ကမ္ဘာကျော် ကိုကာကိုလာ ကုမ္ပဏီ စီအီးအို ၏ ၃၀ စက္ကန့်သာ ကြာသော နာမည်ကျော် မိန့်ခွန်း
ဘဝ ဆိုတာကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခု လို့ ယူဆလိုက်ပါ။ ယင်းဘောလုံး (၅)ခုကတော့ …..
၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၄။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။
အလုပ် ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။ ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။
လွတ်ချ လိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။
သင်ဒါတွေကိုနားလည်းထား ရပါမယ်။
အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။ ကျန်တဲ့အချိန်တွေကို မိသားစု၊ မိတ်ဆွေ၊ ကျန်းမာရေး နဲ့ သင့်တင့်မျှတတဲ့ အနားယူအပန်းဖြေမှုမျိုးများအတွက် အချိန်ပေးပါ။
တန်ဖိုး သိမှ တန်ဖိုးဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။
Credit to original
၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
Credit to original
Add a Comment
Your email address will not be published. Required fields are marked *