ကိုဗစ် လူနာတစ်ဦး ရဲ့ ကုန်ကျစရိတ် (၁၅) သိန်းကနေ သိန်း(၅၀) အတွင်းရှိ ဟု အတိုင်ပင်ခံပြော
|လူနာ ရဲ့ ရောဂါပြင်းထန်မှုေ ပါ်မူတည်ပြီး ကုန်ကျစ ရိတ်ကွာခြားပါ တယ်။
ကိုဗစ်ကူး စက် ခံလူနာတစ်ဦးရဲ့ ကုန်ကျစရိတ်က ရောဂါလက္ခဏာပေါ် မူတည်ပြီး တစ်ဦးကို အနည်းဆုံး (၁၅)သိန်းနဲ့ အများဆုံးသိန်း (၅၀)အကြားမှာရှိတယ်လို့ နိုင်ငံတော်အ တိုင်ပ င်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ် -၁၉ ရောဂါဖြစ်ပွါးမှု နောက်ဆုံးရအခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ရောဂါမပြင်းထန်တဲ့လူနာနဲ့ ပြင်းထန်တဲ့လူနာေ တွအပေါ်မူ တည်ပြီး ကုန်ကျစရိတ်တွေရှိနေတာလည်းဖြစ်ပါတယ်။
“ တစ်ယောက်က ကိုဗစ်ရောဂါပိုး ဝင်သွားပြီ အဲ့ဒီဟာကို ကုသပေးရတယ်ဆိုရင် ရောဂါမပြင်းထန်ရင်တောင်မှ တစ်ယောက်အတွက်ကုန်ကျစရိတ်က (၁၅)သိန်းနဲ့ သိန်း (၂၀)ကြားဖြစ်ပါတယ်။အဲဒါတိုက်ရိုက် ကုန်ကျစရိတ်လည်းပါတယ်။ သွယ်ဝိုက်တဲ့ကုန်ကျစရိတ်လည်းပါတယ်။ ဒါတစ်ယောက်ကိုပါ။ ပြင်းထန်တဲ့အဆင့်ရောက်သွားပြီဆိုရင် တစ်ယောက်အတွက်က (၂၅)သိန်းနဲ့ သိန်း (၅၀)ကြား အကုန်အကျခံရပါတယ်။”လို့ အတိုင်ပင်ခံကပြောခဲ့တာပါ။
ရောဂါမပြင်း ထန်တဲ့လူနာ တစ်ယောက်အတွက်အ သုံးပြုရတဲ့ကုန် ကျစရိတ်က ကာကွယ်ဆေးရခဲ့ရင်လူ ၃၀၀ ကိုထိုးပေး နိုင်တဲ့ပမာဏနဲ့ညီမျှတယ်လို့လည်း အတိုင်ပင်ခံက နှိုင်းယှဉ်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရောဂါပိုးကူးစက် ခံထားရသူဦးရေ ကိုးသော င်းကျော်တစ် သိန်းနီးပါးကို အစိုးရက တာဝန်ယူကုသပေးနေတာပါ။
ဒါ့အပြင် ကိုဗစ်လူ နာတွေအတွ က်ကုန်ကျ စရိတ်သာမကဘဲ ကွာရန်တင်းဝင်ယောက်ေ နသူတွေကိုလည်း အစိုးရစရိ တ်နဲ့ထောက်ပံ့ပေးနေတာဖြစ်ပြီး တစ်ဦးကို ကုန်ကျစရိတ် ခြောက်သိန်း နီးပါးရှိတ ယ်လို့ အတိုင်ပင်ခံကပြောပါတယ်။
ကိုဗစ်အ လွန်စီးပွားေ ရးပြန်လည်ထူေ ထာင်ရန်အတွက်လည်း ငွေကြေးကုန်ကျ မှုတွေရှိဦးမှာဖြ စ်တာကြောင့်ကုသရေး အတွက်သုံးတဲ့ငွေတွေကို စီးပွားရေး ထူထောင်ရာ မှာသုံးစွဲနိုင်မယ် ဆိုရင် ပိုကောင်းမှာဖြစ်လို့ ရောဂါမဖြစ် ပွားအော င်စည်းမျ ဉ်းတွေကို ဂရုစိုက်နေထိုင်ကြဖို့လည်း အတိုင်ပင်ခံက တိုက်တွန်းခဲ့ပါတယ်။
Credit;duwun
လူနာ ရဲ့ ရောဂါပြင်းထန်မှုေ ပ်ါမူတည်ပြီး ကုန်ကျစ ရိတ်ကွာခြားပါ တယ်။
Credit;duwun