ကပ္ေရာဂါေၾကာင့္ လူစု လူေဝးႏွင့္ က်င္းပေသာ ခရ စၥမတ္ႏွင့္ ႏွစ္သစ္ကူး ပြဲေတာ္မ်ား ခြင့္မျပဳေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာ

နှစ်စဉ် လူစု လူဝေးဖြင့် ကျင်းပေ နသော ခရစ္စမတ်နှင့် နှစ် သစ်ကူးပွဲတော်များကို ယခုနှစ် တွင် ခွင့်ပြုမည်မဟုတ်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအ မျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောသည် နိုဝင်ဘာ ၂၀ ရက် က ပြည် သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ် လျဉ်းသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခု ခရစ္စမတ် နီးလာပြီ။ ခရစ္စမတ်ပြီးတဲ့အခါ နှစ်သစ်ကူး က လာပါတော့မယ်။ ခရစ္စမတ် ကာလမှာဆိုရင် အထူးသဖြင့် မြို့ကြီးတွေဆိုတာ ရန်ကုန်မြို့တို့၊ မန္တလေးမြို့တို့ ကိုဗစ်လည်း မြန် မြန် ပြန့်ပွားနေတဲ့နေရာတွေ လည်း ဖြစ်တယ်။ လူဦးရေလည်း များတဲ့နေရာတွေလည်း ဖြစ် တယ်။ ဒီမြို့ကြီးတွေဟာဆိုရင် နှစ်တိုင်းလိုလို ခရစ္စမတ် ပွဲတော် ကို ကြီးကြီးကျယ်ကျယ် လူစုလူ ဝေးနဲ့ကျင်းပလေ့ရှိပါတယ်။ဒီဟာ တွေ ဒီနှစ်ခွင့်မပြုထားပါဘူး။ ဒါ ပေမဲ့ ခွင့်မပြုလို့လည်း ပြည်သူ တွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေကို ကျွန်မတို့ နားလည်သောအားဖြင့် တတ်နိုင်သမျှ ရုပ်မြင်သံကြားက တစ်ဆင့် ပြည်သူတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေလုပ်ဖို့ ကြိုးစားနေပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

ထို့အပြင် လာမည့်နှစ်ပတ် အတွင်း ရောဂါဖြစ်ပွားမှုအနည်း ငယ် ပိုမိုမြင့်မားလာနိုင်သောအ ခြေအနေရှိသည်ဟု COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအ မျိုးသားအဆင့် ဗဟိုေ ကာ်မတီ ဥက္ကဋ္ဌက သတိပေးသည်။‘‘အခု ဆောင်းလေလေးက လည်း ဝင်လာနေပြီဆိုတော့ ကျွန်မတို့ပြည်သူလူထုတွေ ပိုပြီး ကျန်းမာရေးဂ ရုစိုက်ကြမယ်လို့ မျှော်လ င့်ပါတယ်။ ကျွန်မတို့ခန့် မှန်းတဲ့အတိုင်းပဲပေါ့။ COVID- 19 ရောဂါ ပြန်ပြီးတော့ပြန့်ပွား မှုဟာ များလာပါတယ်။ ဒါကို တွက်လိုက်မယ်ဆိုရင် ရွေး ကောက်ပွဲအပြီး ကာလနဲ့ဆိုရင် တစ်ပတ်၊ ၁၀ ရက်ဆိုတာ ဒါစ နေတဲ့သဘောပါပဲ။ နောက်နှစ် ပတ်လောက်၊ တစ်ပတ်လောက် ဆိုရင် နည်းနည်းပိုပြီးတော့ မြင့် လာနိုင်တဲ့ အခြေအနေ ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

ရောဂါပြန့်ပွားမှု မြင့်တက် လာနိုင်ခြင်းအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်ထားပြီး ပြည်သူများအနေ ဖြင့်လည်း ပြင်ဆင်ထားရန် ဒေါ် အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံသည်။ ‘‘နောက်တစ်ခုက အခုရော ဂါပြန့်ပွားမှုများလာတယ်ဆိုတာ ကြိုတင်ခန့်မှန်းပြီးသားဖြစ်တဲ့အ ပြင် တချို့ပြည်သူတွေ သိပ်စိုး ရိမ်နေမှာစိုးလို့ ကျွန်မပြောချင် တာက အခုအချိန် စစ်ဆေးနိုင်မှု နှုန်းကလည်း တက်လာလို့ ရောဂါ တွေ့နှုန်း တက်လာတာလည်းပါ ပါတယ်။ ဒါကြောင့် စိုးရိမ်မလွန် ပါနဲ့။ သတိဆိုတာတော့ အမြဲရှိရ မှာဖြစ်ပါတယ်’’ ဟု COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌက ရှင်းပြသည်။

ကိုဗစ်ရောဂါ လက္ခဏာရှိ သူများအနေဖြင့် ဆေးရုံများသို့ သွားရောက်ရန်လိုပြီး ထိုရောဂါ နှင့်ဆက်စပ်ကွယ်လွန်သူအများ စုမှာ ဆေးရုံတက်နောက်ကျရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ယခုကာလအတွင်းအတတ် နိုင်ဆုံးနေအိမ်တွင်သာ နေထိုင် ရေးနှင့် မဖြစ်မနေ အပြင်ထွက် ပါက မျက်နှာ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ တပ်ဆင်ရန် နိုဝင်ဘာ ၁၉ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ပန် ကြားချက်ကို လိုက်နာရန် ထပ်မံ အသိပေးသည်။နေအိမ်တွင်သာနေထိုင်ရန် သတ်မှတ်ထားသော မြို့နယ် ၇၃ ခု ရှိ ပြည်သူများအပြင် လက်ရှိ ရောဂါဖြစ်ပွားမှု များပြားလာ သော ဒေသများတွင်ပါ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပန်ကြားချက်ကို ဂရုတစိုက် ဆောင်ရွက်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က ထပ်လောင်းအ သိပေးသည်။

‘‘ရောဂါပြန့်ပွားမှု နှုန်းတွေ တက်နေတဲ့နေရာတွေမှာတော့ Stay at Home ကြေညာရပါလိမ့် မယ်။ ဒါက ထိန်းဖို့ပိုပြီးတော့ ပြန့် ပွားမှုမရှိအောင် ထိန်းဖို့ပေါ့။ လျော့ကျသွားတဲ့နေရာတွေမှာ တော့ကြည့်ပြီးတော့ ပြန်လည်ဖြေ လျှော့ပေးပါမယ်။ နောက် အခြေ အနေနည်းနည်းပိုပြီးတော့ သတိ ထားရမယ့် နေရာတွေမှာဆို ပိုပြီး တော့ တင်းကျပ်ရပါလိမ့်မယ်။လို တိုးပိုလျှော့ပေါ့။ ဒါကလည်း တစ် ချိန်လုံး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်တဲ့သက်ဆိုင်ရာ ဌာနတွေက လေ့လာပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု ဗဟို ကော်မတီဥက္ကဋ္ဌက ပြောသည်။

လာမည့် ရက်သတ္တပတ်က စ၍ ကိုဗစ်ရောဂါအကြောင်း သိ ကောင်းစရာ အမေးအဖြေအစီ အစဉ်အတွက်လည်း အပြောင်း အလဲ ပြုလုပ်မည်ဖြစ်ကာ အင်္ဂါ နေ့တွင် ကျန်းမာရေးအစီအစဉ်၊ ဗုဒ္ဓဟူးနေ့တွင် အွန်လိုင်းနှင့် နည်း ပညာအခြေပြုစီးပွားရေး၊ ပညာ ရေးနှင့်ပတ်သက်သည့်ပညာပေး အစီအစဉ်များ ပါဝင်လာမည်ဟု ဆိုသည်။အွန်လိုင်းနှင့် နည်းပညာအ ခြေပြု စီးပွားရေး၊ ပညာရေးနှင့် ပတ်သက်သည့် ပညာပေးအစီအ စဉ်များကို လက်တွေ့ အကောင် အထည်ဖော်ခြင်းအတွက် ကြာ သပတေးနေ့တွင် ပြသမည်ဖြစ် ကာ ပစ္စည်းများဝယ်ယူခြင်းရောင်း ချခြင်းအပြင် လုပ်ငန်းဆောင် ရွက်ပုံများပါရှိမည်ဖြစ်သည်။

‘‘တောင်သူလယ်သမားတစ် ယောက်က သူ့မှာရှိနေတဲ့ ရွှေဖရုံ သီးရောင်းနိုင်တယ်ဆိုတာ သိနိုင် အောင် အွန်လိုင်းကနေအသိပေး လိုက်ရင် ရွှေဖရုံသီးဝယ်ချင်တဲ့မြို့ က စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ အ သီးအနှံရောင်းတဲ့ ဆိုင်က ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း ဖြစ်အောင် လုပ်နိုင်တာကို ပြောတာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြ သည်။အလားတူ လုပ်ငန်းရှင်များမှ လိုအပ်နေသောဝန်ထမ်းများ ခေါ် ယူ နိုင်ရေးကိစ္စရပ်များအပါအဝင် စီးပွားရေး၏ အခြေခံသဘောတ ရားဖြစ်သောဝယ်လိုအား၊ရောင်း လိုအားကို ချိတ်ဆက်ပေးရန် ရည်ရွယ်ထားပြီး ပြည်သူများ အ နေဖြင့် စိတ်ဝင်စားရန် ၎င်းက နှိုး ဆော်သည်။

ကိုဗစ်ကာလအတွင်း စီးပွား ရေးတိုးတက်ရန် ဆောင်ရွက်ရာ၌ ပြည်ပစီမံကိန်းများကိုလည်း မကြာမီဝင်ရောက်စေရန် စီစဉ် ထားပြီး လှည်းကူးမြို့နယ်၌ အ ကောင်အထည်ဖော်မည့် ကိုရီး ယား-မြန်မာစက်မှုဇုန်နှင့် မြန်မာ -စင်ကာပူ စက်မှုဥယျာဉ်များကို လာမည့် ဒီဇင်ဘာလတွင် အုတ် မြစ်ချမည်ဟု အသိပေးသည်။ ဒဂုံမြို့သစ်ဘက်ရှိ မြို့သစ် စီမံကိန်းတစ်ခုဖြစ်သော Smart and Eco city ပရောဂျက်ကိုလည်း နည်းပညာ တိုးတက်မှုနှင့် ပြည့်ဝသောမြို့စီမံကိန်းတစ်ခုအဖြစ် စတင်အကောင်အထည်ဖော်ရန် စိုင်းပြင်းနေသည်ဟု မိန့်ခွန်းတွင် ပါရှိသည်။

ကိုဗစ်ကာကွယ်ဆေးထွက် ပေါ်လာပါက မြန်ဆန်စွာရရှိရန် အစီအစဉ်များလည်း ချမှတ်ထား ပြီး ကာကွယ်ဆေးသိုလှောင်၊ ဖြန့်ဖြူး၊ထိုးနှံပေးရန် စတင်လုပ် ဆောင်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

Credit;7day

ႏွစ္စဥ္ လူစု လူေဝးျဖင့္ က်င္းပေ နေသာ ခရစၥမတ္ႏွင့္ ႏွစ္ သစ္ကူးပြဲေတာ္မ်ားကို ယခုႏွစ္ တြင္ ခြင့္ျပဳမည္မဟုတ္ေၾကာင္း COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရးအ မ်ိဳးသားအဆင့္ ဗဟို ေကာ္မတီဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က ေျပာသည္ နိုဝင္ဘာ ၂၀ ရက္ က ျပည္ သူမ်ားသို႔ အစီရင္ခံတင္ျပေသာ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္စပ္ လ်ဥ္းသည့္ မိန႔္ခြန္းတြင္ ၎က အထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

‘‘အခု ခရစၥမတ္ နီးလာၿပီ။ ခရစၥမတ္ၿပီးတဲ့အခါ ႏွစ္သစ္ကူး က လာပါေတာ့မယ္။ ခရစၥမတ္ ကာလမွာဆိုရင္ အထူးသျဖင့္ ၿမိဳ႕ႀကီးေတြဆိုတာ ရန္ကုန္ၿမိဳ႕တို႔၊ မႏၲေလးၿမိဳ႕တို႔ ကိုဗစ္လည္း ျမန္ ျမန္ ျပန႔္ပြားေနတဲ့ေနရာေတြ လည္း ျဖစ္တယ္။ လူဦးေရလည္း မ်ားတဲ့ေနရာေတြလည္း ျဖစ္ တယ္။ ဒီၿမိဳ႕ႀကီးေတြဟာဆိုရင္ ႏွစ္တိုင္းလိုလို ခရစၥမတ္ ပြဲေတာ္ ကို ႀကီးႀကီးက်ယ္က်ယ္ လူစုလူ ေဝးနဲ႕က်င္းပေလ့ရွိပါတယ္။ဒီဟာ ေတြ ဒီႏွစ္ခြင့္မျပဳထားပါဘူး။ ဒါ ေပမဲ့ ခြင့္မျပဳလို႔လည္း ျပည္သူ ေတြရဲ႕ စိတ္က်ဥ္းက်ပ္မႈေတြကို ကြၽန္မတို႔ နားလည္ေသာအားျဖင့္ တတ္နိုင္သမွ် ႐ုပ္ျမင္သံၾကားက တစ္ဆင့္ ျပည္သူေတြအတြက္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလုပ္ဖို႔ ႀကိဳးစားေနပါတယ္’’ ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာ သည္။

ထို႔အျပင္ လာမည့္ႏွစ္ပတ္ အတြင္း ေရာဂါျဖစ္ပြားမႈအနည္း ငယ္ ပိုမိုျမင့္မားလာနိုင္ေသာအ ေျခအေနရွိသည္ဟု COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးအ မ်ိဳးသားအဆင့္ ဗဟိုေ ကာ္မတီ ဥကၠ႒က သတိေပးသည္။‘‘အခု ေဆာင္းေလေလးက လည္း ဝင္လာေနၿပီဆိုေတာ့ ကြၽန္မတို႔ျပည္သူလူထုေတြ ပိုၿပီး က်န္းမာေရးဂ ႐ုစိုက္ၾကမယ္လို႔ ေမွ်ာ္လ င့္ပါတယ္။ ကြၽန္မတို႔ခန႔္ မွန္းတဲ့အတိုင္းပဲေပါ့။ COVID- 19 ေရာဂါ ျပန္ၿပီးေတာ့ျပန႔္ပြား မႈဟာ မ်ားလာပါတယ္။ ဒါကို တြက္လိုက္မယ္ဆိုရင္ ေ႐ြး ေကာက္ပြဲအၿပီး ကာလနဲ႕ဆိုရင္ တစ္ပတ္၊ ၁၀ ရက္ဆိုတာ ဒါစ ေနတဲ့သေဘာပါပဲ။ ေနာက္ႏွစ္ ပတ္ေလာက္၊ တစ္ပတ္ေလာက္ ဆိုရင္ နည္းနည္းပိုၿပီးေတာ့ ျမင့္ လာနိုင္တဲ့ အေျခအေန ရွိပါတယ္’’ ဟု ၎က ေျပာသည္။

ေရာဂါျပန႔္ပြားမႈ ျမင့္တက္ လာနိုင္ျခင္းအတြက္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ျပင္ဆင္ထားၿပီး ျပည္သူမ်ားအေန ျဖင့္လည္း ျပင္ဆင္ထားရန္ ေဒၚ ေအာင္ဆန္းစုၾကည္က ေမတၱာ ရပ္ခံသည္။ ‘‘ေနာက္တစ္ခုက အခုေရာ ဂါျပန႔္ပြားမႈမ်ားလာတယ္ဆိုတာ ႀကိဳတင္ခန႔္မွန္းၿပီးသားျဖစ္တဲ့အ ျပင္ တခ်ိဳ႕ျပည္သူေတြ သိပ္စိုး ရိမ္ေနမွာစိုးလို႔ ကြၽန္မေျပာခ်င္ တာက အခုအခ်ိန္ စစ္ေဆးနိုင္မႈ ႏႈန္းကလည္း တက္လာလို႔ ေရာဂါ ေတြ႕ႏႈန္း တက္လာတာလည္းပါ ပါတယ္။ ဒါေၾကာင့္ စိုးရိမ္မလြန္ ပါနဲ႕။ သတိဆိုတာေတာ့ အၿမဲရွိရ မွာျဖစ္ပါတယ္’’ ဟု COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒က ရွင္းျပသည္။

ကိုဗစ္ေရာဂါ လကၡဏာရွိ သူမ်ားအေနျဖင့္ ေဆး႐ုံမ်ားသို႔ သြားေရာက္ရန္လိုၿပီး ထိုေရာဂါ ႏွင့္ဆက္စပ္ကြယ္လြန္သူအမ်ား စုမွာ ေဆး႐ုံတက္ေနာက္က်ရျခင္း ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာသည္။ယခုကာလအတြင္းအတတ္ နိုင္ဆုံးေနအိမ္တြင္သာ ေနထိုင္ ေရးႏွင့္ မျဖစ္မေန အျပင္ထြက္ ပါက မ်က္ႏွာ၊ ႏွာေခါင္းစည္းႏွင့္ မ်က္ႏွာအကာမ်ား တပ္ဆင္ရန္ နိုဝင္ဘာ ၁၉ ရက္က က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ပန္ ၾကားခ်က္ကို လိုက္နာရန္ ထပ္မံ အသိေပးသည္။ေနအိမ္တြင္သာေနထိုင္ရန္ သတ္မွတ္ထားေသာ ၿမိဳ႕နယ္ ၇၃ ခု ရွိ ျပည္သူမ်ားအျပင္ လက္ရွိ ေရာဂါျဖစ္ပြားမႈ မ်ားျပားလာ ေသာ ေဒသမ်ားတြင္ပါ က်န္းမာ ေရးႏွင့္ အားကစားဝန္ႀကီးဌာန ပန္ၾကားခ်က္ကို ဂ႐ုတစိုက္ ေဆာင္႐ြက္ေပးရန္ ေဒၚေအာင္ ဆန္းစုၾကည္က ထပ္ေလာင္းအ သိေပးသည္။

‘‘ေရာဂါျပန႔္ပြားမႈ ႏႈန္းေတြ တက္ေနတဲ့ေနရာေတြမွာေတာ့ Stay at Home ေၾကညာရပါလိမ့္ မယ္။ ဒါက ထိန္းဖို႔ပိုၿပီးေတာ့ ျပန႔္ ပြားမႈမရွိေအာင္ ထိန္းဖို႔ေပါ့။ ေလ်ာ့က်သြားတဲ့ေနရာေတြမွာ ေတာ့ၾကည့္ၿပီးေတာ့ ျပန္လည္ေျဖ ေလွ်ာ့ေပးပါမယ္။ ေနာက္ အေျခ အေနနည္းနည္းပိုၿပီးေတာ့ သတိ ထားရမယ့္ ေနရာေတြမွာဆို ပိုၿပီး ေတာ့ တင္းက်ပ္ရပါလိမ့္မယ္။လို တိုးပိုေလွ်ာ့ေပါ့။ ဒါကလည္း တစ္ ခ်ိန္လုံး က်န္းမာေရးဝန္ႀကီးဌာနနဲ႕ က်န္တဲ့သက္ဆိုင္ရာ ဌာနေတြက ေလ့လာၿပီးေတာ့ ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္’’ ဟု ဗဟို ေကာ္မတီဥကၠ႒က ေျပာသည္။

လာမည့္ ရက္သတၱပတ္က စ၍ ကိုဗစ္ေရာဂါအေၾကာင္း သိ ေကာင္းစရာ အေမးအေျဖအစီ အစဥ္အတြက္လည္း အေျပာင္း အလဲ ျပဳလုပ္မည္ျဖစ္ကာ အဂၤါ ေန႕တြင္ က်န္းမာေရးအစီအစဥ္၊ ဗုဒၶဟူးေန႕တြင္ အြန္လိုင္းႏွင့္ နည္း ပညာအေျချပဳစီးပြားေရး၊ ပညာ ေရးႏွင့္ပတ္သက္သည့္ပညာေပး အစီအစဥ္မ်ား ပါဝင္လာမည္ဟု ဆိုသည္။အြန္လိုင္းႏွင့္ နည္းပညာအ ေျချပဳ စီးပြားေရး၊ ပညာေရးႏွင့္ ပတ္သက္သည့္ ပညာေပးအစီအ စဥ္မ်ားကို လက္ေတြ႕ အေကာင္ အထည္ေဖာ္ျခင္းအတြက္ ၾကာ သပေတးေန႕တြင္ ျပသမည္ျဖစ္ ကာ ပစၥည္းမ်ားဝယ္ယူျခင္းေရာင္း ခ်ျခင္းအျပင္ လုပ္ငန္းေဆာင္ ႐ြက္ပုံမ်ားပါရွိမည္ျဖစ္သည္။

‘‘ေတာင္သူလယ္သမားတစ္ ေယာက္က သူ႕မွာရွိေနတဲ့ ေ႐ႊဖ႐ုံ သီးေရာင္းနိုင္တယ္ဆိုတာ သိနိုင္ ေအာင္ အြန္လိုင္းကေနအသိေပး လိုက္ရင္ ေ႐ႊဖ႐ုံသီးဝယ္ခ်င္တဲ့ၿမိဳ႕ က စားေသာက္ဆိုင္ပဲျဖစ္ျဖစ္၊ အ သီးအႏွံေရာင္းတဲ့ ဆိုင္က ျဖစ္ျဖစ္ စီးပြားေရးလုပ္ငန္း ျဖစ္ေအာင္ လုပ္နိုင္တာကို ေျပာတာပါ’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ရွင္းျပ သည္။အလားတူ လုပ္ငန္းရွင္မ်ားမွ လိုအပ္ေနေသာဝန္ထမ္းမ်ား ေခၚ ယူ နိုင္ေရးကိစၥရပ္မ်ားအပါအဝင္ စီးပြားေရး၏ အေျခခံသေဘာတ ရားျဖစ္ေသာဝယ္လိုအား၊ေရာင္း လိုအားကို ခ်ိတ္ဆက္ေပးရန္ ရည္႐ြယ္ထားၿပီး ျပည္သူမ်ား အ ေနျဖင့္ စိတ္ဝင္စားရန္ ၎က ႏွိုး ေဆာ္သည္။

ကိုဗစ္ကာလအတြင္း စီးပြား ေရးတိုးတက္ရန္ ေဆာင္႐ြက္ရာ၌ ျပည္ပစီမံကိန္းမ်ားကိုလည္း မၾကာမီဝင္ေရာက္ေစရန္ စီစဥ္ ထားၿပီး လွည္းကူးၿမိဳ႕နယ္၌ အ ေကာင္အထည္ေဖာ္မည့္ ကိုရီး ယား-ျမန္မာစက္မႈဇုန္ႏွင့္ ျမန္မာ -စင္ကာပူ စက္မႈဥယ်ာဥ္မ်ားကို လာမည့္ ဒီဇင္ဘာလတြင္ အုတ္ ျမစ္ခ်မည္ဟု အသိေပးသည္။ ဒဂုံၿမိဳ႕သစ္ဘက္ရွိ ၿမိဳ႕သစ္ စီမံကိန္းတစ္ခုျဖစ္ေသာ Smart and Eco city ပေရာဂ်က္ကိုလည္း နည္းပညာ တိုးတက္မႈႏွင့္ ျပည့္ဝေသာၿမိဳ႕စီမံကိန္းတစ္ခုအျဖစ္ စတင္အေကာင္အထည္ေဖာ္ရန္ စိုင္းျပင္းေနသည္ဟု မိန႔္ခြန္းတြင္ ပါရွိသည္။

ကိုဗစ္ကာကြယ္ေဆးထြက္ ေပၚလာပါက ျမန္ဆန္စြာရရွိရန္ အစီအစဥ္မ်ားလည္း ခ်မွတ္ထား ၿပီး ကာကြယ္ေဆးသိုေလွာင္၊ ျဖန႔္ျဖဴး၊ထိုးႏွံေပးရန္ စတင္လုပ္ ေဆာင္ေနသည္ဟု နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ဆိုသည္။

Credit;7day

Add a Comment

Your email address will not be published. Required fields are marked *