ကိုဗစ်ကာလမှာ ထောက်ပံ့ငွေ အလွဲသုံးစားလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး

နိုင်ငံေ တာ်က ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင် စုတွေကို ထောက် ပံ့တဲ့ ငွေကျပ်သိန်း ၅၀ ကျော်ကို ပြည်သူတွေထံမပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့တဲ့ မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြမြို့မရဲ့စခန်းမှာ ဖမ်းဆီးစစ် ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံဘဲ့လေးေ ကျးရွာ အုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထော င်ကို ၂သောင်း ကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်မောင် ဝင်းက ပြည်သူကို မပေးဘဲ ကိုယ် ကျိုးအ တွက် သုံးစွဲခဲ့ကြောင်း စစ်‌ဆေးပေါ်ပေါက်ခဲ့လို့ မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။

မြောင်းမြမြို့မ ရဲစခန်းက တာဝန်ရှိသူက “ဦးတင်မော င်ဝင်းကို စစ်ဆေးတဲ့အခါမှာ ငွေ ၃ သောင်းပဲ သူ့မှာကျန်တော့တယ်၊ ၄၉ သိန်းကို ဓာတ်မြေဩဇာဖိုး ပေးချေတယ်၊ ၅ သိန်း ၃ သောင်းကို သုံးစွဲတယ် လို့ ပေါ်ပေါက်ခဲ့တယ်။ ပြည်သူတွေကိုထောက် ပံ့ငွေ မပေးဘဲ

ကိုယ်ကျိုးသုံးခဲ့လို့ မြောင်းမြမြို့မရဲစခန်းမှာ ကံဘဲ့ေ လးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကို ဖမ်းဆီးစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေပါတယ်။

မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို တအိမ်ထောင် ငွေကျပ် ၂ သောင်းကျပ်နှုန်းနဲ့

အိမ်ထောင်စုပေါင်း ၂၉၃၅၁ စုအတွက်နိုင် ငံတော်က ဒုတိယ အကြိမ်ထောက်ပံ့ငွေ စု စုပေါင်း ၅၈၇,၀၂၀,၀၀၀ ကျပ်ကိုထောက် ပံ့ပေးအပ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း နိုင်ငံတော်မှပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက် ပံ့တဲ့ ငွေတွေကို ပြည်သူတွေမပေးဘဲ အလွဲ သုံးစားပြုလုပ်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့မှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Credit : မင်းထက်မုန်း (ပုသိမ်)

နိုင္ငံေ တာ္က ပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ေထာင္ စုေတြကို ေထာက္ ပံ့တဲ့ ေငြက်ပ္သိန္း ၅၀ ေက်ာ္ကို ျပည္သူေတြထံမေပးဘဲ အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ေျမာင္းျမၿမိဳ႕နယ္၊ ကံဘဲ့ေလး‌ ေက်း ႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို ေျမာင္းျမၿမိဳ႕မရဲ႕စခန္းမွာ ဖမ္းဆီးစစ္ ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကံဘဲ့ေလးေ က်း႐ြာ အုပ္စုရွိ အိမ္ေထာင္စု ၂၇၃ စုအတြက္ တအိမ္ေထာ င္ကို ၂ေသာင္း က်ပ္စီနဲ႕ နိုင္ငံေတာ္က ေထာက္ပံ့ေငြ ၅၄ သိန္း ၆ ေသာင္းက်ပ္ကို

ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးဦးတင္ေမာင္ ဝင္းက ျပည္သူကို မေပးဘဲ ကိုယ္ က်ိဳးအ တြက္ သုံးစြဲခဲ့ေၾကာင္း စစ္‌ေဆးေပၚေပါက္ခဲ့လို႔ ေျမာင္းျမၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႈးဦးမ်ိဳးခိုင္က တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာပါ။

ေျမာင္းျမၿမိဳ႕မ ရဲစခန္းက တာဝန္ရွိသူက “ဦးတင္ေမာ င္ဝင္းကို စစ္ေဆးတဲ့အခါမွာ ေငြ ၃ ေသာင္းပဲ သူ႕မွာက်န္ေတာ့တယ္၊ ၄၉ သိန္းကို ဓာတ္ေျမဩဇာဖိုး ေပးေခ်တယ္၊ ၅ သိန္း ၃ ေသာင္းကို သုံးစြဲတယ္ လို႔ ေပၚေပါက္ခဲ့တယ္။ ျပည္သူေတြကိုေထာက္ ပံ့ေငြ မေပးဘဲ

ကိုယ္က်ိဳးသုံးခဲ့လို႔ ေျမာင္းျမၿမိဳ႕မရဲစခန္းမွာ ကံဘဲ့ေ လးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းကို ဖမ္းဆီးစစ္ေဆးေနပါတယ္”လို႔ ေျပာပါတယ္။

ကံဘဲ့ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈး ဦးတင္ေမာင္ဝင္းကို ေျမာင္းၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ နဲ႕ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနပါတယ္။

ေျမာင္းျမၿမိဳ႕နယ္အတြင္း ေက်း႐ြာအုပ္စုေပါင္း ၁၁၄ အုပ္စုရွိၿပီး ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို တအိမ္ေထာင္ ေငြက်ပ္ ၂ ေသာင္းက်ပ္ႏႈန္းနဲ႕

အိမ္ေထာင္စုေပါင္း ၂၉၃၅၁ စုအတြက္နိုင္ ငံေတာ္က ဒုတိယ အႀကိမ္ေထာက္ပံ့ေငြ စု စုေပါင္း ၅၈၇,၀၂၀,၀၀၀ က်ပ္ကိုေထာက္ ပံ့ေပးအပ္ခဲ့တာလို႔ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။

ဧရာဝတီတိုင္းအတြင္း နိုင္ငံေတာ္မွပုံမွန္ဝင္ေငြ မရွိတဲ့ အိမ္ေထာင္စုေတြကို ေထာက္ ပံ့တဲ့ ေငြေတြကို ျပည္သူေတြမေပးဘဲ အလြဲ သုံးစားျပဳလုပ္မႈနဲ႕ ဖမ္းဆီးအေရးယူခဲ့မႈမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

Credit : မင္းထက္မုန္း (ပုသိမ္)

Add a Comment

Your email address will not be published. Required fields are marked *