႔ေပါ့။ ေလ်ာ့က်သြားတဲ့ ေနရာေတြကိုၾကည့္ၿပီးေတာ့ ေျဖေလ်ာ့ေပးသြားပါမယ္။
ကိုဗစ္နဲ႕ပတ္သက္လို႔ အခ်ိန္ကလည္း နည္းနည္း ၾကာလာၿပီ ေတာ္ေတာ္အေတြ႕အႀကဳံမ်ားလာၿပီဆိုေတာ့ ဘယ္က႑ေတြမွာ ေလ်ာ့ေပးလို႔ရမလဲ၊ ဘယ္က႑ေ တြမွာဆက္ၿပီး ခပ္တင္း တင္းက်ပ္က်ပ္ စ ည္းမ်ဥ္းစည္းကမ္းေတြ ကန႔္သတ္ထားရမလဲ။ ဘယ္က႑ေတြမွာ နည္းနည္းပိုၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္း တင္းတင္းက်ပ္က်ပ္ လုပ္ဖို႔လိုတယ္ဆို တာကို ျမင္လာပါတယ္။ ဒါေၾကာင့္ အေျခအေနေကာင္းလာတာနဲ႕ အမွ် ေျဖေလ်ာ့ ေပးမွာ ျဖစ္ပါတယ္။ ေနာက္အေျခအေန နည္းနည္းပိုၿပီးေတာ့ သတိထားရမယ့္ ေနရာေတြမွာဆိုရင္ လည္း ပိုၿပီးေတာ့ တင္းက်ပ္ရပါလိမ့္မယ္။ လိုတိုး ပိုေလ်ာ့ေပါ့။
ဒါကလည္းတစ္ခ်ိန္လုံး က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနနဲ႕ က်န္တဲ့ သက္ဆိုင္ရာ ဌာနေတြက ေလ့လာၿပီးေတာ့ ေဆာင္႐ြက္သြားမွာျဖစ္ပါ တယ္” လို႔ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပေသာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခ အေနႏွင့္စပ္လ်ဥ္းသည့္ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။
လက္ရွိတြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက Stay at Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားမွာ ရခိုင္ျပည္နယ္ရွိၿမိဳ႕နယ္အားလုံး၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ( ကိုကိုးကြၽန္းၿမိဳ႕နယ္မပါ) က်န္ၿမိဳ႕နယ္မ်ားအားလုံး၊ မႏၲေလးတိုင္းေဒသႀကီးတြင္ ခ်မ္းေအးသာစံ၊ အမရပူရ ႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးတြင္ ပဲခူး၊ သနပင္ႏွင့္ ကဝၿမိဳ႕နယ္၊ မြန္ျပည္နယ္ တြင္ ေမာ္လၿမိဳင္ႏွင့္ ဘီးလင္း ၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္တြင္ မိုးညွင္းႏွင့္ ဖားကန႔္ၿမိဳ႕နယ္၊ ဧရာဝတီတိုင္း ေဒသႀကီးတြင္ ပုသိမ္၊ဖ်ာပုံ၊ မအူပင္ ႏွင့္ က်ိဳက္လတ္ၿမိဳ႕နယ္တို႔ကို သတ္မွတ္ထားတာျဖစ္ပါတယ္။
Credit;MyanmaPlatform